သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဋိပကၡေတြေၾကာင့္ ျမန္မာႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ ေနရပ္စြန္႔ခြာရသူ ၁ သိန္း ၇ ေသာင္းေက်ာ္ရွိ (UNOCHA)


ခ်င္းျပည္နယ္အတြင္း တုိက္ပြဲေတြေၾကာင့္ ေတာေတာင္ေတြထဲ ပုန္းေအာင္းေနရတဲ့ ေဒသခံအခ်ဳိ႕။ (ေမ ၂၀၊ ၂၀၂၁)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ ေဖေဖာ္၀ါရီလ၁ ရက္ေနာက္ပုိင္း အၾကမ္းဖက္မႈေတြ၊ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ႏုိင္ငံအေရွ ႔ေတာင္ဖက္ပိုင္းမွာ ေနရပ္စြန္႔ခြါထြက္ေျပးေနရသူ ၁သိန္း ၇ ေသာင္းေက်ာ္ထိရွိေနတယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။

အဲဒီထဲမွာေမလ ၂၁ ရက္ေန႔ေနာက္ပိုင္း အေျခအေနတင္းမာလာေနတဲ့ ကယားျပည္နယ္နဲ႔ ႐ွမ္းျပည္နယ္ထဲက ေဒသခံ ၁သိန္း၂ေသာင္းေက်ာ္ပါ၀င္တယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ညွိႏႈိင္းေရးမွဴး႐ုံး UNOCHA ရဲ႕ ေသာၾကာေန႔က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႔နယ္တ၀ုိက္မွာလည္း ေဒသခံကာကယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ၾကား ပစ္ခတ္တုိက္ခိုက္မႈေတြေၾကာင့္ ခ်င္းျပည္နယ္၊ မေကြးတုိင္းနဲ႔ စစ္ကိုင္းတိုင္းထဲက ယာယီခိုလႈံေရးစခန္း ၁ရာေက်ာ္မွာ ခုိလႈံေနတဲ့ျပည္သူ ၁ေသာင္း ၈ေထာင္ေက်ာ္ရွိေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္းနဲ႔ေျမာက္ပိုင္းမွာေတာ့ ၂၀၂၁ ခုနွစ္စပုိင္းကစၿပီး စစ္ေရွာင္ဒုကၡသည္ ၂၂၀၀၀ ေက်ာ္ရွိေနၿပီး ယာယီခုိလႈံေရးစခန္းမွာ၃၃ ခုမွာ ေနထုိင္ေနရသူ ၇ ေထာင္ေလာက္ရွိေနတာပါ။

ရခိုင္ျပည္နယ္၊ ၿမိဳ႔နယ္အေတာ္မ်ားမ်ားမွာလည္း မိုးႀကီးၿပီးေရႀကီးေရလ ွ်ံတဲ့အတြက္ လူေသဆုံးတာေတြလည္းရွိေနၿပီး ေထာင္နဲ႔ခ်ီတဲ့ျပည္သူေတြ ေဘးလြတ္ရာေရႊ႕႔ေျပာင္းေပးထားရတယ္လို႔လည္း UNOCHA ရဲ ႔အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

၂၀၂၁ခုႏွစ္ေနာက္ပိုင္း အကူအညီအေတြအေရးတႀကီးလိုအပ္ေနတဲ့ ျပည္သူ ေနာက္ထပ္ ၂ သန္းအတြက္ လူသားခ်င္းစာနာမႈအကူအညီအေတြ ေပးအပ္ႏိုင္ေအာင္ ေဒၚလာ ၁၀၉ သန္း ရံပုံေငြေကာက္ခံႏုိင္ဖို႔ အေရးေပၚတုန္႔ျပန္ႏိုင္ေရးၾကားျဖတ္အစီအစဥ္တခုကို ေရးဆြဲထားတယ္လို႔လည္း ေဖာ္ျပထားတာပါ။

လူသားခ်င္းစာနာမႈတုန္႔ျပန္ေဆာင္ရြက္ေရးအစီအစဥ္ကေန ျမန္မာအတြက္ ေဒၚလာ ၂၇၆.၅ သန္းေတာင္းခံထားတာျဖစ္ၿပီး ဂ်ဴလုိင္ ၂၉ ရက္ေန႔ထိ ရံပုံေငြ ၄၂ရာခုိင္ႏႈန္းရရွိထားပါတယ္။ ဒါေပမယ့္လည္း ရံပုံေငြ ၅၀ ရာခိုင္ႏႈန္းေက်ာ္ လိုအပ္ေနတယ္လို႔လည္းဖာ္ျပထားပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ၁ ရက်နောက်ပိုင်း အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအရှေ့တောင်ဖက်ပိုင်းမှာ နေရပ်စွန့်ခွါထွက်ပြေးနေရသူ ၁သိန်း ၇ သောင်းကျော်ထိရှိနေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

အဲဒီထဲမှာမေလ ၂၁ ရက်နေ့နောက်ပိုင်း အခြေအနေတင်းမာလာနေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ဒေသခံ ၁သိန်း၂သောင်းကျော်ပါဝင်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တဝိုက်မှာလည်း ဒေသခံကာကယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ယာယီခိုလှုံရေးစခန်း ၁ရာကျော်မှာ ခိုလှုံနေတဲ့ပြည်သူ ၁သောင်း ၈ထောင်ကျော်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတော့ ၂၀၂၁ ခုနှစ်စပိုင်းကစပြီး စစ်ရှောင်ဒုက္ခသည် ၂၂၀၀၀ ကျော်ရှိနေပြီး ယာယီခိုလှုံရေးစခန်းမှာ၃၃ ခုမှာ နေထိုင်နေရသူ ၇ ထောင်လောက်ရှိနေတာပါ။

ရခိုင်ပြည်နယ်၊ မြို့နယ်အတော်များများမှာလည်း မိုးကြီးပြီးရေကြီးရေလ ျှံတဲ့အတွက် လူသေဆုံးတာတွေလည်းရှိနေပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရတယ်လို့လည်း UNOCHA ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ်နောက်ပိုင်း အကူအညီအတွေအရေးတကြီးလိုအပ်နေတဲ့ ပြည်သူ နောက်ထပ် ၂ သန်းအတွက် လူသားချင်းစာနာမှုအကူအညီအတွေ ပေးအပ်နိုင်အောင် ဒေါ်လာ ၁၀၉ သန်း ရံပုံငွေကောက်ခံနိုင်ဖို့ အရေးပေါ်တုန့်ပြန်နိုင်ရေးကြားဖြတ်အစီအစဉ်တခုကို ရေးဆွဲထားတယ်လို့လည်း ဖော်ပြထားတာပါ။

လူသားချင်းစာနာမှုတုန့်ပြန်ဆောင်ရွက်ရေးအစီအစဉ်ကနေ မြန်မာအတွက် ဒေါ်လာ ၂၇၆.၅ သန်းတောင်းခံထားတာဖြစ်ပြီး ဂျူလိုင် ၂၉ ရက်နေ့ထိ ရံပုံငွေ ၄၂ရာခိုင်နှုန်းရရှိထားပါတယ်။ ဒါပေမယ့်လည်း ရံပုံငွေ ၅၀ ရာခိုင်နှုန်းကျော် လိုအပ်နေတယ်လို့လည်းဖာ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG