သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး သတ်ဖြတ်မှု ပိုမိုများပြား (ကုလ)


စစ်အာဏာသိမ်းမှုဆန့်ကျင်တော်လှန်သူတဦး၊ မတ် ၁၁၊ ၂၀၂၁
စစ်အာဏာသိမ်းမှုဆန့်ကျင်တော်လှန်သူတဦး၊ မတ် ၁၁၊ ၂၀၂၁

လူသတ်မှုနဲ့တခြားရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအရေအတွက်ဟာ ကမ္ဘာတဝန်းမှာ ၂၀၂၁ ခုနှစ်ထဲ စံချိန်တင် မြင့်မားလာခဲ့ပြီး လူသတ်မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာ အသစ်တစောင်က သောကြာနေ့မှာ ဖော်ပြပါတယ်။

ဒါဟာ ကပ်ရောကဂါကာလ ပိတ်ဆို့မှုတွေကြောင့် ဖြစ်လာတဲ့ဖိစီးမှုတွေနဲ့ စီးပွားရေးဖိအားတွေကြောင့် လည်း ပါသလို မြန်မာနိုင်ငံမှာလို နိုင်ငံရေးအကြမ်းဖက်မှုတွေ မြင့်တက်လာကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့သူ အရေအတွက်က ၄၅၈,၀၀၀ ရှိပြီး ဒါဟာ ၂၀၀၀ ခုနှစ်က စတင်ခဲ့တဲ့ မှတ်တမ်းတွေအရ နှစ်စဥ် ၄၀၀,၀၀၀ ကနေ ၄၅၀,၀၀၀ ကြား သေဆုံးနှုန်းထက် ပိုများလာတာ ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုဆိုင်ရာ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒီထဲမှာ ၂၀၂၁ စစ်အာဏာသိမ်း ပြီးနောက် နိုင်ငံရေးဆက်စပ် အကြမ်းဖက်မှု မြင့်တက်နေတဲ့ မြန်မာနိုင်ငံ ကတောင်အာဖရိက နိုင်ငံနဲ့အတူ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသနိုင်ငံတွေပြီးရင် လူသတ်မှု အများဆုံးထိပ်တန်း ၁၀ နိုင်ငံထဲမှာ ပါဝင်ပါတယ်။

အဆိုးရွားဆုံး ထိပ်တန်း၁၀ နိုင်ငံထဲက ၈ နိုင်ငံကတော့ လက်တင်အမေရိကနဲ့ ကာရေဘီယံက နိုင်ငံတွေ ပါ။ လူသတ်မှုအကြောင်းရင်းတွေထဲမှာတော့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပဋိပက္ခတွေ အပါအဝင် အမျိုးမျိုးရှိ နေတယ်လို့ ဆိုပါတယ်။ ခြုံငုံကြည့်ရင်တော့ အမေရိကတိုက်က နိုင်ငံတွေဟာ ကမ္ဘာ့ဒေသကြီးတွေထဲမှာ လူသတ်မှုနှုန်း အမြင့်မားဆုံးဖြစ်ပြီး အနိမ့်ဆုံး ဥရောပထက် ခြောက်ဆကျော်ပါတယ်။

မြန်မာနိုင်ငံ အတွက် ၂၀၂၂ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာမှာတော့ အာဏာသိမ်း စစ်တပ်နဲ့ တပ်ဖွဲ့ဝင် တွေဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ကြောင်းဖော်ပြထားပါတယ်။ စစ်တပ်ဘက်ကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ဆောင်တာလို့ အကြောင်းပြလေ့ရှိပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို အမြဲတမ်း ငြင်းဆိုလေ့ရှိကာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေကို "အကြမ်းဖက်သမားတွေ" အဖြစ် တံဆိပ်ကပ် အပြစ်တင် ပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG