သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်တွင်း ရေကြီးရေလျှံမှု ထပ်မံကြုံနေရ


ဘားအံမြို့ရေကြီးစဉ် (MOI)
ဘားအံမြို့ရေကြီးစဉ် (MOI)

ကရင်ပြည်နယ်အတွင်းသံလွင်မြစ်ရေနဲ့ ရှမ်းပြည်ဘက်မိုးရွာသွန်းမူတွေေ ကြာင့် ဘားအံအပါအဝင် မြိုနယ်တချို့ဟာရေကြီးရေလျံမူတွေ ထပ်ကြုံရပါတယ် လက်ရှိမှာတော့ လူဦးရေ၈၀၀၀နိးပါးလောက် ကယ်ဆယ်ရေးစခန်းတွေမှာခိုလှုံနေရတယ်လို့ ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက ပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့လက သဘာ၀ ရေဘေးဒဏ်ကိုဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ ပြည်နယ်တွေထဲမှာ ကရင်ပြည်နယ်လည်းပါဝင်တာပါ။ အခုအခါမှာတော့ ဒီ ၂ရက်အတွင်း သံလွင်မြစ်ရေတက်လာတဲ့အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွေ အသစ်ထပ်ဖွင့်ရတဲ့အကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက ဦးစီးမှူး ညွန်ကြားရေးမှူး ဦးလင်းထွဋ်ကပြောပါတယ်။

"၇ ထောင်ကျော်လောက်ရှိတာပေါ့။ ၈ထောင်နီးပါးပေါ့ရေတက်လာလို့ကယ်ဆယ်ရေး စခန်းကို ရောက်ရှိလာတဲ့ အိမ်ထောင်စု ဒီနေ့ လက်ရှိအခြေအနေတွေပေါ့။ အရင်ကယ်ဆယ်ရေးစခန်းဟောင်းတွေက ၅ခုလောက်ရှိတာ အဲဒီကနေ ၂ခုကျန်တာ ထပ်ဖွင့်တာပေါ့။ ၂ခုလောက်ဖွင်ပြီးတော့ ဒီနေ့ ရေကတက်တော့ ၁ခုလောက် ထပ်ဖွင့်တာပေါ့ ဘားအံမှာတခု လှိုင်းဘွဲ့မှာ တခု ၂ခုတော့ ဒီနေ့ဖွင့်ထားရပါတယ်"

တလအတွင်းမှာပဲရေကြီးမူဒဏ်ကို ၂ကြိမ်ကြုံနေရပြီမို့ ကရင်ပြည်နယ်လူထု ကတော့ စိုးရိမ်စိတ်တွေ ရှိနေတယ်လို့ဆိုပါတယ်။

"လူတွေရဲ့ စိုးရိမ်စိတ်ကတော့ရှိတာပေါ့။ ဘယ်လိုပြောမလဲ ၂ခါထပ်ကြုံရတယ်ဆိုတော့ ဒီမှာက အတွေ အကြုံက ၂ခါဖြစ်တာ ထံုံးစံက မရှိဘူး။ တခါတောင်မှ စိုးရိမ်ရေမှတ်ကျော် မှ ကယ်ဆယ်ရေးစခန်း ကိုပြောင်းတာရှိတာ ကို အခုနှစ်ခါဖြစ်တယ်ဆိုတော့ လူတွေကရေမြန်မြန် တက်လာမှာကို စိုးရိမ်တာပေါ့ အရင်က ဖြစ်သွားတာက ၉၃၈လောက်ဖြစ်သွားတာကိုး"

ဘားအံမြို့မှာ အခုရေကြီးတဲ့အခါမှာ အရင်ကရေကျသွားပေမဲ့ အခုအခါမှာရေက မကျပဲ တန့်နေတဲ့အတွက်အလည်း အခက်အခဲတွေရှိနေတာပါ။ ပြီးခဲ့တဲ့ အခေါက်က ရေဘေးဒဏ်ခံရသူတွေတောင် အိမ်တွေကို မရွေပြောင်းနိုင်ခင် အခုတခေါက်ရေထပ်ကြိးတာကိုကြုံနေရတာပါ။ ဒေသခံတဦးကတော့ ကယ်ဆယ်ရေးတွေက အရင်ကလူတွေ ဆီကိုတောင် ကယ်ဆယ်ရေးပစ္စည်တွေ သွားနေပေးကြဆဲဖြစ်တယ်လို့ဆိုပါတယ်။

"အစကဟာကိုပဲ တချို့က သွားပေးနေကြတုန်း ရှိသေးတယ် အခုကရေ ထပ်မြင့်လာတယ် ဆိုတော့"

ကရင်ပြည်နယ် ရေကြီးမူကြောင့် ထိုင်းမြန်မာနယ်စပ်မှာတော့ နုစ်နိုင်ငံ ကုန်စည် စီးဆင်းမူတွေ လည်း ရပ်နားခဲ့ပြီး ဘတ်သန်းပေါင်းထောင်ဂဏန်း နစ်နာတွေရှိနေတာပါ။ အခုအခါတော့ လမ်းပန်းဆက်သွယ်ရေး ပြန်ပွင့်ပြီဆိုပေမဲ့ ကားအငယ်တွေသွားဖို့ခက်ခဲနေဆဲပဲဖြစ်တယ်လို့ ဦးလင်းထွဋ်ကဆိုပါတယ်။ ဒါပေမဲ့ အခုထိတော့ ကား အသွားအလာတွေ ရှိနေသေးတယ်လို့လည်းပြောပါတယ်။

"သွားလို့လာလို့ရတော့ပါသေးတယ်။ ရေကျော်တာတွေ ဘာတွေတော့ရှိတာပေါ့ ဒါပေမဲ့ ခါးအမြင့်တွေ ဘာတွေတော့မောင်းလို့ရသေးတယ်နှိမ့်တဲ့ဟာတွေဆိုရင်တော့ ရေဝင်ပြီး ရပ်သွားမှာတို့ဘာတို့တော့စိုးရိမ်ရတာပေါ့။ ကားအကြီးတွေ ဖိုးဝီးတွေ ဘာတွေဆိုရင်တော့မောင်းလို့ရပါတယ်။ ကားအကြီးတွေတော့မောင်းလို့ရပါတယ်"

ကရင်ပြည်နယ်ရေကြီးရေလျံမူဟာရှမ်းပြည်နဲ့ ဆက်စပ်နေတာမို့ သံလွင်မြစ်ရေ တက်တာကော ရှမ်းပြည်ကမိုးရွာသွန်းမူများရင်လည်း ရေက ဆက်ကြီးနေနိုင်တယ် လို့လည်းသူကဆိုပါတယ်။

"ကျိုင်းတုံဘက်က ဆင်းတယ်ပြောတယ်။ ရှမ်းပြည် မြောက်ပိုင်းကွမ်းလုံနဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေပိုင်းနဲ့ ကျနော်တို့သံလွင့်နဲ့ အဆက်အစပ်ရှိကိုး ဒီတော့ အဲဒီဘက်မှာလည်း မိုးရေကများတာကိုး ဒီမှာ မြစ်ကကျဉ်းတော့ အနှိမ့်ပိုင်းတွေ ကအကုန်လုံးရေဝင်တော့ တာပဲ"

မွန်ပြည်နယ်အတွင်းက ဘီးလင်းချောင်းဆုံ မော်လမြိုင် စတဲ့ရောတွေမှာလည်းရေကြီး မူတွေပြန်ဖြစ်နေပြိးရွေပြောင်းမူတွေလည်းလုပ်နေရပါတယ်။အိမ်ခြေပျက်စီးမူတွေလည်းရှိနေတာပါ။

ပြီးခဲ့တဲ့ တလအတွင်းမှာ မြန်မာနိုင်ငံတွင်းက တိုင်းနဲ့ ပြည်နယ်အတော်များများ ရေကြီးရေလျံမူတွေဖြစ်တာကြောင့် လူ၁၁ဦးထိသေဆုံးခဲ့ရတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ခဲ့ပေမဲ့ ဒီထက်မကရှိနိုင်တယ်လို့ ဒေသဆိုင်ရာ သတင်းတွေမှာဖော်ပြတာပါ။ ဇူလိုင်လအတွင်းရေကြီးမူအတွင်း လူပေါင်း တသိန်း နှစ်သောင်းကျော်ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ကြောင်းဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမူ ဦးစီးဌာနက ဇူလိုင်လ ကုန်ပိုင်းက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ရေကျသွားပေမယ့် ရွာတချိုကအိမ်တွေ မျောပါသွားတာကြောင့် ကျေးရွာနေပြည်သူတွေကတော့ အိုးအိမ်မဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG