သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစက်ဘီးသမားနှစ်ဦးရဲ့ မဲဆောက်- ဘန်ကောက် ရံပုံငွေခရီးစဉ်


မြန်မာပြည်တွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေရေးအနေနဲ့ မဲဆောက်ကနေ ဘန်ကောက်အထိ စက်ဘီးစီးလာသူတဦး။ (ဓာတ်ပုံ courtesy photo
မြန်မာပြည်တွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေရေးအနေနဲ့ မဲဆောက်ကနေ ဘန်ကောက်အထိ စက်ဘီးစီးလာသူတဦး။ (ဓာတ်ပုံ courtesy photo

မြန်မာပြည်တွင်းက စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့နဲ့ မြန်မာပြည်အရေး နိုင်ငံတကာကပိုသိအောင် မြန်မာနိုင်ငံသားနှစ်ယောက်ဟာ မဲဆောက်ကနေ ဘန်ကောက်အထိ စစ်ဘီးစီး စစ်ဘေးရှောင်ရန်ပုံငွေအတွက်ရည်ရွယ်ပြီး မဲဆောက်ကနေဘန်ကောက်အထိ မိုင် ၃၀၀ ကျော်ခရီးကို မြန်မာနှစ်ဦးက စက်ဘီးနင်း ပြသခဲ့ပါတယ်။ မြန်မာကျပ်ငွေ ၁၀ သိန်းနီးပါးရခဲ့တဲ့ခရီးစဉ်နဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်ပြည်သူ သန်းနဲ့ချီရှိလာချိန်မှာ ထိုင်း-မြန်မာနယ်စပ်က စစ်ဘေး‌ရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံသားနှစ်ယောက်ဟာ မဲဆောက်ကနေ ဘန်ကောက်အထိ ကီလို ၅၀၀ နီးပါ မိုင်နဲ့ဆို မိုင် ၃၀၀ ကျော်ခရီးကို စစ်ဘီးနင်းခဲ့ကြပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာကပိုသိအောင်၊ အာရုံစိုက်အောင်ရည်ရွယ်တဲ့ ဒီခရီးကို မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM လုပ်လာတဲ့ဆရာဝန်တဦးဖြစ်တဲ့ ကိုနေလင်းနဲ့ တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ကိုထက်အောင်တို့က ဒီလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာပါ။ ခရီးရှည် စက်ဘီးနင်းတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တဲ့မြန်မာနိုင်ငံသား နှစ်ဦးထဲက ကိုထက်အောင်ကတော့ အခုလိုပြောပါတယ်။

"ကျနော်တို့ စက်ဘီးနင်းရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို အဓိကကူညီချင်တဲ့အတွက် ရည်ရွယ်ထားတယ်။ ကိုယ့်မြန်မာပြည်သားတွေအတွက် ဒီအတိုင်းအလှူခံမယ့်အစား ကိုယ်လက် လှုပ်ရှားမှုလုပ်တဲ့အခါ ပိုပြီးစိတ်ဝင်စားမှုတွေပိုများလာမယ်။ အခုလိုစက်ဘီးစီးတဲ့အတွက် ကူညီချင်တာလည်း ပိုများလာတယ်။ မဲဆောက်ကနေ ဘန်ကောက်ကို စက်ဘီးနင်းတဲ့အခါမှာ ထမင်းစားချိန်ကလွဲရင်ကျနော်တို့ ၂ ရက်နဲ့ရောက်အောင်မောင်းလာခဲ့တယ်။ ကျနော်တို့ စက်ဘီးသမားတောင် ၂ ရက်နဲ့မောင်းနိုင်ဖို့ကတော့မလွယ်ဘူး။ မနားတမ်းနင်းခဲ့တဲ့အချိန်မှာ ၂ ရက်နဲ့ရောက်လာခဲ့ပါတယ်။"

မြန်မာစက်ဘီးသမားနှစ်ဦးဟာ ပေ ၅,၃၀၀ ကျော်မြင့်တဲ့ တောင်တန်းတွေကိုလည်း ဖြတ်ကျော်ခဲ့ရပြီး လမ်းခရီးမှာ လုံခြုံရေးအခက်အခဲအပါအဝင် အခက်အခဲများစွာရှိခဲ့ပေမယ့်လည်း စစ်ဘေးရှောင်ပြည်သူတွေအတွက်ရည်ရွယ်ပြီး ဘန်ကောက်ကိုနှစ်ရက်နဲ့ရောက်အောင် စက်ဘီးစီးနင်းခဲ့တာပါ။ ခရီးရှည် စက်ဘီးနင်းပြီးရံပုံငွေရဖို့အတွက် မြန်မာ ကျပ်ငွေ ၁၀ သိန်းလောက်ထိရနိုင်ဖို့ မျှော်မှန်းထားပြီး အခုလောလောဆယ်မှာ ရံပုံငွေ ရရှိထားတဲ့အခြေအနေတွေကိုလည်း ပြောပြပါတယ်။

"ကျနော်တို့ အလှူငွေတွေ အကုန်မပေါင်းရသေးပေမယ့် အခုထိဝင်လာတုန်းမို့ လတ်တလော မြန်မာကျပ်ငွေ ၁၀ သိန်းဝန်းကျင် ရထားပါတယ်။မဲဆောက်ပြန်ရောက်မှ အကုန်လုံးစုပေါင်းနိုင်မှာပါ။"

အလားတူခရီးရှည်ချီတက်ခဲ့တဲ့ မြန်မာရဟန်းတပါးတဦးလည်း ရှိခဲ့ဖူးပါတယ်။ မြန်မာ့အရေးကို နိုင်ငံတကာကပိုသိအောင် မဲဆောက်ကနေ ဘန်ကောက်အထိ ခရီးရှည်ချီတက်တာတွေလုပ်ခဲ့တာကြောင့် လမ်းတဝက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတာကြုံရဖူးပါတယ်။ အခု စက်ဘီးစီးနင်းတဲ့ မြန်မာအရေးတက်ကြွလှုပ်ရှားသူနှစ်ဦးကတော့ သူတို့ရည်မှန်းချက်အတိုင်း ဘန်ကောက်အထိ ရောက်ရှိသွာပြီဖြစ်ပါတယ်။ သူတို့ရရှိတဲ့ရံပုံငွေတွေကိုတော့ မကြာခင်မှာ စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်ရှင်။

Forum

XS
SM
MD
LG