သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရေဘေးကူညီဖို့ အမေရိကန်အသင့်ရှိ


ကလောမြို့ရေကြီးနေစဉ် (စက်တင်ဘာ ၁၃၊ ၂၀၂၄)
ကလောမြို့ရေကြီးနေစဉ် (စက်တင်ဘာ ၁၃၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် အာရှဒေသတဝန်း Yagi တိုင်ဖုန်း မုန်တိုင်းဒဏ်ကြောင့် လူ့အသက်တွေ သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောကြားခဲ့ပါတယ်။ အင်အားပြင်း Yagi မုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူအများအပြား သေဆုံးခဲ့ရတာကို ဝမ်းနည်းကြေကွဲကြောင်းနဲ့ အကူအညီတွေ ပေးသွားမယ့်အကြောင်း စက်တင်ဘာ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေအပြင် Yagi မုန်တိုင်းရဲ့ ဂယက်ကြောင့် ထိုင်း၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ လူတွေ သေဆုံး၊ အကြီးအကျယ် ရေလွှမ်းမိုးပြီး ထိခိုက်ပျက်စီးနေမှုတာတွေအပေါ် စိတ်မကောင်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာတော့ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ အကြီးအကျယ် ရေကြီးနေပါတယ်။ ရန်ကုန် မန္တလေးလမ်းအပါအဝင် ကားလမ်း၊ မီးရထားလမ်းတချို့ ရေလွှမ်းနေလို့ အသွားအလာ ပြတ်တောက်နေသလို၊ တံတားတွေ ကျိုးပျက်ပြီး စိုက်ခင်းတွေ ရေလွှမ်းမိုးနေပါတယ်။ လူတရပ်ကျော် ရေမြုပ်နေတဲ့ နေရာတွေမှာ ရေဘေးဒုက္ခသည်တွေဟာ အိမ်ခေါင်မိုးတွေ သစ်ပင်အမြင့်တွေပေါ်တက်ပြီး ကယ်ဆယ်ရေးတွေကို စောင့်နေကြရပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ အလွန်အမင်း လိုအပ်နေတယ်လို့ ပရဟိတအကူအညီပေးနေသူတွေက ပြောပါတယ်။ မြို့တော်တော်များများမှာ ဒေသခံတွေ ထောင်နဲ့ချီ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေကြပါတယ်။ နေပြည်တော်အနီးတဝိုက်မှာ ရေဘေးကြောင့် လူ ၁၉ ယောက်ထက် မနည်း သေဆုံးပြီး သုံးထောင်ကျော်ကို ဘေးလွတ်ရာ ယာယီတည်းခိုရာနေရာတွေကို ပို့ဆောင်နေတဲ့အကြောင်း စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်ပါတယ်။ ရေဘေးကြောင့် လူအသေအပျောက် သေဆုံးသူ အရေအတွက်ဟာ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေထက် အများကြီး သာနိုင်ပြီး ရာနဲ့ချီရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

ပျက်ဆီးဆုံးရှံးမှု ပမာဏသိပ်များပြီး လူတွေ သိန်းနဲ့ချီ ဒုက္ခရောက်နေတဲ့အတွက် ခန့်မှန်းရခက်တယ်လို့ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူတယောက်က VOA ကို ပြောပါတယ်။ ရေလွှမ်းမိုးမှုတွေကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြား စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ရေကြီးမြေပြိုတာတွေ ကြုံနေရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG