သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထည်ချုပ်လုပ်သားတွေ ထိန်းသိမ်းထားတဲ့ တရုတ်ဝန်ထမ်းတွေ လွတ်မြောက်


ရန်ကုန်က အထည်ချုပ်စက်ရုံ တရုံတွင်း အထည်ချုပ် အလုပ်သမားတွေ အလုပ်လုပ်နေကြစဉ်။ ( ဧပြီ ၂၁၊ ၂၀၁၂)
ရန်ကုန်က အထည်ချုပ်စက်ရုံ တရုံတွင်း အထည်ချုပ် အလုပ်သမားတွေ အလုပ်လုပ်နေကြစဉ်။ ( ဧပြီ ၂၁၊ ၂၀၁၂)

တရုတ်ပိုင် Hangzhou Baiyi အထည်ချုပ်စက်ရုံမှာ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတွေက တရုတ်အလုပ်သမား ခုနစ် ယောက်ကို နာရီအတော်ကြာ ဖမ်းထားပြီးတဲ့နောက် ပြန်လွှတ်ပေးလိုက်ပါတယ်။

ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ဟာ လှိုင်သာယာက အထည်ချုပ်စက်ရုံ ရဲ့ ပြူတင်းပေါက်တွေနဲ့ တံခါးတွေကို ရိုက်ချိုး ဖျက်ဆီး ကြတယ်လို့ သတင်းတွေမှာ ဖော်ပြ ပါတယ်။ တရုတ်သတင်းမီဒီယာတွေမှာ စက်ရုံအပျက်အစီး ပုံတွေနဲ့ သတင်းတွေကို ဖော်ပြကြ ပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေ ကြားဝင်ညှိနှိုင်းပေးပြီးတဲ့နောက် တရုတ်ဝန်ထမ်းတွေကို ကြာသပတေးနေ့က ပြန်လွှတ်ပေးလိုက် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကောင်စစ်ရေးရာ တာဝန်ရှိသူတဦးဖြစ်တဲ့ Liu Songhai က ဒီကနေ့ပြောပါတယ်။ ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူပေးဖို့ မြန်မာတာဝန်ရှိသူတွေကို တရုတ်သံရုံးက ပန်ကြားထားတယ်လို့လဲ ကောင်စစ် တာဝန်ရှိသူ Liu ကပြောပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ တရုတ်စီးပွားရေးလုပ်ငန်းအများအပြား ရင်းနှီး မြှုပ်နှံပြီး လုပ်ကိုင်နေကြပါတယ်။

အာဖရိကနဲ့ အာရှဒေသက တရုတ်လုပ်ငန်းအများအပြားမှာ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် ဒေါသထွက်ကြ တဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား အငြင်းပွားတာတွေ မကြာခနဖြစ်လေ့ရှိပါတယ်။

အထည်ချုပ်လုပ်သားတွေ ထိန်းသိမ်းထားတဲ့ တရုတ်ဝန်ထမ်းတွေ လွတ်မြောက်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG