သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်စစ်ဘေးရှောင်တွေအတွက် အကူအညီမလုံလောက် (UNOCHA)


လားရှိုးစစ်ဘေးရှောင်များ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၃။
လားရှိုးစစ်ဘေးရှောင်များ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၃။

ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာခဲ့ရသူ တွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကိုပဲ လူသားချင်းစာနာမှုအကူအညီ အနည်းဆုံး တကြိမ်ပေးထားနိုင်ပြီး လိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းပေးဖို့ မလုံမလောက်ဖြစ်နေတယ်လို့ ဒီဇင်ဘာ ၈ ရက်၊ သောကြာနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာ အသစ်မှာဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုအစီအစဉ် (HRP) အတွက် လိုအပ်နေတဲ့ ရန်ပုံငွေကလည်း ၂၉% သာရရှိထားလို့ ရန်ပုံငွေအလွန်နည်းတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ သူတို့ရဲ့ အသက်ရှင်သန်ရေးအတွက်

လူသားချင်းစာနာထောက်ထားမှုအကူအညီကိုသာ အများစု မှီခိုအားထားနေရတာကြောင့် နိုင်ငံတွင်းက တချို့ဒေသတွေမှာ လိုအပ်နေသူအားလုံးကို ပုံမှန်ပံ့ပိုးကူညီပံ့ပိုးပေးရာမှာ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အကူအညီ ပိုပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကြား တိုက်ပွဲတွေဟာလည်း နိုင်ငံရဲ့ သုံးပုံနှစ်ပုံလောက်အထိ ကျယ်ပြန့်နေတယ်လို့ ကုလအစီရင်ခံစာက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကယား၊ ပဲခူးအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်ထဲက မြို့နယ်အများအပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အောက်တိုဘာ ၂၇ နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာနေလို့ လူသန်းဝက်ကျော်ဟာ လတ်တလော အိုးအိမ်စွန့်ခွာခဲ့ရပြီး အဲဒီမတိုင်ခင်ကလည်း နေရပ်စွန့်ခွာရသူ ၂ သန်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG