သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA ဌာနခ်ဳပ္လိုင္ဇာအနီး ျမန္မာတပ္နဲ႔ တိုက္ပြဲျဖစ္ခဲ့


(Zawgyi/Unicode)

ကခ်င္လက္နက္ကိုင္အဖဲြ႔ KIA ဌာနခ်ဳပ္ လိုင္ဇာအနီးမွာ ဒီရက္ပိုင္းအတြင္း အစိုးရတပ္မေတာ္နဲ႔ တိုက္ပဲြျဖစ္ခဲ့ေၾကာင္း KIA ဘက္က အတည္ျပဳၿပီး ဒီလုိ တိုက္ပဲြျဖစ္ပြားတာေၾကာင့္ ေနရပ္ျပန္ဖို႔ ျပင္ဆင္ေနတဲ့ ဒုကၡသည္ေတြအၾကားမွာ စိုးရိမ္မႈေတြျဖစ္ပြားေနပါတယ္။ ဒီတုိက္ပဲြကေတာ့ အစိုးရနဲ႔ KIA အၾကား အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ ျပင္ဆင္ေနခ်ိန္ကခ်င္ျပည္နယ္အတြင္း ဒုတိယအၾကိမ္ျဖစ္ပြားတဲ့ တုိက္ပဲြလည္း ျဖစ္ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အစုိးရနဲ႔ ကခ်င္လက္နက္ကိုင္ KIA အၾကားမွာ Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္ဖို႔ နဲ႔ အစိုးရက IDP ေခၚ စစ္ေရွာင္ဒုကၡသည္ေတြကို ေနရပ္ရင္းျပန္ႏိုင္ဖုိ႔ ျပင္ဆင္ေနခ်ိန္မွာ ႏွစ္တပ္အၾကား ထိေတြ႔မႈ ျပန္လည္ ျဖစ္ပြားလာခဲ့တာပါ။

လတ္တေလာျဖစ္ခဲ့တဲ့ တုိက္ပဲြနဲ႔ပတ္သက္ၿပီး KIA က ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မႈးၾကီးေနာ္ဘူက အခုလုိ ေျပာပါတယ္။

“ဟို နမ့္ဆန္ယန္ရဲ့ အေနာက္ဘက္ က်မွာေပါ့။ ဒီ ျမစ္ၾကီးနား- ဗန္းေမာ္ကားလမ္းရဲ့ အေနာက္ဘက္ အျခမ္းမွာ ျဖစ္ပါတယ္။ ေပါင္ေတ ဆုိတဲ့ ဒီေရွ႔တန္း post တစ္မွ တပ္မေတာ္က ၀င္ၿပီးမွ တုိက္ပဲြျဖစ္ခဲ့တာ။ ႏို၀င္ဘာလ ေပါ့ ၂၉ရက္ေန႔မွာ ျဖစ္ပါတယ္။ ဟို လိုင္ဇာနားေလာက္မွာေတာ့ မဟုတ္ဘူးဗ်။ ဒါေပမဲ့ နည္းနည္းေတာ့ နီးတာေပါ့။”

ဒီတုိက္ပဲြျဖစ္ပြားတဲ့အေပၚမွာေတာ့ KIA ဘက္က အခုလုိ သံုးသပ္ထားပါတယ္။

“ လြန္ခဲ့တဲ့ အပတ္ေလာက္မွာ ဟုိ ဂါးဒါယန္နဲ႔ အေနာက္ဘက္ျခမ္းေလာက္မွာ က်မွာေပါ့။ ေတာတစ္ေနရာမွာ ဒီ KIA ရဲ့ လံုၿခံဳေရးမုိင္းေပါ့ေနာ္။ အဲဒါ တပ္မေတာ္က အဲဒီေတာဘက္မွာ သူတုိ႔က နယ္လွည့္လႈပ္ရွားေနတဲ့ အခ်ိန္မွာ အဲဒီ KIA ရဲ့လံုၿခံဳေရးမုိင္းကို နင္းမိလို႔ သူတုိ႔လည္း နည္းနည္း ထိခိုက္နစ္နာမႈ ရိွတယ္လုိ႔ ၾကားရပါတယ္။ ဆိုေတာ့ အဲဒီစစ္ေၾကာင္းေတြက ဒီ နမ့္ဆန္ယန္နားက KIA Post ေတြမွာ ျပန္လာၿပီးမွ လက္တံု႔ျပန္တဲ့အေနနဲ႔ ၀င္တုိက္တဲ့အေနအထားရိွတယ္လုိ႔ ဒီ စစ္ဘက္ဆုိင္ရာက ေလ့လာသံုးသပ္ထားတာ ရိွပါတယ္။”

ဒီတုိက္ပဲြေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚ ထိခုိက္မႈရိွႏိုင္မယ္လို႔ မထင္ေၾကာင္းလည္း ဗိုလ္မႈးၾကီးေနာ္ဘူက ေျပာပါတယ္။

ဒီတုိက္ပဲြနဲ႔ပတ္သက္ၿပီး ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ေျပာေရးဆုိခြင့္ရိွသူကို ဆက္သြယ္ခဲ့ရာမွာ ဖုန္းလက္ခံေျဖဆိုတာမရိွတာေၾကာင့္ သီးျခားအတည္ျပဳခ်က္ မရပါဘူး။

တိုက္ပဲြျဖစ္ပြားတဲ့ေနရာအနီးက နမ့္ဆန္ယန္ရြာဟာ ျမစ္ၾကီးနား ဗန္းေမာ္ကားလမ္းေပၚမွာ တည္ရိွၿပီး ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလအတြင္းမွာ ေနရပ္စြန္႔ခြာသြားတဲ့ စစ္ေရွာင္ေတြ ျပန္လာ ေနထိုင္ေနတဲ့ရြာလည္း ျဖစ္ပါတယ္။

ဒီလို တုိက္ပဲြျဖစ္ပြားတာေၾကာင့္ ေနရပ္ျပန္ဖုိ႔ ျပင္ဆင္ေနတဲ့ စစ္ေရွာင္ေတြအၾကားမွာ စိုးရိမ္စိတ္ေတြျဖစ္ေပၚလာေနေၾကာင္း မိုင္းနား ဒုကၡသည္စခန္းတာ၀န္ခံ ဦးေဇာ္လံုးက ေျပာပါတယ္။

“အခုစာရင္းေတာ့ ေကာက္ေနၿပီ။ အစိုးရ ျပန္လည္ေနရာခ်ထားေရးမွာ သြားခ်င္တဲ့သူေတြ၊ ရြာမျပန္ခ်င္တဲ့သူေတြ စာရင္းကေတာ့ အခု ေကာက္ခုိင္းထားတာေလ။ အခုလည္း ျပန္ဖုိ႔ စီစဥ္ေနၿပီဆို ေဟာဟိုမွာ ပစ္ၾကတယ္တဲ့ ဆုိရင္ေတာ့ ျပန္ဖုိ႔ အာရံုက ေနာက္ဆုတ္သြားၿပီ။ အဲလုိျဖစ္တာ။ ဘယ္သူက လုံၿခံဳမႈေပးမွာလဲေပါ့။ အမွန္ဆုိရင္ေတာ့ အားလံုးလည္း စည္းကမ္းရွိၾကရင္ေတာ့ ေကာင္းတာေပါ့။ ကတိတည္ၾကရင္ေတာ့ ေကာင္းတာေပါ့။ စိုးရိမ္ေနတာက မၿငိမ္းခ်မ္းဘူးဆုိ၊ ပစ္ၾကခတ္ၾကမယ္ဆုိရင္ေတာ့၊ မပစ္ၾကေတာ့ဘူးဆုိတဲ့ ကတိက၀တ္ စာခ်ဳပ္ေလး ဘာေလး ရိွထားရင္ေတာ့ တစ္မ်ိဳးေတာ့ ခိုင္မာမႈရိွတာေပါ့။”

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကေတာ့ ရခုိင္နဲ႔ ကခ်င္ျပည္နယ္အတြင္းက ဒုကၡသည္ေတြ ျပန္လည္ေနရာခ်ထားေရးအတြက္လူမႈ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီး ေဒါက္တာ ၀င္းျမတ္ေအးနဲ႔ ကုလသမဂၢ ဌာေန ညႇိႏိႈင္းေရးမွဴးနဲ႔အတူ ကုလသမဂၢ အဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ အကူအညီေပးေရး အဖြဲ႔အစည္းေတြကကိုယ္စားလွယ္ေတြဟာ ရန္ကုန္ၿမိဳ႔မွာ ေဆြးေႏြးခဲ့ၾကပါတယ္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP ရဲ့ ဒုဥကၠ႒ ၂ ဦးကြမ္ေဂါင္ေအာင္ခမ္းကေတာ့ လက္ရိွ စစ္ေရွာင္ေတြ ျပန္လည္ေနရာခ်ထားမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးကို အရင္ရယူေစလုိေၾကာင္း ေျပာပါတယ္။

“ဒီနမ့္ဆန္ယန္ ဧရိယာက လိုင္ဇာနဲ႔ အရမ္းပဲ နီးတယ္။ ဒါမ်ိဳးဆုိေတာ့ ၿငိမ္းခ်မ္းေရးအတြက္ေတာ့ ပိုပို အလွမ္းေ၀းဖုိ႔ေတာ့ ရိွတယ္။ ဒီဟာေတာ့ စိုးရိမ္တာေပါ့ေနာ္။ အဓိကေတာ့ က်ေနာ္တို႔ ျပည္သူလူထုေရာ၊ ျမန္မာတစ္ျပည္လံုးေရာ ၿငိမ္းခ်မ္းေရးလိုအပ္ေနတယ္။ ၿငိမ္းခ်မ္းေရးလုိခ်င္ေနတယ္။ ျမန္မာ့စစ္တပ္မေတာ္အေနနဲ႔ သေဘာထားၾကီးၾကီးနဲ႔ ဒီကခ်င္ KIO ေတြနဲ႔ ေတြ႔ဆံုၿပီးမွ ၿငိမ္းခ်မ္းေရးကို အတူတကြ လုပ္ေဆာင္မယ္ဆုိရင္ ၿငိမ္းခ်မ္းေရးကို ရရိွႏိုင္မွာျဖစ္တယ္ဆုိတာကို ေျပာလုိပါတယ္။”

KIA အပါအ၀င္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြနဲ႔ အစိုးရအၾကားမွာ Bilateral ေခၚ ႏွစ္ဘက္အပစ္အရပ္စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္ေရးအတြက္ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းက ေနာက္ဆံုးေဆြးေႏြးခဲ့ၾကပါတယ္။ ေလာေလာဆည္မွာေတာ့ ေတြ႔ဆံုေဆြးေႏြးမယ့္ ေနရာနဲ႔ ရက္ မသတ္မွတ္ႏိုင္တာေၾကာင့္ ထပ္မံ မေတြ႔ဆံုႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KIA ဌာနချုပ်လိုင်ဇာအနီး မြန်မာတပ်နဲ့တိုက်ပွဲဖြစ်ခဲ့

ကချင်လက်နက်ကိုင်အဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးမှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA ဘက်က အတည်ပြုပြီး ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် နေရပ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ဒုက္ခသည်တွေအကြားမှာ စိုးရိမ်မှုတွေဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲကတော့ အစိုးရနဲ့ KIA အကြား အပစ်ရပ်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေချိန်ကချင်ပြည်နယ်အတွင်း ဒုတိယအကြိမ်ဖြစ်ပွားတဲ့ တိုက်ပွဲလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ ကချင်လက်နက်ကိုင် KIA အကြားမှာ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ဖို့ နဲ့ အစိုးရက IDP ခေါ် စစ်ရှောင်ဒုက္ခသည်တွေကို နေရပ်ရင်းပြန်နိုင်ဖို့ ပြင်ဆင်နေချိန်မှာ နှစ်တပ်အကြား ထိတွေ့မှု ပြန်လည် ဖြစ်ပွားလာခဲ့တာပါ။

လတ်တလောဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး KIA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဟို နမ့်ဆန်ယန်ရဲ့ အနောက်ဘက် ကျမှာပေါ့။ ဒီ မြစ်ကြီးနား- ဗန်းမော်ကားလမ်းရဲ့ အနောက်ဘက် အခြမ်းမှာ ဖြစ်ပါတယ်။ ပေါင်တေ ဆိုတဲ့ ဒီရှေ့တန်း post တစ်မှ တပ်မတော်က ဝင်ပြီးမှ တိုက်ပွဲဖြစ်ခဲ့တာ။ နိုဝင်ဘာလ ပေါ့ ၂၉ရက်နေ့မှာ ဖြစ်ပါတယ်။ ဟို လိုင်ဇာနားလောက်မှာတော့ မဟုတ်ဘူးဗျ။ ဒါပေမဲ့ နည်းနည်းတော့ နီးတာပေါ့။”

ဒီတိုက်ပွဲဖြစ်ပွားတဲ့အပေါ်မှာတော့ KIA ဘက်က အခုလို သုံးသပ်ထားပါတယ်။

“ လွန်ခဲ့တဲ့ အပတ်လောက်မှာ ဟို ဂါးဒါယန်နဲ့ အနောက်ဘက်ခြမ်းလောက်မှာ ကျမှာပေါ့။ တောတစ်နေရာမှာ ဒီ KIA ရဲ့ လုံခြုံရေးမိုင်းပေါ့နော်။ အဲဒါ တပ်မတော်က အဲဒီတောဘက်မှာ သူတို့က နယ်လှည့်လှုပ်ရှားနေတဲ့ အချိန်မှာ အဲဒီ KIA ရဲ့လုံခြုံရေးမိုင်းကို နင်းမိလို့ သူတို့လည်း နည်းနည်း ထိခိုက်နစ်နာမှု ရှိတယ်လို့ ကြားရပါတယ်။ ဆိုတော့ အဲဒီစစ်ကြောင်းတွေက ဒီ နမ့်ဆန်ယန်နားက KIA Post တွေမှာ ပြန်လာပြီးမှ လက်တုံ့ပြန်တဲ့အနေနဲ့ ဝင်တိုက်တဲ့အနေအထားရှိတယ်လို့ ဒီ စစ်ဘက်ဆိုင်ရာက လေ့လာသုံးသပ်ထားတာ ရှိပါတယ်။”

ဒီတိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုရှိနိုင်မယ်လို့ မထင်ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ရာမှာ ဖုန်းလက်ခံဖြေဆိုတာမရှိတာကြောင့် သီးခြားအတည်ပြုချက် မရပါဘူး။

တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးက နမ့်ဆန်ယန်ရွာဟာ မြစ်ကြီးနား ဗန်းမော်ကားလမ်းပေါ်မှာ တည်ရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ နေရပ်စွန့်ခွာသွားတဲ့ စစ်ရှောင်တွေ ပြန်လာ နေထိုင်နေတဲ့ရွာလည်း ဖြစ်ပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် နေရပ်ပြန်ဖို့ ပြင်ဆင်နေတဲ့ စစ်ရှောင်တွေအကြားမှာ စိုးရိမ်စိတ်တွေဖြစ်ပေါ်လာနေကြောင်း မိုင်းနား ဒုက္ခသည်စခန်းတာဝန်ခံ ဦးဇော်လုံးက ပြောပါတယ်။

“အခုစာရင်းတော့ ကောက်နေပြီ။ အစိုးရ ပြန်လည်နေရာချထားရေးမှာ သွားချင်တဲ့သူတွေ၊ ရွာမပြန်ချင်တဲ့သူတွေ စာရင်းကတော့ အခု ကောက်ခိုင်းထားတာလေ။ အခုလည်း ပြန်ဖို့ စီစဉ်နေပြီဆို ဟောဟိုမှာ ပစ်ကြတယ်တဲ့ ဆိုရင်တော့ ပြန်ဖို့ အာရုံက နောက်ဆုတ်သွားပြီ။ အဲလိုဖြစ်တာ။ ဘယ်သူက လုံခြုံမှုပေးမှာလဲပေါ့။ အမှန်ဆိုရင်တော့ အားလုံးလည်း စည်းကမ်းရှိကြရင်တော့ ကောင်းတာပေါ့။ ကတိတည်ကြရင်တော့ ကောင်းတာပေါ့။ စိုးရိမ်နေတာက မငြိမ်းချမ်းဘူးဆို၊ ပစ်ကြခတ်ကြမယ်ဆိုရင်တော့၊ မပစ်ကြတော့ဘူးဆိုတဲ့ ကတိကဝတ် စာချုပ်လေး ဘာလေး ရှိထားရင်တော့ တစ်မျိုးတော့ ခိုင်မာမှုရှိတာပေါ့။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ရဲ့ ဒုဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းကတော့ လက်ရှိ စစ်ရှောင်တွေ ပြန်လည်နေရာချထားမယ်ဆိုရင် ငြိမ်းချမ်းရေးကို အရင်ရယူစေလိုကြောင်း ပြောပါတယ်။

“ဒီနမ့်ဆန်ယန် ဧရိယာက လိုင်ဇာနဲ့ အရမ်းပဲ နီးတယ်။ ဒါမျိုးဆိုတော့ ငြိမ်းချမ်းရေးအတွက်တော့ ပိုပို အလှမ်းဝေးဖို့တော့ ရှိတယ်။ ဒီဟာတော့ စိုးရိမ်တာပေါ့နော်။ အဓိကတော့ ကျနော်တို့ ပြည်သူလူထုရော၊ မြန်မာတစ်ပြည်လုံးရော ငြိမ်းချမ်းရေးလိုအပ်နေတယ်။ ငြိမ်းချမ်းရေးလိုချင်နေတယ်။ မြန်မာ့စစ်တပ်မတော်အနေနဲ့ သဘောထားကြီးကြီးနဲ့ ဒီကချင် KIO တွေနဲ့ တွေ့ဆုံပြီးမှ ငြိမ်းချမ်းရေးကို အတူတကွ လုပ်ဆောင်မယ်ဆိုရင် ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။”

KIA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအကြားမှာ Bilateral ခေါ် နှစ်ဘက်အပစ်အရပ်စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက နောက်ဆုံးဆွေးနွေးခဲ့ကြပါတယ်။ လောလောဆည်မှာတော့ တွေ့ဆုံဆွေးနွေးမယ့် နေရာနဲ့ ရက် မသတ်မှတ်နိုင်တာကြောင့် ထပ်မံ မတွေ့ဆုံနိုင်သေးပါဘူး။

XS
SM
MD
LG