သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ဆန္႔က်င္ေရး လႈပ္ရွားမႈအတြင္း ေသဆုံးသူေထာင္ေက်ာ္ရွိ (AAPP)


စစ္အာဏာသိမ္း ဆန္႔က်င္ေရး လႈပ္ရွားမႈအတြင္း ေသဆုံးသူေထာင္ေက်ာ္ရွိ (AAPP)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားမႈေတြအတြင္း ေသဆုံးသူ ၁ ေထာင္ေက်ာ္ထက္မနည္း ရွိခဲ့ေၾကာင္း ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က သတင္းထုတ္ျပန္လိုက္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၆ လအတြင္း ေသဆုံးသူ အေရအတြက္ဟာ ဗုဒၶဟူးေန႔အထိ မွတ္တမ္းေတြအရ ၁,၀၀၆ ဦး ရွိခဲ့ၿပီး၊ လက္ေတြ႕မွာ ဒီထက္ပိုမ်ားႏိုင္ေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ၿပီးခဲ့တဲ့ ရက္ေတြအတြင္း စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းေတြမွာ ေသဆုံးသူ အရပ္သား ၇ ေယာက္ကိုလည္း ဗုဒၶဟူးေန႔မွာ အတည္ျပဳ မွတ္တမ္းတင္ ထည့္သြင္းထားေၾကာင္း ေျပာပါတယ္။ AAPP ထုတ္ျပန္တဲ့ အေရအတြက္ဟာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္သူေတြသာျဖစ္ၿပီး၊ လုံျခံဳေရးတပ္ဖဲြ႕၀င္ေတြ၊ အာဏာပိုင္ေတြနဲ႔ ပတ္သက္သူေတြ အပါအ၀င္ တျခား ေသဆုံးသူေတြရဲ႕ အခ်က္အလက္ေတြေတာ့ မပါ၀င္ပါဘူး။

AAPP က ထုတ္ျပန္တဲ့ အခ်က္အလက္ေတြဟာ ခ်ဲ႕ကားထားတာသာ ျဖစ္ေၾကာင္း အရင္ကေျပာဆိုဖူးတဲ့ ျမန္မာစစ္အာဏာပိုင္ေတြကေတာ့ အခုေနာက္ဆုံး သတင္းထုတ္ျပန္ခ်က္အေပၚ တစုံတရာ ေျပာဆိုတာ မရွိေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံရထားရသူေတြ အခြင့္အေရးအပါအ၀င္ လူ႔အခြင့္အေရးအတြက္ လႈပ္ရွားေနတဲ့ AAPP အဖဲြ႕ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရသူ အေရအတြက္ဟာ ဗုဒၶဟူးေန႔အထိ စာရင္းအရ ၅၇၃၀ ရွိတယ္လို႔လည္း ေဖာ္ျပထားတာပါ။

ဖမ္းဆီးခံထားရသူေတြထဲမွာ ေထာင္ဒဏ္အျပစ္ေပးခံထားရသူ ၂၅၅ ေယာက္ရွိၿပီး ဒီအထဲမွာ အရြယ္မေရာက္ေသးသူ ၂ ဦး အပါအ၀င္ ၂၆ ဦးကို ေသဒဏ္ခ်မွတ္ထားေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုတွေအတွင်း သေဆုံးသူ ၁ ထောင်ကျော်ထက်မနည်း ရှိခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ လအတွင်း သေဆုံးသူ အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့အထိ မှတ်တမ်းတွေအရ ၁,၀၀၆ ဦး ရှိခဲ့ပြီး၊ လက်တွေ့မှာ ဒီထက်ပိုများနိုင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်တွေအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ သေဆုံးသူ အရပ်သား ၇ ယောက်ကိုလည်း ဗုဒ္ဓဟူးနေ့မှာ အတည်ပြု မှတ်တမ်းတင် ထည့်သွင်းထားကြောင်း ပြောပါတယ်။ AAPP ထုတ်ပြန်တဲ့ အရေအတွက်ဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်သူတွေသာဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အာဏာပိုင်တွေနဲ့ ပတ်သက်သူတွေ အပါအဝင် တခြား သေဆုံးသူတွေရဲ့ အချက်အလက်တွေတော့ မပါဝင်ပါဘူး။

AAPP က ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ ချဲ့ကားထားတာသာ ဖြစ်ကြောင်း အရင်ကပြောဆိုဖူးတဲ့ မြန်မာစစ်အာဏာပိုင်တွေကတော့ အခုနောက်ဆုံး သတင်းထုတ်ပြန်ချက်အပေါ် တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရထားရသူတွေ အခွင့်အရေးအပါအဝင် လူ့အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ AAPP အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့အထိ စာရင်းအရ ၅၇၃၀ ရှိတယ်လို့လည်း ဖော်ပြထားတာပါ။

ဖမ်းဆီးခံထားရသူတွေထဲမှာ ထောင်ဒဏ်အပြစ်ပေးခံထားရသူ ၂၅၅ ယောက်ရှိပြီး ဒီအထဲမှာ အရွယ်မရောက်သေးသူ ၂ ဦး အပါအဝင် ၂၆ ဦးကို သေဒဏ်ချမှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG