သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါ အဓိကရုဏ်း ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရ


သီလဝါ အဓိကရုဏ်း ဆန္ဒပြသူတွေ ကိုရဲနိမ်နှင်း (ဓါတ်ပုံခရက်ဒစ်- မင်းသွေးသစ်)
သီလဝါ အဓိကရုဏ်း ဆန္ဒပြသူတွေ ကိုရဲနိမ်နှင်း (ဓါတ်ပုံခရက်ဒစ်- မင်းသွေးသစ်)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းအနီးက လယ်ယာမြေဧက ၁၀၀လောက်ကို ဦးပိုင်ကုမ္ပဏီကသိမ်းယူပြီး အဆောက်အဦးဆောက်ဖို့ ပြင်ဆင်တဲ့အတွက် ကုမ္ပဏီကဌားထားတဲ့အလုပ်သမားတွေနဲ့ ဒေသခံလယ်သမားတွေ မေလ ၁၂ရက်နေ့ က ရုန်းရင်းဆန်ခတ်မူဖြစ်ပွားခဲ့ပါတယ်။ ရဲတွေက ရာဘာကျည်လို့ ယူဆရတဲ့ သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲရာမှာ လယ်သမား၃ဦး ဒဏ်ရာတွေရရှိပြီး ဖမ်းဆီးခံရမူတွေလည်းရှိနေပါတယ် ။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

စစ်တပ်မိသားစုပိုင် ဦးပိုင်ကုမ္ပဏီက သီလဝါဆိပ်ကမ်းအနီးမှာရှိတဲ့လယ်မြေဧကတွေကို သိမ်းယူခဲ့တယ်ဆိုပြီးဒေသခံလယ်သမားတွေက ကန့်ကွက်ကြရင်းနဲ့ ကုမ္ပဏီက ဌားရမ်းထားတဲ့ အလုပ်သမားတွေနဲ့ ထိပ်တိုက်တွေ့မူတွေဖြစ်ခဲ့တာပါ။ ဒီနောက်မှာတော့လယ်သမားတွေကို ရဲတွေကသေနတ်နဲ့ ပစ်ခတ်မူတွေလုပ်ခဲ့တယ်လို့ မျက်မြင်လည်းဖြစ် အခင်းဖြစ်ပွားတဲ့နေရာမှာရှိနေတဲ့ ကျောင်းသားခေါင်းဆောင်ကိုမင်းသွေးသစ်ကပြောပါတယ်။

"သေနတ်နဲ့က အချက်ပေါင်းမရေတွက်နိုင်ဘူး ပစ်တာ ။ အမျိုးသမီးတယောက်တင် ၈ချက်ထိတယ် ယောင်္ကျားတယောက်က ၆ချက်ထိတယ်။ အထဲမှာရာဘာစတွေနဲ့ ကိုးလုံးကျည်စတွေထွက်လာတယ်တွေ့တယ်။ အခုလောလောဆည် ၂ယောက်က ဆေးရုံတက်နေတယ်၊ကျန်တဲ့တယောက်က အချုပ်ထဲမှာ။ အဲဒါက ဒဏ်ရာရတဲ့ ၃ယောက် ပေါ့လေ နောက်ထပ် ၂ယောက်အပါအဝင် ၃ယောက်အချုပ်ခံနေရတယ်။ ကျန်တဲ့လယ်သမားတွေကအပိတ်ခံရတယ် ကျနော် အခု အဲဒီနေရာကနေ ပြန်လာတာ"

ရန်ကုန်အရှေ့ပိုင်းခရိုင်ကျောင်းသားသမဂ္ဂ ကကျောင်းသားတွေနဲ့ ၈၈မျိုးဆက်က ကျောင်းသားတွေက လယ်သမားတွေကိုဝန်းရံဖို့ရောက်ရှိနေချိန်မှာပဲ အဓိကရုန်းဖြစ်ပွားခဲ့ပြီး ရဲတွေက လယ်သမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလည်းလို့လည်းကိုမင်းသွေးသစ်က ဆိုပါတယ်။

"ရဲက အင်အားအလွန်အကျွံနဲ့ ကုမ္ပဏီ လုံခြုံရေးယူပေးထားတယ် ဦးပိုင်ကုမ္ပဏီဘက်ကနေ လယ်ယာသိမ်းတဲ့ကိစ္စမှာ မတရားသိမ်းတဲ့အပေါ်မှာသူတိုက လုံခြုံရေးယူထားပေးတယ်။ ရဲတွေကဘာမှမလုပ်သေးတဲ့ အချိန်မှာ ကုမ္ပဏီဘက်ခေါ်ထားတဲ့ နေစားအလုပ်သမားတွေ အင်အားပြဖို့ခေါ်ထားတဲ့လူမိုက်တွေကနေ ရွာသားတွေကို အတင်းဝင်လုံးတယ်။ တဖက်နဲ့ တဖက် ရွံဗွက်ထဲမှာ ဝင်လုံးတဲ့အချိန် လုံးလားထွေးလားဖြစ်နေချိန်မှာ ဓါးပါလာတာတွေ့တယ်။ ကျောက်တန်းက လူမိုက်က ဓါးေမြှာင် (ဓါးကို ခါးမှာထိုး)ထားတာတွေ့တယ်။ ကျနော်တိုက ရဲတွေကို ဓါးပါလာတယ်ပြောတာ မဖမ်းပေးဘူးနောက်ပိုင်းလုံးပြီးပြန်ခေါ်သွားတယ်။ ညနေပိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ လူမိုက်က အမျိုးသမီးတဦးကို ဓါးနဲ့ ဝင်ထိုးတယ်။ ဆေးရုံတက်ရတဲ့အမျိုးသမီးကို ဓါးနဲ့ဝင်ထိုးတော့ ပြဲသွားတဲ့အကျီလည်းရှိပါတယ်။ ကျနော်တို့ အမူပြန်ဖွင့်ဖို့ သိမ်းထားတယ်။ ပြီးတဲ့အခါမှာ သေနတ်နဲပစ်တော့တာပါပဲ။"

ဒီကိစ္စနဲ့ ပတ်သက်လို့ကုမ္ပဏီက တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုင်းနဲ့ပြည်နယ်တချို့မှာလည်း လယ်ယာမြေတွေသိမ်းယူတဲ့ကိစ္စနဲ့ ပတ်သက်လို့ဦးပိုင်ကုမ္ပဏီက ဝေဖန်ခံနေရတာပါ။ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီး လယ်သမားအတော်များများက တရားစွဲဆို ထောင်ချခံနေရတာတွေလည်းရှိနေတာပါ။ အထူးသဖြင့် သိမ်းဆည်းခံရတဲ့လယ်ယာမြေတွေကို ပြန်လည်ထွန်ယက်ဖို့ ကြိုးစားတဲ့ လယ်သမားတွေဟာ ပိုင်နက်ကျုးလွန်မူ ၊ အကျိုးဖျက်ဆီးမူတွေနဲ့ အမူတွေရင်ဆိုင်ခဲ့ရတာပါ ။

လယ်ယာမြေတွေသိမ်းဆည်းခံရတာနဲပတ်သက်လု့ိလည်း လက်ရှိအစိုးရလက်ထက်မှာတာဝန်ယူဖြေရှင်းပေးနိုင်မူတွေကအားနည်းနေဆဲပဲလို့လယ်သမားရေးလုပ်ဆောင်နေသူတွေက ဝေဖန်ထောက်ပြမူတွေရှိနေပါတယ်။

အခုလိုမျိုးလယ်သမားတွေ ကုမ္ပဏီစောင့်ရဲတွေ ထိပ်တိုက်တွေ့မူတွေမှာ ပစ်ခတ်မူတွေရှိခဲ့တဲ့အတွက် စစ်ကိုင်းတိုင်းလက်ပံတောင်းဒေသမှာတော့ဒေသခံတောင်သူတဦး သေနတ်နဲ့ပစ်ခတ်လို့သေဆုံးခဲ့ရတာမျိုးတွေလည်းရှိခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီဆိုတာကတော့ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမီတက် (The Union of Myanmar Economic Holdings Limited) ကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းကြောင်း အမိန့် ကြေညာစာ အမှတ် ၇/၉၀ ဖြင့် ကြေညာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့၊ အာဏာသိမ်းပြီး နောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့တဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်းလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG