သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဟောင်း ဦးရဲထွဋ် တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှုနဲ့ ဖမ်းဆီးခံရ


ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို မဟုတ်မမှန်သတင်းတွေကို ရေးသားဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းတွေကို ရေးသားဖြန့်ဝေခဲ့တဲ့အတွက် ဦးရဲထွဋ်ကို ပုဒ်မ ၅၀၅-က၊ စစ်တပ်အပေါ် အကြည်ညိုပျက်စေမှုနဲ့ အောက်တိုဘာ ၂၈ ရက် စနေနေ့ညပိုင်းမှာ ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာဖေါ်ြပထားပါတယ်။

အငြိမ်းစား စစ်အရာရှိတဦးရဲ့ အိမ်လိပ်စာကို သူ့ရဲ့ လူမှုကွန်ရက် မှာ ထုတ်ဖော်ပြောဆိုတယ်လို့ စစ်ကောင်စီကိုထောက်ခံအားပေးတဲ့ Telegram လူမှုကွန်ရက်မှာ စွပ်စွဲဖော်ပြထားပြီး တပတ်အကြာမှာ ဦးရဲထွဋ်အခုလို ဖမ်းဆီးခံရတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး VOA က စစ်ကောင်စီပြောခွင့်ရထံ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ် ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးနဲ့ သမ္မတပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဦးရဲထွဋ် ကို စွဲချက်တင်ထားတဲ့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဟာ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပါတယ်။

XS
SM
MD
LG