သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ တရားမဝင်အလုပ်သမား အယောက် ၂၀ ထိုင်း-မလေးရှားနယ်စပ်မှာ ဖမ်းခံရ


၂၀၀၈ ခုနှစ်က တရားမ၀င်အလုပ်သမားများကို ဖမ်းဆီးထားစဉ်

မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်နိုင်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံက တရားမဝင်ရွှေ့ပြောင်းအလုပ်သမား အယောက် ၂၀ ကို ထိုင်းနိုင်ငံ ဆွန်ခလခရိုင်က နေအိမ်တအိမ်မှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။

အစောပိုင်းက ဖမ်းဆီးမိခဲ့တဲ့ မြန်မာအလုပ်သမား ၂ ယောက်ကို စစ်မေးရာကနေ နောက်ထပ် အယောက် ၂၀ ကိုဖမ်းမိတာဖြစ်တယ်လို့ အမှတ် ၅ ခြေမြန်တပ်ရင်းရဲ့ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူး Woradet Detraksa က သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံနဲ့ နယ်စပ်နားမှာရှိတဲ့ ဆွန်ခလာခရိုင်ထဲက Mr Arkim Chaipanurak ဆိုသူရဲ့ နေအိမ်မှာ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းမိတာဖြစ်ပါတယ်။ သူတို့အနေနဲ့ မလေးရှားနိုင်ငံထဲမှာ အလုပ်သွားလုပ်နိုင်ဖို့ တရားမဝင်လမ်းကြောင်းကနေ ခေါ်သွားပေးမဲ့ ပွဲစားကို စောင့်နေကြတာဖြစ်တယ်လို့ အစောပိုင်းဖမ်းမိသူ ၂ ယောက်က ပြောတယ်လို့ ဆိုပါတယ်။

Arkim ဆိုသူ ကိုယ်တိုင်ကလည်း တရားမဝင် မြန်မာအလုပ်သမားတွေကို မလေးရှားမှာ အလုပ်သွားလုပ်နိုင်ဖို့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေသူဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဖမ်းဆီးခံထားရသူအားလုံးကို ထိုင်းစစ်အခြေစိုက်စခန်းတခုမှာ ဖမ်းဆီးထားပြီး ခုလို မြန်မာနိုင်ငံက တရားမဝင်အလုပ်သမားတွေကို လူကုန်ကူးမှုမှာ ထိုင်းလူမျိုးတွေအပြင် နိုင်ငံခြားသားတွေပါဝင်ပါသက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့ ထိုင်း PBS သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG