မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာရှားပါးမှုပြဿနာကြုံနေရတာကိုဖုံးဖိဖို့ စစ်ကောင်စီက သုတေသန သမားတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို ဖိအားပေးနေတယ်လို့ Reuters သတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။
သန်းနဲ့ချီတဲ့မြန်မာပြည်သူတွေ အငတ်ပြဿနာနဲ့ ဆိုးဆိုးရွားရွားကြုံနေရတာနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ဆန်းစစ်ချက်တွေကို ထုတ်ပြန်တာမလုပ်ဖို့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အကူအညီပေးရေးလုပ်ငန်း အကြီးတန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက သတိပေးထားတယ် လို့လည်း နီးစပ်သူတွေကို ကိုးကားပြီး ဖော်ပြထားတာပါ။ နိုင်ငံတကာက အငတ်ဘေးအခြေအနေနဲ့ ပတ်သက်လို့ စောင့်ကြည့်အကဲခတ်နေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ IPC အဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖော်ပြချက်တွေကိုလည်း မကြာသေးခင် သီတင်းပတ်တွေကပဲ ဖယ်ရှားခဲ့ပါတယ်
အငတ်ဘေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကမ္ဘာ့မြေပုံမှာ အရောင်နဲ့ ခွဲခြားသတ်မှတ် ဖော်ပြလေ့ရှိတဲ့ IPC ဝဘ်ဆိုဒ်မှာ သုတေသီတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်တွေကို ဖြုတ်ပစ်ခဲ့တာပါ။ ကမ္ဘာမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု အဆိုးဆုံးကြုံနေရတဲ့ နိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေတဲ့ တွေ့ရှိချက်တွေကိုလည်း လူသိရှင်ကြား မထုတ်ပြန်ခဲ့ပါဘူး။
အကူအညီပေးရေး ဝန်ထမ်းတွေ၊ သုတေသီတွေ သံတမန်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေ လူပေါင်း ၃၀ ကျော်ကို Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းပေမဲ့ စစ်ကောင်စီက အငြိုးထားမှာ စိုးရိမ်တာကြောင့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
Forum