သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျတက္ကသိုလ် ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၁၄၈ သတ်မှတ်


ဆူးလေစေတီအနီး ရန်ကုန်မြို့လယ်ခေါင်က လမ်းသွာလမ်းလာများ (ဧပြီ ၂၉၊ ၂၀၂၄)
ဆူးလေစေတီအနီး ရန်ကုန်မြို့လယ်ခေါင်က လမ်းသွာလမ်းလာများ (ဧပြီ ၂၉၊ ၂၀၂၄)

ဩစတေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေးတက္ကသိုလ်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် Global Peace Index ခေါ် GPI ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အညွှန်းကိန်း အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အဆင့် ၁၄၈ မှာ သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ကနဲ့ စာရင် နောက်ထပ်အဆင့်သုံးခု ကျဆင်းသွားတာ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဆင့် ၃၀ အောက်ကို ရောက်သွားတာပါ။ ကမ္ဘာ့လူဦးရေရဲ့ ၉၉.၇ရာခိုင်င်နှုန်းနဲ့ညီတဲ့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံတွေနဲ့ ကိုယ်ပိုင်နယ်မြေတွေကို အဆင့် သတ်မှတ်တာဖြစ်ပြီး အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ အငြိမ်းချမ်းဆုံး တိုင်းပြည်အဖြစ် စင်္ကာပူနိုင်ငံကို သတ်မှတ်ပါတယ်။ ကမ္ဘာ့ပဉ္စမမြောက် အငြိမ်းချမ်းဆုံး တိုင်းပြည်ဖြစ်ပါတယ်။
အိုင်စလန်၊ အိုင်ယာလန်၊ ဩစတီးယားနဲ့ နယူးဇီလန်နိုင်ငံတွေကို ကမ္ဘာပေါ်က အငြိမ်းချမ်းဆုံး တိုင်းပြည်တွေအဖြစ် သတ်မှတ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အဆင့် ၇၆ မှာ သတ်မှတ်ခံထားရပါတယ်။ လူမှုရေး အထောက်အပံ့ လောက်ငှအောင်ပေးနိုင်တဲ့ အနေအထား၊ ဘေးအန္တရာယ်ကင်းမှုနဲ့ လုံခြုံမှု အခြေအနေ၊ ပြည်တွင်းပြဿနာနဲ့ ပဋိပက္ခဖြစ်ပွားမှု အခြေအနေအနေအရပ်ရပ် အပေါ်မှာ သုံးသပ်ပြီး နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးကို အညွှန်းကိန်းမှာ အဆင့်ခွဲ သတ်မှတ်တာပါ။ ကမ္ဘာပေါ်မှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး မရှိဆုံးနိုင်ငံဟာ ယီမင်နိုင်ငံဖြစ်တယ်လို့ သတ်မှတ်ပြီး၊ မြန်မာနိုင်ငံပြီးရင် အီရတ်၊ မြောက်ကိုရီးယား၊ ရုရှား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဆူဒန်စတဲ့ နိုင်ငံတွေလည်း ပိုပြီးငြိမ်းချမ်းရေးကင်းမဲ့တဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG