သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လယ္ယာသံုးခိုင္းႏြား ရွားပါးမႈ စိုက္ပ်ိဳးေရး အခက္ႀကံဳႏိုင္


ဧရာဝတီတုိင္းအတြင္းက လယ္ယာလုပ္ငန္းခြင္တခု။ (ဇူလုိင္ ၁၀၊ ၂၀၀၈)

(Zawgyi / Unicode)

အခုအခါမွာ ျမန္မာႏိုင္ငံ ေက်းလက္ေဒသေတြမွာ ခိုင္းႏြားေတြ ရွားပါးေနတဲ့အတြက္ လယ္ယာစိုက္ပ်ဳိးေရးလုပ္ငန္း အႀကီးအက်ယ္ ထိခိုက္ေနၾကရပါတယ္။ ဒါ့အျပင္ ခိုင္းႏြားေတြေနရာမွာ အစားထုိးလုပ္ကုိင္လို႔ရတဲ့ လယ္ယာသုံး ထြန္စက္ေတြကလည္း ေလာင္စာဆီေစ်း ႀကီးျမင့္လြန္းတဲ့အတြက္ အသုံးျပဳႏိုင္ျခင္း မရွိၾကေတာ့ပါဘူး။ အဲဒီလိုအေျခအေနေတြကို စုစည္းၿပီး ကိုခင္ေမာင္စုိးမင္းက တင္ျပထားပါတယ္။

လယ္ယာသုံးလုပ္ငန္းမွာ အဓိကျဖစ္ၾကတဲ့ ခိုင္းႏြားေတြ ရွားပါးလာၾကရတဲ့ အခ်က္တခုကေတာ့ ေတာင္သူလယ္သမားေတြ ကုိယ္တိုင္က ဆင္းရဲလာၾကတဲ့ အတြက္ေၾကာင့္ ျဖစ္တယ္လို႔ မေကြးတိုင္းအတြင္းက ေတာင္သူတဦးက ေျပာပါတယ္။

"လူေတြက စားစရာမရွိၾကေတာ့ ႏြားေတြကိုပဲ ေရာင္းစားၾကရတာေလ၊ ႏြားမေတြနဲ႔ေတာင္ တြဲခိုင္းေနၾကရတယ္။ တရွဥ္းလုံး ႏြားမေတြနဲ႔ ခိုင္းတဲ့သူက ခိုင္းေပါ့။ ႏြားရွဥ္းနဲ႔ရွိတဲ့လူ သိပ္မရွိၾကေတာ့ဘူး။ လယ္ထြန္စက္ေတြၾကေတာ့လည္း အခု ဒီဇယ္ေစ်းနဲ႔ၾကေတာ့ မသုံးႏိုင္ၾကေတာ့ဘူးေလ။ ထြန္စက္ေတြကလည္း သူတို႔ေတာင္းမယ့္ေစ်းနဲ႔ၾက ေတာင္သူေတြက မကိုက္ၾကေတာ့ ထြန္စက္ေတြ ထိုးရပ္ထားၾကရတယ္။ တဧက ၂ ေသာင္းခြဲ ၃ ေသာင္းမရရင္ မထြန္ႏိုင္ၾကေတာ့ဘူးေလ။ အခါတိုင္းက မုိးရြာၿပီဆိုေတာ့ တခါတည္း ဝုန္းဒုိင္းနဲ႔ အၿပိဳင္ႀကဲၾကတယ္။ အခုၾကေတာ့ လွည္းႏြားမရွိသူေတြကလည္း မရွိၾကေတာ့ အဲလို မႀကဲႏိုင္ၾကေတာ့ဘူး။"

အရင္ကဆိုရင္ ေတာင္သူေတြဟာ ပုံမွန္စိုက္ပ်ဳိးရာသီၿပီးဆုံးရင္ ႏြားစာအတြက္ ထပ္မံစုိက္ပ်ဳိးတာေတြ လုပ္ေလ့ရွိၾကေပမယ့္ အခုေနာက္ပိုင္းက် အဲဒီလို စုိက္ပ်ဳိးၾကတာ မရွိတဲ့အတြက္ ႏြားစာေတြလည္း ရွားပါးၿပီး ေစ်းႀကီးေနတယ္လို႔ သိရပါတယ္။ တခ်ဳိ႕ေဒသေတြမွာဆုိရင္ အထူးသျဖင့္ ေျမလတ္ေဒသေတြမွာ အရင္ကလို ႏြားတရွဥ္းေခၚ ႏြား ၂ ေကာင္ မရွိၾကေတာ့ဘဲ တေကာင္စီပိုင္တဲ့ ႏြားပိုင္ရွင္အခ်င္းခ်င္း တရွဥ္း ၂ ေကာင္ျပည့္ေအာင္ တြဲဖက္ခိုင္းေနၾကရတယ္လို႔လည္း မေကြးတိုင္း နတ္ေမာက္ၿမိဳ႕မွာ ေက်းလက္ေဒသဖြံ႔ၿဖိဳးေရးေတြ လုပ္ကုိင္ေနသူတဦးက ေျပာပါတယ္။

"ဟာ ရွားတာေပါ့။ အခု ခိုင္းႏြားေတြကလည္း အျဖစ္ေတြေလ။ သူတေကာင္ ကိုယ္တေကာင္နဲ႔ တြဲလုပ္ေနၾကရတာေလ။ တရွဥ္းလုံး မရွိတဲ့သူက သူ႔ဘက္ကတေကာင္ ကုိယ့္ဘက္ကတေကာင္ ေပါင္းစပ္ခိုင္းႏြား လုပ္ခိုင္းေနၾကတာက မ်ားတယ္။ ျပဳတ္တာက ႏွစ္တိုင္း ျပဳတ္ေနၾကတာေလ။ ခိုင္းႏြားက မရွိသေလာက္ကို ျဖစ္ကုန္တာ။ လွည္းေတြလည္း အသြားသိပ္မရွိၾကေတာ့ဘူး။"

ဒါ့အျပင္ သက္ဆိုင္ရာ တိ၊ ေမြး၊ ကု ဌာနက ေဒသဆိုင္ရာ အႀကီးအကဲတခ်ဳိ႕နဲ႔ ေဒသအာဏာပုိင္ေတြက အဂတိလုိက္စားၿပီး ခိုင္းႏြားေတြကို ဟင္းစားႏြားေခၚ အသားစားႏြားအျဖစ္ အလြယ္တကူ ခြင့္္္ျပဳစာ ထုတ္ေပးတာကလည္း ႏြားေမွာင္ခိုလုပ္ငန္းကို အားေပးရာေရာက္ေနတယ္လို႔ စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ေရြးေကာက္ခံ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။ အဲဒီအတြက္ ႏြားေမွာင္ခိုသမားေတြက တ႐ုတ္နယ္စပ္ကို ကားႀကီးေတြနဲ႔ ခိုင္းႏြားေတြ အမ်ားအျပား ေန႔စဥ္ တင္ပို႔ေနၾကတာကို တားဆီးေပးဖို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကို သူ႔အေနနဲ႔ တင္ျပခဲ့ဖူးတယ္လို႔လည္း ေျပာပါတယ္။

"ႏြားေတြဝယ္ခြင့္ ေရာင္းခ်ခြင့္ေတြ ျပ႒ာန္းခဲ့ေပမယ့္ အဲဒီဥပေဒနဲ႔အညီ မဟုတ္ဘဲနဲ႔ ႏြားေမွာင္ခိုေစ်းကြက္ေတြ အမ်ားႀကီး ျဖစ္သြားေရာ၊ ႏြားတေကာင္က သာမန္ ၇ သိန္း ၈ သိန္းကေန သိန္း ၃ဝ ေလာက္အထိ မၾကားဘူးတဲ့ေစ်းေတြ ေပါက္သြားတယ္။ ေခ်ာေပ့ဆိုတဲ့ ေကာင္းေပ့ဆိုတဲ့ ႏြားေတြကို ေစ်းႀကီးေပးၿပီး ဝယ္တာေပါ့။ ႏြားဝယ္သူေတြက ေဒသမွာေပါက္တဲ့ေစ်းထက္ မ်ားၿပီးေတာ့ ဝယ္တယ္။ ေတာင္သူေတြက ေရာင္းၾကတယ္။ တခ်ိဳ႕ေရာင္းၿပီးေတာ့ ထြန္စက္ေတြ ဝယ္ၾကတယ္။ ထြန္စက္က အေႂကြးဝယ္လို႔ရတယ္။ အရစ္က်နဲ႔။ ႏြားဆိုရင္တဲ့ ေနာင္တခ်ိန္မွာ အ႐ုပ္ေရးၾကည့္ရေတာ့မယ္တဲ့။"

ခိုင္းႏြားေတြ ရွားပါးသြားရတဲ့ အေၾကာင္းအရင္းထဲမွာ လယ္ထြန္စက္ေတြကို အစားထိုးလာၾကတာကလည္း အေၾကာင္းတခု ျဖစ္ပါတယ္။ ဒါေပမယ့္ အခုလို ေလာင္စာဆီေစ်းေတြ ထုိးတက္သြားတဲ့ အခါမွာေတာ့ လယ္ယာသုံး ထြန္စက္ေတြကုိလည္း မသုံးႏိုင္၊ ခိုင္းႏြားေတြကလည္း ရွားလာတဲ့အတြက္ ေတာင္သူလယ္သမားေတြမွာ မၾကာခင္ စေတာ့မယ့္ စိုက္ပ်ဳိးရာသီအမီ ထြန္ယက္ႏိုင္ဖို႔ အခက္အခဲေတြ ရွိေနၾကတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

လယ်ယာသုံးခိုင်းနွား ရှားပါးမှု စိုက်ပျိုးရေး အခက်ကြုံနိုင်

အခုအခါမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသတွေမှာ ခိုင်းနွားတွေ ရှားပါးနေတဲ့အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်နေကြရပါတယ်။ ဒါ့အပြင် ခိုင်းနွားတွေနေရာမှာ အစားထိုးလုပ်ကိုင်လို့ရတဲ့ လယ်ယာသုံး ထွန်စက်တွေကလည်း လောင်စာဆီဈေး ကြီးမြင့်လွန်းတဲ့အတွက် အသုံးပြုနိုင်ခြင်း မရှိကြတော့ပါဘူး။ အဲဒီလိုအခြေအနေတွေကို စုစည်းပြီး ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

လယ်ယာသုံးလုပ်ငန်းမှာ အဓိကဖြစ်ကြတဲ့ ခိုင်းနွားတွေ ရှားပါးလာကြရတဲ့ အချက်တခုကတော့ တောင်သူလယ်သမားတွေ ကိုယ်တိုင်က ဆင်းရဲလာကြတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ မကွေးတိုင်းအတွင်းက တောင်သူတဦးက ပြောပါတယ်။

"လူတွေက စားစရာမရှိကြတော့ နွားတွေကိုပဲ ရောင်းစားကြရတာလေ၊ နွားမတွေနဲ့တောင် တွဲခိုင်းနေကြရတယ်။ တရှဉ်းလုံး နွားမတွေနဲ့ ခိုင်းတဲ့သူက ခိုင်းပေါ့။ နွားရှဉ်းနဲ့ရှိတဲ့လူ သိပ်မရှိကြတော့ဘူး။ လယ်ထွန်စက်တွေကြတော့လည်း အခု ဒီဇယ်ဈေးနဲ့ကြတော့ မသုံးနိုင်ကြတော့ဘူးလေ။ ထွန်စက်တွေကလည်း သူတို့တောင်းမယ့်ဈေးနဲ့ကြ တောင်သူတွေက မကိုက်ကြတော့ ထွန်စက်တွေ ထိုးရပ်ထားကြရတယ်။ တဧက ၂ သောင်းခွဲ ၃ သောင်းမရရင် မထွန်နိုင်ကြတော့ဘူးလေ။ အခါတိုင်းက မိုးရွာပြီဆိုတော့ တခါတည်း ဝုန်းဒိုင်းနဲ့ အပြိုင်ကြဲကြတယ်။ အခုကြတော့ လှည်းနွားမရှိသူတွေကလည်း မရှိကြတော့ အဲလို မကြဲနိုင်ကြတော့ဘူး။"

အရင်ကဆိုရင် တောင်သူတွေဟာ ပုံမှန်စိုက်ပျိုးရာသီပြီးဆုံးရင် နွားစာအတွက် ထပ်မံစိုက်ပျိုးတာတွေ လုပ်လေ့ရှိကြပေမယ့် အခုနောက်ပိုင်းကျ အဲဒီလို စိုက်ပျိုးကြတာ မရှိတဲ့အတွက် နွားစာတွေလည်း ရှားပါးပြီး ဈေးကြီးနေတယ်လို့ သိရပါတယ်။ တချို့ဒေသတွေမှာဆိုရင် အထူးသဖြင့် မြေလတ်ဒေသတွေမှာ အရင်ကလို နွားတရှဉ်းခေါ် နွား ၂ ကောင် မရှိကြတော့ဘဲ တကောင်စီပိုင်တဲ့ နွားပိုင်ရှင်အချင်းချင်း တရှဉ်း ၂ ကောင်ပြည့်အောင် တွဲဖက်ခိုင်းနေကြရတယ်လို့လည်း မကွေးတိုင်း နတ်မောက်မြို့မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

"ဟာ ရှားတာပေါ့။ အခု ခိုင်းနွားတွေကလည်း အဖြစ်တွေလေ။ သူတကောင် ကိုယ်တကောင်နဲ့ တွဲလုပ်နေကြရတာလေ။ တရှဉ်းလုံး မရှိတဲ့သူက သူ့ဘက်ကတကောင် ကိုယ့်ဘက်ကတကောင် ပေါင်းစပ်ခိုင်းနွား လုပ်ခိုင်းနေကြတာက များတယ်။ ပြုတ်တာက နှစ်တိုင်း ပြုတ်နေကြတာလေ။ ခိုင်းနွားက မရှိသလောက်ကို ဖြစ်ကုန်တာ။ လှည်းတွေလည်း အသွားသိပ်မရှိကြတော့ဘူး။"

ဒါ့အပြင် သက်ဆိုင်ရာ တိ၊ မွေး၊ ကု ဌာနက ဒေသဆိုင်ရာ အကြီးအကဲတချို့နဲ့ ဒေသအာဏာပိုင်တွေက အဂတိလိုက်စားပြီး ခိုင်းနွားတွေကို ဟင်းစားနွားခေါ် အသားစားနွားအဖြစ် အလွယ်တကူ ခွင့်ပြုစာ ထုတ်ပေးတာကလည်း နွားမှောင်ခိုလုပ်ငန်းကို အားပေးရာရောက်နေတယ်လို့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ အဲဒီအတွက် နွားမှောင်ခိုသမားတွေက တရုတ်နယ်စပ်ကို ကားကြီးတွေနဲ့ ခိုင်းနွားတွေ အများအပြား နေ့စဉ် တင်ပို့နေကြတာကို တားဆီးပေးဖို့ တိုင်းဒေသကြီးလွှတ်တော်ကို သူ့အနေနဲ့ တင်ပြခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။

"နွားတွေဝယ်ခွင့် ရောင်းချခွင့်တွေ ပြဋ္ဌာန်းခဲ့ပေမယ့် အဲဒီဥပဒေနဲ့အညီ မဟုတ်ဘဲနဲ့ နွားမှောင်ခိုဈေးကွက်တွေ အများကြီး ဖြစ်သွားရော၊ နွားတကောင်က သာမန် ၇ သိန်း ၈ သိန်းကနေ သိန်း ၃ဝ လောက်အထိ မကြားဘူးတဲ့ဈေးတွေ ပေါက်သွားတယ်။ ချောပေ့ဆိုတဲ့ ကောင်းပေ့ဆိုတဲ့ နွားတွေကို ဈေးကြီးပေးပြီး ဝယ်တာပေါ့။ နွားဝယ်သူတွေက ဒေသမှာပေါက်တဲ့ဈေးထက် များပြီးတော့ ဝယ်တယ်။ တောင်သူတွေက ရောင်းကြတယ်။ တချို့ရောင်းပြီးတော့ ထွန်စက်တွေ ဝယ်ကြတယ်။ ထွန်စက်က အကြွေးဝယ်လို့ရတယ်။ အရစ်ကျနဲ့။ နွားဆိုရင်တဲ့ နောင်တချိန်မှာ အရုပ်ရေးကြည့်ရတော့မယ်တဲ့။"

ခိုင်းနွားတွေ ရှားပါးသွားရတဲ့ အကြောင်းအရင်းထဲမှာ လယ်ထွန်စက်တွေကို အစားထိုးလာကြတာကလည်း အကြောင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို လောင်စာဆီဈေးတွေ ထိုးတက်သွားတဲ့ အခါမှာတော့ လယ်ယာသုံး ထွန်စက်တွေကိုလည်း မသုံးနိုင်၊ ခိုင်းနွားတွေကလည်း ရှားလာတဲ့အတွက် တောင်သူလယ်သမားတွေမှာ မကြာခင် စတော့မယ့် စိုက်ပျိုးရာသီအမီ ထွန်ယက်နိုင်ဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG