သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၁၅ သန်းလောက် အခုနှစ်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင် 


စစ်ဘေးရှောင်ပြည်သူတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
စစ်ဘေးရှောင်ပြည်သူတွေရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၁၅ သန်းလောက် စားနပ်ရိက္ခာမလုံလောက်တဲ့ အငတ်ဘေး ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အရေအတွက်က လူ ဆယ့်သုံးသန်းသုံးသိန်း (၁၃,၃၀၀,၀၀၀ ) လောက်သာရှိခဲ့ကြောင်းနဲ့ ဒီနှစ် ရင်ဆိုင်နိုင်ခြေပမာဏပိုများလာပြီး အထူးစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ချင်း၊ ကချင်၊ ရခိုင် ပြည်နယ်တွေနဲ့ အထူးသဖြင့် စစ်ကိုင်း တိုင်းဒေသတွေမှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ ရှားပါးမှုအခက်အခဲကို ကြုံတွေ့နေရပါတယ်။ လူသုံး ယောက်မှာတယောက်နှုန်းနဲ့ စုစုပေါင်း လူ သန်း ၂၀ လောက် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့အကြောင်း ကူညီထောက်ပံ့ပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ကိုးကားဖေါ်ပြထားပါတယ်။

နိုင်ငံတဝှမ်းပဋိပက္ခတွေ ပိုပြီးပြင်းထန်လာတာ၊ သွားလာခွင့်တွေ ကန့်သတ်ပိတ်ပင်ခံရတာ၊ စီးပွားရေး ယိမ်းယိုင်လာတာနဲ့ ရာသီဥတုနဲ့ဆက်စပ်တဲ့ဘေးဒဏ်တွေ ဆက်တိုက်ကြုံခဲ့တာတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုအခြေအနေက အရင်က မကြုံဖူးတဲ့အနေအထားကို ရောက်လာတာလို့ WFP မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Michael Dunford က ပြောဆိုပါတယ်။

နိုင်ငံအတွင်းမှာ အိုးမဲ့အိမ်မဲ့နေရပ်စွန့်ခွာသူ သုံးသန်းခွဲလောက်ရှိပြီး လက်နက်ကိုင်ပဋိပက္ခတွေပိုပြီး ကျယ်ပြန့်လာတဲ့အတွက် ၂၀၂၅ ခုနှစ်အတွင်း နေရပ်စွန့်ခွာသူလေးသန်းခွဲလောက်အထိ တိုးလာနိုင် တယ်လို့လည်း WFP က ခန့်မှန်းထားပါတယ်။

Forum

XS
SM
MD
LG