သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင့်စားကုန် အန္တရာယ်ဆိုင်ရာ စစ်ဆေးမှု


FDA အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က ပုံနှင့်တကွ ထုတ်ပြန်တဲ့ တားမြစ်တဲ့မြန်မာအစားအစာများ
FDA အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၊အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က ပုံနှင့်တကွ ထုတ်ပြန်တဲ့ တားမြစ်တဲ့မြန်မာအစားအစာများ

မြန်မာစားကုန်တချို့ အမေရိကန်နိုင်ငံကို တရားမဝင် ဝင်လာတာ သတိပေးချက် ထွက်လာချိန်၊ ဒီစားကုန်တွေမှာ အန္တရာယ်ရှိတဲ့ပစ္စည်းတွေပါတာ စစ်ဆေးထားမှုတွေ မရှိသေးဘူးလို့ အာဟာရပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

စားကုန်တွေထဲမှာ အန္တရာယ်ရှိတဲ့ပစ္စည်း (Hazard) ပါတာကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထံ တိုင်ကြားလာမှသာ စစ်ဆေးလေ့ရှိပါတယ် ပြင်ပပစ္စည်းပိုင်းအန္တရာယ် (Physical Hazard) ဖြစ်တဲ့ သတ္တုစ (သံ/သံဖြူ/စတီး)၊ သစ်စ၊ ကျောက်/အုတ် ခဲစ၊ ပလပ်စတစ်စ၊ လူ့ကိုယ်ခန္ဓာပိုင်းအန္တရာယ် (Biological Hazard) ဖြစ်တဲ့ လက်သည်းစ၊ ဆံပင်စ၊ ဓာတုပစ္စည်းပိုင်းအန္တရာယ် (Chemical Hazard) ဖြစ်တဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကြီးမြန်ဆေး စတာပါမပါကို ဒီစားကုန်တွေ စားသုံးပြီး နေမကောင်းဖြစ်တာ (Foodborne Illness) ကို တိုင်လာမှသာ စစ်ဆေးလေ့ရှိတာပါ။

အမေရိကန်နိုင်ငံကို တရားမဝင်စားကုန် အန္တရာယ်အဖြစ် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) ရဲ့ အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က သတိပေးလာအပြီး၊ အခုလို FDA ရဲ့ စစ်ဆေးမှု မရှိသေးချိန်၊ မြန်မာ FDA ဘက်ကတော့ စစ်ဆေးပြီး ခွင့်ပြုချက်ရှိတာ တွေ့ထားပါတယ်။ ဒီနေရာမှာ မြန်မာ FDA ရဲ့ စံချိန်စံညွန်းတွေကလည်း တခြားနိုင်ငံတွေနည်းတူ ဖြစ်နိုင်ပေမဲ့၊ စားကုန်ထုတ်လုပ်သူတွေဘက်က တိကျစွာလိုက်နာ ထုတ်လုပ်မူရှိမရှိနဲ့ မတော်တဆ အန္တရာယ်ပစ္စည်းပါသွားတာ ရှိမရှိကိုတော့၊ ဒီစားကုန်သုံးစွဲအပြီး နေမကောင်းတာတခုခုနဲ့ တိုင်ကြားလာမှသာ ပြန်စစ်ဆေး သိရှိနိုင်မှာပါ။

အခုလိုအချိန်မှာ အစာဘေးအန္တရာယ်ကင်းရေး (Food Safety) အတွက် ဒီစားကုန်အညွှန်းမှာပါတာ အသေအချာဖတ်ပြီး၊ နည်းနည်းချင်းကာလခြား စားသုံးသင့်ပါတယ်။ အန္တရာယ်ရှိတဲ့ပစ္စည်း ပါလာခဲ့လျှင်တောင် အများကြီးဆက်မစားမိတာမို့ ကျန်းမာရေးအန္တရာယ် နည်းစေနိုင်လို့ပါ။ အထူးသဖြင့် မြန်မာစားကုန်တွေမှာ အချိုအငန်နဲ့ အဆီပါဝင်မှု များနိုင်ခြေရှိတာနဲ့၊ မကောင်းတဲ့ဆီ ပါဝင်မှုကို ရှင်းလင်းစွာ မဖော်ပြနိုင်ခြေတချို့ရှိတာကြောင့် အခုလို ဆင်ခြင်စားသုံးသင့်တာပါ။ ဒါ့အပြင် အသင့်စားကုန်မှာ ဒီအန္တရာယ်ရှိပစ္စည်းတွေ ပါသွားလျှင် အများကြီးစားလည်း အာဟာရ မဖြစ်စေတော့တာမို့ပါ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့က အစာအာဟာရပညာရှင်နဲ့ အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချိုကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG