သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်ပြည်တဝန်း ထူးကဲဒီရေနဲ့ မြစ်ရေကြီးနိုင်မှု သတိပေးချက်ထုတ်ပြန်


မြစ်ရေကြီးနေပုံ (MOI)
မြစ်ရေကြီးနေပုံ (MOI)

မြန်မာနိုင်ငံတဝှမ်းမှာ ထူးကဲဒီရေ မြင့်တက်မှုတွေနဲ့ မြစ်ရေးအခြေအနေ စိုးရိမ်ရေမှတ်အထက် ကျော်လွှန်နေတာကြောင့် ပင်လယ်ကမ်းရိုးတန်းတွေ၊ မြစ်တွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက က သတိပေးထားပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

ဘင်္ဂလားပင်လယ်အောက်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ဘင်္ဂလားပင်လယ်အောက်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုန်လေအား အလွန်ကောင်းတဲ့အတွက် ကမ်းရိုးတန်းဒေသတွေမှာ သတိထားနေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးသတိပေးထားတာပါ။

ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ ပြည်နယတွေမှာ သတိပြုသင့်တယ်လို့ ဆိုပါတယ်။

"စိုးရမ်အမှတ်မှာရှိနေတာကတော့ ဘားအံပေါ့နော်။ ဘားအံက စိုးရိမ်အမှတ်အထက်မှာလည်းရှိနေတယ်အခု ဒီရက်ပိုင်းမှာ ဒီရေကလည်း တက်တယ်ပေါ့နော် ။ မိုးလည်းနည်းနည်းရွက်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက အကျကနေပြီးတော့ အခု အတက်ကိုရောက်နေတယ်ပေါ့နော်။ နောက်တခုကတော့ မတ်တောင်မှာပေါ့နော် အဲဒီမှာလည်း ရေလေးနည်းနည်းပြန်တက်နေတဲ့အနေအထားရှိတယ်။ သူကတော့ စိုးရိမ်အမှတ်အောက်ကျခါနီး ၈ စင်တီမီတာအလိုကို မနေ့ကအထိရောက်သွားပေမယ့် ဒီနေ့မှာတော့ အနည်းငယ်ပြန်တက်နေတဲ့အနေအထားလေးတွေရှိတယ်ပေါ့နော်။ ကျန်တာတွေကတော့ ငဝန်မြစ် ၊ သာပေါင်းပေါ့နော် အဲဒီမှာလည်း စိုးရိမ်အမှတ်ကိုကျော်နေတဲ့အနေအထားရှိတယ်။ သူကလည်း ဒါစိုးရိမ်အမှတ်အထက်မှာတော့ အများကြီးတော့ မရှိဘူး သူကတော့ ၃၊၄၊၅ စင်တီမီတာလောက်ပေါ့နော် တက်ရင်လည်း ၁-၂ စင်တီမီတာလောက်တက်၊ ကျရင်လည်း ၁-၂ စင်တီမီတာလောက်ကျတယ်။ နောက်တခုကတော့ ဒီ မအူပင်မှာလည်း ဒီရေအတက်အကျရှိတဲ့အတွက်ကြောင့် စိုးရိမ်အမှတ်ကို အမြင့်ဆုံးတက်တဲ့အချိန်မှာ ကျော်သွားတယ်ပေါေ့နာ်။ ပြန်ကျတဲ့အချိန်မှာ စိုးရိမ်အမှတ် အောက်ကို ပြန်ပြီးတော့ ရောက်သွားတဲ့အနေအထားမျိုးလေးတွေရှိတယ်ပေါ့နော်။ အလိုမျိုးပဲ မအူပင်မှာဆိုရင်လည်း ဒီရေအတက်အချိန် စိုးရိမ်အမှတ်ကို ကျော်သွားတယ်ပေါေ့နာ်။ ဒီရေပြန်ကျတဲ့အချိန်မှာ စိုးရိမ်အမှတ် အောက်ကို ပြန်ပြီးတော့ ကျသွားတဲ့အနေအထားမျိုးလေးတွေရှိတယ်ပေါ့နော်။"

ရန်ကုန်မြို့အတွင်း ထူကဲဒီရေ ဆက်လက်မြင့်တက်မှုကြောင့် တနလာၤနေ့က မြစ်ကမ်းနဲ့နီးတဲ့ မြို့တွင်း ရပ်ကွက်တချို့ လူနေအိမ်တွေ ရေလွှမ်းမိုးခဲပြီး နေအိမ်တွေထဲကို ရေတွေဝင်ရောက်ခဲ့ပါတယ်။ ပုဇွန်တောင်၊ ဒေါပုံ၊ ဒလ၊ လှိုင်သာယာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နဲ့ ကျောက်တန်းမြို့နယ်တွေမှာ ရေတွေ ဝင်ရောက်ခဲ့တာပါ။

၂၀၁၄ ခုနှစ် ၂၀၁၅ ခုနှစ်တွေက အခြေခံ ရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေအထိ တက်ခဲ့ဘူးတာကြောင့် ဒီနှစ် အခြေအနေကို စိုးရိမ်စရာ မဟုတ်တဲ့အကြောင်း မြဝတီ သတင်းစာမှာ ရေးသားပါတယ်။ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့မှာတော့ မီးသတ်ဌာန၊ စည်ပင်သာယာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး လူအင်အားအလုံးအရင်းနဲ့ စောင့်ကြည့် ပြင်ဆင်တာတွေ လုပ်နေပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ အလှပ်ကျေးရွာမှာ သြဂုတ်လ ၁၂ ရက်နေ့က ပင်လယ်ဒီရေတိုက်စားမှုကြောင့် နေအိမ် ၃၇ လုံး ပြိုကျပြီး ရေထဲ မျောပါသွားခဲ့ပါတယ်။ သထုံခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့က ကယ်ဆယ်ရေးပစ္စည်းတွေ သွားပြီး ထောက်ပံ့ခဲ့ရပါတယ်။ ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်အတွင်းမှာရှိတဲ့ ပင်လယ်ကမ်းစပ်ကျေးရွာတွေမှာလည်း သြဂုတ်လ ၁၂ ရက်နေ့က ဒီရေလှိုင်းရိုက်ခတ်တဲ့အတွက် နေအိမ် တချို့ ပျက်ဆီးခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သြဂုတ်လ ၁၃ ရက်နေ့က မြို့ကို ပတ်ပြီး ဆောက်ထားတဲ့ မြို့ထိန်း တမံ၊ ထိန်းတမံ ကျိုးပေါက်သွာတဲ့အတွက် လူ ၂၀၀ ကျော်ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ တမံအနီးမှာရှိတဲ့ အိမ်ခြေ ၇၀ ကျော် ရေငါးပေလောက် ဝင်ခဲ့တဲ့အကြောင်း ပြည်တွင်းသတင်းတွေမှာရေးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG