သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေနဲ့အတူ ဆက်ရပ်တည်မည် (ကန်နိုင်ငံခြားရေးဝန်ကြီး)


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးမှာ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ဆက်လက် ရပ်တည်နေတယ်ဆိုတာကို ထပ်လောင်း ပြောကြားပါကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာကို နိုင်ငံတခုအဖြစ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတယ် ဆိုတာကို အစောဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စု ပါဝင်ခဲ့တဲ့အကြောင်းနဲ့ အခုချိန်မှာလည်း ဒီမိုကရေစီရရှိရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး သာယာဝပြောမှုနဲ့ လူ့အခွင့်အရေးတွေ ကို ခံစားခွင့်ရဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်နေပါတဲ့အကြောင်းလည်း ဇန်နဝါရီလ ၃ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ မြန်မာစစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ အင်အားစု အားလုံး ပါဝင်တဲ့ ဒီမိုကရေစီ စနစ် ပြန်လည် အကောင်အထည် ဖော်ဖို့လည်း အမေရိကန်အစိုးရက တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို စစ်ကောင်စီက ဦးဆောင် ကျင်းပသလို၊ နိုင်ငံတဝန်း လုံခြုံရေးတွေလည်း တင်းကျပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG