သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အထက္တန္းေက်ာင္းေတြအားလုံး ျပန္ဖြင့္ႏုိင္ဖုိ႔ ပညာေရး၀န္ႀကီးဌာနျပင္ဆင္


ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါေၾကာင့္ အခုအခ်ိန္အထိ ျပန္မဖြင့္ႏုိင္ေသးပဲ က်န္ေနေသးတဲ့ အထက္တန္းေက်ာင္းေတြကုိ ဒီသီတင္းပတ္ထဲ ျပန္ဖြင့္ႏိုင္ဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ ပုံမွန္ေက်ာင္းဖြင့္ရက္ေတြထက္ ၁ လေလာက္ ေနာက္က်ၿပီးမွ အေျခခံပညာ အထက္တန္း အဆင့္ေက်ာင္းေတြကို ျပန္ဖြင့္ႏိုင္ခဲ့သလုိ၊ မဖြင့္ႏုိင္ေသးတဲ့ ေက်ာင္းေပါင္း ၂,၀၀၀ ေက်ာ္ ေလာက္လည္း က်န္ေနပါေသးတယ္။

က်န္ေနေသးတဲ့ ေက်ာင္းေတြကုိေတာ့ က်န္းမာေရးအတြက္ သတ္မွတ္ခ်က္ေတြနဲ႔ ကုိက္ညီမႈ ရွိ-မရွိ စစ္ေဆးၿပီး ဒီတစ္ပတ္အတြင္း ဖြင့္ႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္း အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

“က်န္တဲ့ေက်ာင္းေတြကို ဒီတစ္ပတ္ထဲမွာ ဖြင့္ဖို႔ ဆိုၿပီးေတာ့မွ ဆရာတို႔က ကိုဗစ္ ဗဟိုေကာ္မတီကို တင္ျပထားပါတယ္။ ကိုဗစ္ဗဟိုေကာ္မတီကလည္းပဲ ဒီတစ္ပတ္ထဲမွာပဲ ခြင့္ျပဳမလားေတာ့ မသိေသးဘူးေပါ့ေနာ္။”

တစ္ႏိုင္ငံလုံးက အထက္တန္းေက်ာင္းေတြအားလုံး ျပန္ဖြင့္ႏိုင္ဖို႔ ၾကန္႔ၾကာေနရတဲ့ အေၾကာင္းရင္းကုိလည္း ေဒါက္တာတင္ေမာင္ဝင္းက အခုလိုေျပာပါတယ္။

“အမွန္ကေတာ့ ဒီေက်ာင္းေတြကို အခ်က္ ၈၀ ပါ Check Lists ေတြနဲ႔စစ္တာက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဦးေဆာင္ၿပီးေတာ့ စစ္တယ္။ စစ္ၿပီးေတာ့ သူတို႔အဲ့တာေတြကို သူတို႔ရဲ႕ က်န္းမာေရးဝန္ႀကီးဌာနကို ပို႔တယ္။ သူတိုစစ္တဲ့ဟာကို က်န္းမာေရးဝန္ႀကီးဌာနကို တင္တဲ့အခါမွာ က်န္းမာေရးဝန္ႀကီးဌာနက အဲ့ဒါကို ျပန္ၿပီးေတာ့ စစ္တယ္။ ဆိုေတာ့ ေအာက္က စစ္တာကိုမယုံလို႔လားေတာ့မသိဘူး။ တကယ္တမ္းက ၿပီးခဲ့တဲ့လ ၁၇ ရက္ကတည္းက ဒီေန႔ဆို တစ္လေတာင္ျပည့္ေနပါၿပီ။ ၿပီးခဲ့တဲ့လ စစစ္ကတည္းက အဲ့ဒီ ၂ ရက္ ၃ ရက္အတြင္းမွာ ေက်ာင္းေပါင္း ၆,၀၀၀ ေလာက္က A ရတယ္။ ဒါေပမယ့္လို႔ အဲ့လိုေတြနဲ႔ အခ်ိန္ေတြၾကာေနတာေပါ့ေနာ္။ ေအာက္က ေက်ာင္းေတြက A ရတယ္ဆိုတာ သိေပမယ့္လို႔ တရားဝင္ဖြင့္လွစ္ခြင့္မရေသးတဲ့အခါက်ေတာ့ ေက်ာင္းသူ ေက်ာင္းသားေတြက ဒီလာမယ့္ ေသာၾကာေန႔ ၂၁ ရက္ေန႔ဆိုလို႔ရွိရင္ သူမ်ားေက်ာင္းထက္စာရင္ တစ္လတိတိေနာက္က်သြားတာေပါ့။ ဒါေၾကာင့္မို႔ အဲ့လို မညီမွ်မႈေတြ မျဖစ္ေအာင္ဆိုၿပီးေတာ့ ဆရာတို႔ကလည္း ပညာေရးဝန္ႀကီးဌာနဘက္ကလည္း ကိုဗစ္ဗဟို ေကာ္မတီကို တင္ျပထားတာရွိပါတယ္။”

အထက္တန္းေက်ာင္း စုစုေပါင္း ၇,၁၇၀ ေက်ာ္ရွိတဲ့ထဲက ေက်ာင္းေပါင္း ၇,၁၁၀ ေက်ာ္ကို စစ္ေဆးထားၿပီးျဖစ္ပါတယ္။ အဲ့ဒီထဲက ေက်ာင္းေပါင္း ၆,၉၀၀ ေက်ာ္က က်န္းမာေရးအဆင့္သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့ ေက်ာင္းေတြျဖစ္ေပမယ့္ လက္ရွိမွာ ၄,၆၀၀ ေက်ာ္ကိုသာ ဖြင့္ခြင့္ေပးထားၿပီးေတာ့ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီေပးမဲ့ ဖြင့္ခြင့္မရေသးတဲ့ ေက်ာင္းက ၂,၅၀၀ နီးပါးက်န္ေနပါေသးတယ္။ အဆင့္သတ္မွတ္ခ်က္နဲ႔ မကိုက္ညီတဲ့ေက်ာင္းက ၁၁၀ ေက်ာ္ရွိပါတယ္။

အလယ္အတန္းအဆင့္ေက်ာင္းေတြကို အထက္တန္းေက်ာင္းေတြအားလုံး ျပန္ဖြင့္ႏိုင္ၿပီး သုံးပတ္အၾကာမွာမွ ျပန္ဖြင့္မွာျဖစ္ၿပီး အထက္တန္းေက်ာင္း အေရအတြက္ထက္ပိုမ်ားတာေၾကာင့္ ၾကန္႔ၾကာမႈေတြ ရွိႏုိင္တယ္လုိ႔လည္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ဒီအထက္တန္းေတာင္ ဒီေလာက္ၾကာေနၿပီဆိုရင္ ဒီအထက္တန္း ၇,၀၀၀ ေက်ာ္ကို ဒီေန႔ဆို တစ္လ ျပည့္ၿပီ ခုခ်ိန္ထိ အျပည့္အဝမဖြင့္ႏိုင္ေသးဘူးဆိုေတာ့ ဒီထက္ပိုၿပီး ၁၅,၀၀၀ ေလာက္ရွိတဲ့ အလယ္ တန္းေက်ာင္းေတြကို ဘယ္လို သြားလုပ္မလဲ ၂၀,၀၀၀ ေက်ာ္ေက်ာ္ေလာက္ရွိတဲ့ မူလတန္းေက်ာင္း ေတြကို ဘယ္လိုလုပ္မလဲဆိုတာကို အရမ္းစိတ္လဲပူတယ္။ တစ္ဘက္ကလည္း ေရာဂါကို မေလးမစား မသိက်ိဳးကြၽံ႕ျပဳတာ မဟုတ္ဘူး။ ဒါကိုလည္း ဆရာတို႔ သေဘာေပါက္တယ္။”

ပဋိပကၡေဒသေတြမွာ ရွိေနတဲ့ ေက်ာင္းေတြနဲ႔ လမ္းပန္းဆက္သြယ္ေရးခက္ခဲတဲ့ ေနရာက ေက်ာင္းေပါင္း ၄၅ ေက်ာင္းေလာက္ကိုေတာ့ က်န္းမာေရးသတ္မွတ္ခ်က္နဲ႔ ကုိက္ညီမႈ ရွိ-မရွိ မစစ္ေဆးရေသးဘူးလို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ ကပ္ေရာဂါကာလျဖစ္ေပမယ့္ ေက်ာင္းသားေတြရဲ႕ သင္ယူမႈ အခြင့္အလမ္း မဆုံးရႈံးဖို႔အတြက္ အဘက္ဘက္က ႀကိဳးစားေဆာင္႐ြက္ေနၾကတာေၾကာင့္ မိဘေတြအေနနဲ႔လည္း ကပ္ေရာဂါကို ကာကြယ္ၿပီး ပညာသင္ယူခြင့္မဆုံးရႈံးေအာင္ ပူးေပါင္းေဆာင္႐ြက္ေပးၾကဖို႔ကို အေျခခံပညာဦးစီးဌာနက တိုက္တြန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနပြင်ဆင်

ကိုဗစ်ကပ်ရောဂါကြောင့် အခုအချိန်အထိ ပြန်မဖွင့်နိုင်သေးပဲ ကျန်နေသေးတဲ့ အထက်တန်းကျောင်းတွေကို ဒီသီတင်းပတ်ထဲ ပြန်ဖွင့်နိုင်ဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ရက်တွေထက် ၁ လလောက် နောက်ကျပြီးမှ အခြေခံပညာ အထက်တန်း အဆင့်ကျောင်းတွေကို ပြန်ဖွင့်နိုင်ခဲ့သလို၊ မဖွင့်နိုင်သေးတဲ့ ကျောင်းပေါင်း ၂,၀၀၀ ကျော် လောက်လည်း ကျန်နေပါသေးတယ်။

ကျန်နေသေးတဲ့ ကျောင်းတွေကိုတော့ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ-မရှိ စစ်ဆေးပြီး ဒီတစ်ပတ်အတွင်း ဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

“ကျန်တဲ့ကျောင်းတွေကို ဒီတစ်ပတ်ထဲမှာ ဖွင့်ဖို့ ဆိုပြီးတော့မှ ဆရာတို့က ကိုဗစ် ဗဟိုကော်မတီကို တင်ပြထားပါတယ်။ ကိုဗစ်ဗဟိုကော်မတီကလည်းပဲ ဒီတစ်ပတ်ထဲမှာပဲ ခွင့်ပြုမလားတော့ မသိသေးဘူးပေါ့နော်။”

တစ်နိုင်ငံလုံးက အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ဖို့ ကြန့်ကြာနေရတဲ့ အကြောင်းရင်းကိုလည်း ဒေါက်တာတင်မောင်ဝင်းက အခုလိုပြောပါတယ်။

“အမှန်ကတော့ ဒီကျောင်းတွေကို အချက် ၈၀ ပါ Check Lists တွေနဲ့စစ်တာက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ စစ်တယ်။ စစ်ပြီးတော့ သူတို့အဲ့တာတွေကို သူတို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကို ပို့တယ်။ သူတိုစစ်တဲ့ဟာကို ကျန်းမာရေးဝန်ကြီးဌာနကို တင်တဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနက အဲ့ဒါကို ပြန်ပြီးတော့ စစ်တယ်။ ဆိုတော့ အောက်က စစ်တာကိုမယုံလို့လားတော့မသိဘူး။ တကယ်တမ်းက ပြီးခဲ့တဲ့လ ၁၇ ရက်ကတည်းက ဒီနေ့ဆို တစ်လတောင်ပြည့်နေပါပြီ။ ပြီးခဲ့တဲ့လ စစစ်ကတည်းက အဲ့ဒီ ၂ ရက် ၃ ရက်အတွင်းမှာ ကျောင်းပေါင်း ၆,၀၀၀ လောက်က A ရတယ်။ ဒါပေမယ့်လို့ အဲ့လိုတွေနဲ့ အချိန်တွေကြာနေတာပေါ့နော်။ အောက်က ကျောင်းတွေက A ရတယ်ဆိုတာ သိပေမယ့်လို့ တရားဝင်ဖွင့်လှစ်ခွင့်မရသေးတဲ့အခါကျတော့ ကျောင်းသူ ကျောင်းသားတွေက ဒီလာမယ့် သောကြာနေ့ ၂၁ ရက်နေ့ဆိုလို့ရှိရင် သူများကျောင်းထက်စာရင် တစ်လတိတိနောက်ကျသွားတာပေါ့။ ဒါကြောင့်မို့ အဲ့လို မညီမျှမှုတွေ မဖြစ်အောင်ဆိုပြီးတော့ ဆရာတို့ကလည်း ပညာရေးဝန်ကြီးဌာနဘက်ကလည်း ကိုဗစ်ဗဟို ကော်မတီကို တင်ပြထားတာရှိပါတယ်။”

အထက်တန်းကျောင်း စုစုပေါင်း ၇,၁၇၀ ကျော်ရှိတဲ့ထဲက ကျောင်းပေါင်း ၇,၁၁၀ ကျော်ကို စစ်ဆေးထားပြီးဖြစ်ပါတယ်။ အဲ့ဒီထဲက ကျောင်းပေါင်း ၆,၉၀၀ ကျော်က ကျန်းမာရေးအဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းတွေဖြစ်ပေမယ့် လက်ရှိမှာ ၄,၆၀၀ ကျော်ကိုသာ ဖွင့်ခွင့်ပေးထားပြီးတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီပေးမဲ့ ဖွင့်ခွင့်မရသေးတဲ့ ကျောင်းက ၂,၅၀၀ နီးပါးကျန်နေပါသေးတယ်။ အဆင့်သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ကျောင်းက ၁၁၀ ကျော်ရှိပါတယ်။

အလယ်အတန်းအဆင့်ကျောင်းတွေကို အထက်တန်းကျောင်းတွေအားလုံး ပြန်ဖွင့်နိုင်ပြီး သုံးပတ်အကြာမှာမှ ပြန်ဖွင့်မှာဖြစ်ပြီး အထက်တန်းကျောင်း အရေအတွက်ထက်ပိုများတာကြောင့် ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ဒီအထက်တန်းတောင် ဒီလောက်ကြာနေပြီဆိုရင် ဒီအထက်တန်း ၇,၀၀၀ ကျော်ကို ဒီနေ့ဆို တစ်လ ပြည့်ပြီ ခုချိန်ထိ အပြည့်အဝမဖွင့်နိုင်သေးဘူးဆိုတော့ ဒီထက်ပိုပြီး ၁၅,၀၀၀ လောက်ရှိတဲ့ အလယ် တန်းကျောင်းတွေကို ဘယ်လို သွားလုပ်မလဲ ၂၀,၀၀၀ ကျော်ကျော်လောက်ရှိတဲ့ မူလတန်းကျောင်း တွေကို ဘယ်လိုလုပ်မလဲဆိုတာကို အရမ်းစိတ်လဲပူတယ်။ တစ်ဘက်ကလည်း ရောဂါကို မလေးမစား မသိကျိုးကျွံ့ပြုတာ မဟုတ်ဘူး။ ဒါကိုလည်း ဆရာတို့ သဘောပေါက်တယ်။”

ပဋိပက္ခဒေသတွေမှာ ရှိနေတဲ့ ကျောင်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာက ကျောင်းပေါင်း ၄၅ ကျောင်းလောက်ကိုတော့ ကျန်းမာရေးသတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ-မရှိ မစစ်ဆေးရသေးဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကပ်ရောဂါကာလဖြစ်ပေမယ့် ကျောင်းသားတွေရဲ့ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးဖို့အတွက် အဘက်ဘက်က ကြိုးစားဆောင်ရွက်နေကြတာကြောင့် မိဘတွေအနေနဲ့လည်း ကပ်ရောဂါကို ကာကွယ်ပြီး ပညာသင်ယူခွင့်မဆုံးရှုံးအောင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကို အခြေခံပညာဦးစီးဌာနက တိုက်တွန်းထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG