သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လယ္သမားေတြ ပစ္ပယ္ခံေနရၿပီလား


တုိက္ႀကီးၿမိဳ႕နယ္တြင္းက လယ္ယာလုပ္ငန္းခြင္တခု။ (ဧၿပီ ၄၊ ၂၀၀၈)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေတာင္သူလယ္သမားေတြဟာ မိမိပိုင္ စိုက္ပ်ဳိးေျမေတြ အားလုံးကို စိုက္ပ်ဳိးႏိုင္ျခင္း မရွိေတာ့ဘဲ ပလပ္ေျမ၊ ေျမလြတ္ေတြအျဖစ္ ထားရွိေနၾကရပါတယ္။ ဘာေၾကာင့္ အဲဒီလို မိမိပိုင္ စိုက္ပ်ဳိးေျမေတြကို ေတာင္သူလယ္သမားေတြ လႊတ္ထား ပလပ္ထားရသလဲ ဆိုတာကို ကိုခင္ေမာင္စုိးမင္းက စုစည္းတင္ျပထားပါတယ္။

ဖြံ႔ၿဖိဳးဆဲႏိုင္ငံ အမ်ားစုမွာ တိုင္းျပည္ရဲ႕ အဓိကစီးပြားေရးဟာ စုိက္ပ်ဳိးေရး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း အလားတူ စိုက္ပ်ဳိးေရးကသာ အစဥ္အဆက္ တိုင္းျပည္ရဲ႕ အဓိကစီးပြားေရး ျဖစ္ပါတယ္။ ဒါေပမယ့္ ေတာင္သူလယ္သမားေတြဟာ ကိုယ္ပိုင္စုိက္ပ်ဳိးေျမကြက္ေတြကို စိုက္ပ်ဳိးျခင္းမရွိေတာ့ဘဲ ေျမလြတ္ေတြ၊ ပလပ္ေျမေတြအျဖစ္ ထားၿပီး မစိုက္ပ်ဳိးဘဲ ထားၾကတာဟာ အရင္ႏွစ္ေတြကလည္း ရွိခဲ့ေပမယ့္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အခုအခါမွာ အဆိုးဆုံး ျဖစ္လာခဲ့ၾကပါတယ္။ ဘာေၾကာင့္ အဲဒီလို စိုက္ပ်ဳိးျခင္းမရွိတာလဲ ဆိုတာကို မေကြးတိုင္းအတြင္းက ေတာင္သူတဦးကို ေမးၾကည့္ေတာ့ ဓာတ္ေျမၾသဇာေစ်းေတြ အပါအဝင္ အစစ ေစ်းတက္ေနၾကတဲ့အတြက္ အ႐ႈံးေပၚလို႔ မစိုက္ေတာ့ဘူးလို႔ ေျပာပါတယ္။

“ဒီႏွစ္ေတာ့ ေျမၾသဇာေစ်းေတြ ႀကီးေတာ့ တြက္ေခ်မွ မကိုက္တာ။ အ႐ႈံးခံၿပီးေတာ့ မလုပ္ဘူး၊ တကြင္းလုံးကို လႊတ္ပစ္တာ၊ အကုန္လႊတ္ထားတာ၊ မလုပ္ၾကေတာ့ဘူး၊ လုပ္တဲ့လူကို မရွိေတာ့ဘူး။ ရတာနဲ႔ ကုန္တာနဲ႔ မကိုက္ေတာ့ မလုပ္ေတာ့ဘူး။”

အဲဒီလို ေတာင္သူလယ္သမားေတြက မိမိပိုင္ စုိက္ပ်ဳိးေျမေတြကို ပလပ္ေျမ၊ ေျမလြတ္အျဖစ္ လႊတ္ထားလိုက္ၾကရတဲ့ အေၾကာင္းအရင္းကို သက္ဆိုင္ရာ စိုက္ပ်ဳိးေရးဌာနေတြက ကြင္းဆင္းေလ့လာတာ မရွိၾကေတာ့ဘူးလို႔လည္း သိရပါတယ္။ ဒါ့အျပင္ စုိက္ပ်ဳိးေျမက ဘယ္ေလာက္၊ ပလပ္ေျမ ေျမလြတ္ေတြအေနနဲ႔ လႊတ္ထားလိုက္တာက ဘယ္ေလာက္ဆိုၿပီး စာရင္းဇယား ေကာက္ထားတာလည္း မရွိေတာ့ဘူးလို႔ သိရပါတယ္။ ေတာင္သူလယ္သမားေတြ မိမိပိုင္ေျမကို စိုက္ပ်ဳိးႏိုင္ျခင္း မရွိေတာ့ဘဲ လႊတ္ထားလိုက္ရတဲ့ အေၾကာင္းအရင္းထဲမွာ အရင္ကလို စုိက္ပ်ဳိးစရိတ္ေခ်းေငြ အမေတာ္ေၾကးကို ထုတ္ေခ်းတာမ်ဳိး မရွိတာကလည္း အဓိက အခ်က္တခ်က္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ေတာင္သူလယ္သမားအေရး ေဆာင္ရြက္သူလည္းျဖစ္ ကိုယ္တိုင္လည္း လယ္သမားတဦးျဖစ္တဲ့ ဦးျမင့္ႏိုင္က သူတို႔ ေတာင္သူလယ္သမားေတြဘဝဟာ အေမ့ခံဘဝကေန အျပစ္ပယ္ခံဘဝ ေရာက္ေနၿပီလို႔ ေျပာပါတယ္။

“က်ေနာ့္မွာ ၁ဝ ဧကေလာက္ရွိတာ အခု လုံးဝ ပလပ္ေျမျဖစ္သြားတာ။ ေဒသေတာ္ေတာ္မ်ားမ်ားမွာ ပလပ္ေတြ ေတာ္ေတာ္မ်ားတာေပါ့။ စုိက္ပ်ဳိးစရိတ္ကလည္း မတတ္ႏိုင္ၾကဘူးေလ။ တဧကခြဲေလာက္စိုက္၊ ႏွစ္ဧကေလာက္စုိက္၊ က်န္တဲ့တဧက လႊတ္ထားရတာေပါ့။ ဒီႏွစ္က မစိုက္ႏုိင္တဲ့ အေနအထားမွာရွိတာေပါ့ ကုလားပဲစိုက္ေတာင္သူေတြ အေနနဲ႔လည္းေလ။ ကုလားပဲစရိတ္က တဧကဆိုရင္ ၅ သိန္းဆို ေလာက္တယ္။ အဲေလာက္စရိတ္နဲ႔ေတာင္ က်ေနာ္တို႔ ေတာင္သူေတြ မႀကဲႏိုင္ၾကဘူး။ စိုက္ပ်ဳိးေရးဌာနေတြ အေနနဲ႔လည္း ေဆာင္ရြက္ေပးတာ မရွိဘူး။ စုိက္ပ်ဳိးစရိတ္ေခ်းေငြက ကူညီေထာက္ပံမႈေတြ မရွိေတာ့ ေတာင္သူေတြလည္း မငတ္႐ုံတမယ္ပါပဲ။ အာဏာသိမ္္းၿပီးတဲ့ ေနာက္မွာေတာ့ ေတာင္သူလယ္သမားေတြရဲ႕ ဘဝက အေမ့ခံဘဝကေန ျပစ္ပယ္ခံ ျဖစ္လာၾကတယ္။”

အဲဒီလို စုိက္ပ်ဳိးေျမေတြကို ပလပ္ေျမ၊ ေျမလြတ္ေတြအျဖစ္ ေတာင္သူလယ္သမားေတြ မိမိသေဘာနဲ႔ လႊတ္ထားၿပီး စိုက္ပ်ဳိးျခင္းမျပဳတာဟာ တကယ္ေတာ့ ခ်မွတ္ထားတဲ့ လယ္ယာေျမ ဥပေဒေတြနဲ႔ေတာ့ ကိုက္ညီျခင္းမရွိပါဘူး။ အဲဒီလို မိမိသေဘာနဲ႔ ပလပ္တာ၊ ေျမလြတ္အျဖစ္ လႊတ္ထားတာေတြဟာ ၂ ႏွစ္ထက္ပိုၾကာရင္ သက္ဆိုင္ရာ စုိက္ပ်ဳိးေရးဌာနက သိမ္းယူခြင့္ရွိတယ္လို႔ မေကြးတိုင္းအေျခစိုက္ ေတာင္သူလယ္သမားအေရး သင္တန္းေတြေပးေနတဲ့ ဦးေအာင္ေက်ာ္ေက်ာ္က ေျပာပါတယ္။

“ျမန္မာျပည္ တနံတလ်ားကေတာ့ ေျမလြတ္ေတြက မ်ားေနတာေလ။ မစိုက္ၾကေတာ့ဘူး။ အခုေတာ့ ပိုဆိုးတာေပါ့ဗ်ာ။ ဥပေဒမွာကေတာ့ ေတာင္သူလယ္သမားရဲ႕ က်န္းမာေရး၊ ေငြေၾကးေၾကာင့္ အေၾကာင္းေၾကာင္းေၾကာင့္ မစိုက္ပ်ဳိးႏိုင္တာကို ၂ ႏွစ္အထိ ခြင့္ျပဳေပမယ့္ ၂ ႏွစ္ေက်ာ္ရင္ စည္းကမ္းပ်က္ေျမအျဖစ္ အစိုးရက သိမ္းယူလို႔ရတယ္။ အခုကေတာ့ ႏိုင္ငံတဝန္း မစိုက္တာဆိုေတာ့ လက္ေတြမွာ သိမ္းတာေတာ့ မရွိေသးပါဘူး။ အစိုးရဌာနေတြရဲ႕ စာရင္းဇယားေတြက ဘယ္တုန္းကမွ မမွန္ခဲ့ဘူးဗ်။”

စစ္အာဏာသိမ္းၿပီး အခုအခ်ိန္အခါ ျမန္မာတႏိုင္ငံလုံးမွာ အစစ ကုန္ေစ်းႏႈန္းေတြ တက္ေနသလို ေတာင္သူလယ္သမားေတြရဲ႕ အဓိက ေျမဆီေျမၾသဇာ အပါအဝင္ စုိက္ပ်ဳိးေရးသုံး ပစၥည္းေတြရဲ႕ ေစ်းႏႈန္းဟာလည္း ေခါင္ခိုက္ေအာင္ ျမင့္တက္ေနပါတယ္။ အဲဒီအတြက္ လႊတ္ထား၊ ပလပ္ထားတဲ့ စုိက္ပ်ဳိးေျမေတြဟာ အခုအခါမွာေတာ့ အလိုအေလ်ာက္ ႏြားစာက်က္ေျမ ျဖစ္ကုန္ၾကပါတယ္။

အရင္က လယ္ယာေျမနဲ႔ ပတ္သက္ၿပီး လယ္၊ စီ ေခၚ လယ္ယာေျမ စီမံခန္႔ခြဲေရးအဖြဲ႔ဆိုတာ ဗဟိုကေန ေက်းလက္အထိ အဆင့္ဆင့္ဖြဲ႔စည္းၿပီး လုပ္ေဆာင္တာေတြ ရွိခဲ့ေပမယ့္ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း အလိုအေလ်ာက္ ပ်က္ျပယ္ကုန္ပါတယ္။ စစ္အစိုးရ အဆက္ဆက္က စိုက္ပ်ဳိးေရးကို အေျခခံၿပီး တျခားစီးပြားေရး က႑ေတြကိုပါ ဘက္စုံဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ၿပီး ေခတ္မီႏိုင္ငံေတာ္သစ္ တည္ေဆာက္ေရး ဆိုၿပီး ႏိုင္ငံပိုင္ မီဒီယာေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ စုိက္ပ်ဳိးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာနရဲ႕ အင္တာနက္ဝက္ဘ္ဆိုက္မွာေတာ့ လူဦးေရရဲ႕ ၇၀ ရာခုိင္ႏႈန္းဟာ ေက်းလက္မွာ ေနထုိင္ၾကကာ အဓိက လယ္ယာလုပ္ငန္းကို လုပ္ကိုင္ၾကၿပီး လူမႈစီးပြားဘဝေတြ နိမ့္က်ေနၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

လယ္သမားေတြ ပစ္ပယ္ခံေနရၿပီလား
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

လယ်သမားတွေ ပစ်ပယ်ခံနေရပြီလား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူလယ်သမားတွေဟာ မိမိပိုင် စိုက်ပျိုးမြေတွေ အားလုံးကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ပလပ်မြေ၊ မြေလွတ်တွေအဖြစ် ထားရှိနေကြရပါတယ်။ ဘာကြောင့် အဲဒီလို မိမိပိုင် စိုက်ပျိုးမြေတွေကို တောင်သူလယ်သမားတွေ လွှတ်ထား ပလပ်ထားရသလဲ ဆိုတာကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးဟာ စိုက်ပျိုးရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ စိုက်ပျိုးရေးကသာ အစဉ်အဆက် တိုင်းပြည်ရဲ့ အဓိကစီးပွားရေး ဖြစ်ပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားတွေဟာ ကိုယ်ပိုင်စိုက်ပျိုးမြေကွက်တွေကို စိုက်ပျိုးခြင်းမရှိတော့ဘဲ မြေလွတ်တွေ၊ ပလပ်မြေတွေအဖြစ် ထားပြီး မစိုက်ပျိုးဘဲ ထားကြတာဟာ အရင်နှစ်တွေကလည်း ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုအခါမှာ အဆိုးဆုံး ဖြစ်လာခဲ့ကြပါတယ်။ ဘာကြောင့် အဲဒီလို စိုက်ပျိုးခြင်းမရှိတာလဲ ဆိုတာကို မကွေးတိုင်းအတွင်းက တောင်သူတဦးကို မေးကြည့်တော့ ဓာတ်မြေသြဇာဈေးတွေ အပါအဝင် အစစ ဈေးတက်နေကြတဲ့အတွက် အရှုံးပေါ်လို့ မစိုက်တော့ဘူးလို့ ပြောပါတယ်။

“ဒီနှစ်တော့ မြေသြဇာဈေးတွေ ကြီးတော့ တွက်ချေမှ မကိုက်တာ။ အရှုံးခံပြီးတော့ မလုပ်ဘူး၊ တကွင်းလုံးကို လွှတ်ပစ်တာ၊ အကုန်လွှတ်ထားတာ၊ မလုပ်ကြတော့ဘူး၊ လုပ်တဲ့လူကို မရှိတော့ဘူး။ ရတာနဲ့ ကုန်တာနဲ့ မကိုက်တော့ မလုပ်တော့ဘူး။”

အဲဒီလို တောင်သူလယ်သမားတွေက မိမိပိုင် စိုက်ပျိုးမြေတွေကို ပလပ်မြေ၊ မြေလွတ်အဖြစ် လွှတ်ထားလိုက်ကြရတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနတွေက ကွင်းဆင်းလေ့လာတာ မရှိကြတော့ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေက ဘယ်လောက်၊ ပလပ်မြေ မြေလွတ်တွေအနေနဲ့ လွှတ်ထားလိုက်တာက ဘယ်လောက်ဆိုပြီး စာရင်းဇယား ကောက်ထားတာလည်း မရှိတော့ဘူးလို့ သိရပါတယ်။ တောင်သူလယ်သမားတွေ မိမိပိုင်မြေကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ လွှတ်ထားလိုက်ရတဲ့ အကြောင်းအရင်းထဲမှာ အရင်ကလို စိုက်ပျိုးစရိတ်ချေးငွေ အမတော်ကြေးကို ထုတ်ချေးတာမျိုး မရှိတာကလည်း အဓိက အချက်တချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်သူလည်းဖြစ် ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်တဲ့ ဦးမြင့်နိုင်က သူတို့ တောင်သူလယ်သမားတွေဘဝဟာ အမေ့ခံဘဝကနေ အပြစ်ပယ်ခံဘဝ ရောက်နေပြီလို့ ပြောပါတယ်။

“ကျနော့်မှာ ၁ဝ ဧကလောက်ရှိတာ အခု လုံးဝ ပလပ်မြေဖြစ်သွားတာ။ ဒေသတော်တော်များများမှာ ပလပ်တွေ တော်တော်များတာပေါ့။ စိုက်ပျိုးစရိတ်ကလည်း မတတ်နိုင်ကြဘူးလေ။ တဧကခွဲလောက်စိုက်၊ နှစ်ဧကလောက်စိုက်၊ ကျန်တဲ့တဧက လွှတ်ထားရတာပေါ့။ ဒီနှစ်က မစိုက်နိုင်တဲ့ အနေအထားမှာရှိတာပေါ့ ကုလားပဲစိုက်တောင်သူတွေ အနေနဲ့လည်းလေ။ ကုလားပဲစရိတ်က တဧကဆိုရင် ၅ သိန်းဆို လောက်တယ်။ အဲလောက်စရိတ်နဲ့တောင် ကျနော်တို့ တောင်သူတွေ မကြဲနိုင်ကြဘူး။ စိုက်ပျိုးရေးဌာနတွေ အနေနဲ့လည်း ဆောင်ရွက်ပေးတာ မရှိဘူး။ စိုက်ပျိုးစရိတ်ချေးငွေက ကူညီထောက်ပံမှုတွေ မရှိတော့ တောင်သူတွေလည်း မငတ်ရုံတမယ်ပါပဲ။ အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ တောင်သူလယ်သမားတွေရဲ့ ဘဝက အမေ့ခံဘဝကနေ ပြစ်ပယ်ခံ ဖြစ်လာကြတယ်။”

အဲဒီလို စိုက်ပျိုးမြေတွေကို ပလပ်မြေ၊ မြေလွတ်တွေအဖြစ် တောင်သူလယ်သမားတွေ မိမိသဘောနဲ့ လွှတ်ထားပြီး စိုက်ပျိုးခြင်းမပြုတာဟာ တကယ်တော့ ချမှတ်ထားတဲ့ လယ်ယာမြေ ဥပဒေတွေနဲ့တော့ ကိုက်ညီခြင်းမရှိပါဘူး။ အဲဒီလို မိမိသဘောနဲ့ ပလပ်တာ၊ မြေလွတ်အဖြစ် လွှတ်ထားတာတွေဟာ ၂ နှစ်ထက်ပိုကြာရင် သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနက သိမ်းယူခွင့်ရှိတယ်လို့ မကွေးတိုင်းအခြေစိုက် တောင်သူလယ်သမားအရေး သင်တန်းတွေပေးနေတဲ့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

“မြန်မာပြည် တနံတလျားကတော့ မြေလွတ်တွေက များနေတာလေ။ မစိုက်ကြတော့ဘူး။ အခုတော့ ပိုဆိုးတာပေါ့ဗျာ။ ဥပဒေမှာကတော့ တောင်သူလယ်သမားရဲ့ ကျန်းမာရေး၊ ငွေကြေးကြောင့် အကြောင်းကြောင်းကြောင့် မစိုက်ပျိုးနိုင်တာကို ၂ နှစ်အထိ ခွင့်ပြုပေမယ့် ၂ နှစ်ကျော်ရင် စည်းကမ်းပျက်မြေအဖြစ် အစိုးရက သိမ်းယူလို့ရတယ်။ အခုကတော့ နိုင်ငံတဝန်း မစိုက်တာဆိုတော့ လက်တွေမှာ သိမ်းတာတော့ မရှိသေးပါဘူး။ အစိုးရဌာနတွေရဲ့ စာရင်းဇယားတွေက ဘယ်တုန်းကမှ မမှန်ခဲ့ဘူးဗျ။”

စစ်အာဏာသိမ်းပြီး အခုအချိန်အခါ မြန်မာတနိုင်ငံလုံးမှာ အစစ ကုန်ဈေးနှုန်းတွေ တက်နေသလို တောင်သူလယ်သမားတွေရဲ့ အဓိက မြေဆီမြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံး ပစ္စည်းတွေရဲ့ ဈေးနှုန်းဟာလည်း ခေါင်ခိုက်အောင် မြင့်တက်နေပါတယ်။ အဲဒီအတွက် လွှတ်ထား၊ ပလပ်ထားတဲ့ စိုက်ပျိုးမြေတွေဟာ အခုအခါမှာတော့ အလိုအလျောက် နွားစာကျက်မြေ ဖြစ်ကုန်ကြပါတယ်။

အရင်က လယ်ယာမြေနဲ့ ပတ်သက်ပြီး လယ်၊ စီ ခေါ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဆိုတာ ဗဟိုကနေ ကျေးလက်အထိ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ဆောင်တာတွေ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အလိုအလျောက် ပျက်ပြယ်ကုန်ပါတယ်။ စစ်အစိုးရ အဆက်ဆက်က စိုက်ပျိုးရေးကို အခြေခံပြီး တခြားစီးပွားရေး ကဏ္ဍတွေကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီနိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုပြီး နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာတော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်ကြကာ အဓိက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး လူမှုစီးပွားဘဝတွေ နိမ့်ကျနေကြတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG