သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်မြောက်ပိုင်းကို ပြည်တွင်းသတင်းထောက်တွေ သွားလေ့လာ


မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဦးဆောင်သော သတင်းမီဒီယာအဖွဲ့ အငူမော်၌ ကွင်းဆင်း သတင်းယူ (MOI)
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဦးဆောင်သော သတင်းမီဒီယာအဖွဲ့ အငူမော်၌ ကွင်းဆင်း သတင်းယူ (MOI)

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက နောက်ဆုံး အခြေအနေတွေကို သိရဖို့အတွက် ရခိုင်ပြည်နယ်ကို ရောက်ရှိနေကြတဲ့ မြန်မာပြည်တွင်း သတင်းမီဒီယာသမားတွေဟာ ဒီကနေ့ ဇန်နဝါရီလ ၈ ရက် တနင်္လာနေ့မှာတော့ မောင်တော ဒေသအတွင်းက အခြေအနေတွေကို လေ့လာသတင်းယူကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ မျိုးသန့် ဦးဆောင်တဲ့ ပြည်တွင်း သတင်းထောက်တွေဟာ မနေ့ တနင်္ဂနွေနေ့တုန်းကတော့ မောင်တောဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လေ့လာသတင်းယူခဲ့ပြီး၊ ရသေ့တောင်မြို့နယ်အတွင်းက ဒုံးပိုက်ရွာ၊ ကိုးတန်ကောက်ရွာနဲ့ အင်းဒင်ရွာတွေကိုလည်း သွားရောက် သတင်းယူခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက ကျောက်ပန္ဒူ ပင်လယ်ကမ်းခြေနဲ့ အလယ်သံကျော် ပင်လယ်ကမ်းခြေတွေကိုလည်း သွားရောက် လေ့လာခဲ့ကြပါတယ်။ အခုခရီးစဉ်ကို လိုက်ပါသွားကြတဲ့ သတင်းသမား ၃၁ ဦးတို့ဟာ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် တွေဖြစ်ကြတဲ့ DVB၊ 7Day က သတင်းထောက်တွေပါဝင်သလို တခြား ပြည်တွင်းသတင်းဌာနနဲ့ အလွတ်တန်း သတင်းထောက်တွေလည်း ပါဝင်ပါတယ်။

သတင်းမီဒီယာသမားတွေဟာ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကိုလည်း လေ့လာခဲ့ကြပြီး စီးပွားရေးဇုန် ဒု- ဥက္ကဌ ဦးအာင်မြင့်သိန်းနဲ့လည်း တွေ့ဆုံခဲ့ကြသလို နယ်စပ်ခြံစည်းရိုးတွေကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG