သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသားေျမယာဥပေဒၾကမ္း ေရးဆဲြမႈရပ္ဆိုင္းထားဖို႔ အရပ္ဘက္အဖဲြ႔ေတြ ေတာင္းဆို


မေကြးၿမိဳ႕တေနရာရွိ လယ္ေျမယာတခုမွာ အလုပ္လုပ္ေနတဲ့ လယ္သမားတဦး။ (ဇူလိုင္ ၀၇၊ ၂၀၁၉)

[Zawgyi/Unicode]

တုိင္းရင္းသား ေဒသေတြမွာ ေဒသခံေတြ နစ္နာဆုံး႐ႈံးမႈေတြ ႀကံဳရႏုိင္တာေၾကာင့္ လက္ရွိေရးဆဲြေနတဲြ အမ်ဳိးသားေျမယာ ဥပေဒသစ္ကုိ ရပ္ဆုိင္းထားဖုိ႔ ေတာင္သူလယ္သမား ကိုယ္စားျပဳ အရပ္ဘက္ အဖြဲ႕ေတြက တိုက္တြန္းလိုက္တဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

အမ်ိဳးသားေျမအသုံးခ်ေရး မူဝါဒကို အေျခခံၿပီး ေျမယာဥပေဒအသစ္ကို ၂၀၂၂ ခုႏွစ္ထဲမွာ အၿပီးေရးဆြဲသြားမယ္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ရဲ႕ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းအတြင္း ေၾကညာခဲ့ေပမဲ့ လုပ္ငန္းအေသးစိတ္ ေသခ်ာေဖာ္ျပမႈမရွိတာ၊ အရပ္ဘက္အဖြဲ႕ေတြရဲ႕ အခန္းက႑ကို ရွင္းရွင္းလင္းလင္း မေဖာ္ျပတာေတြအေပၚ တိုင္းရင္းသား လူမ်ိဳးစုေတြက ေထာက္ျပလိုက္တာပါ။

ေျမယာမူဝါဒကို သက္ဆိုင္ရာ ျပည္နယ္ေတြကသာေရးဆြဲသင့္ၿပီး ဒီလိုေရးဆြဲတာမွာ အရပ္ဘက္အဖြဲ႕ေတြရဲ႕ ပူးေပါင္းပါဝင္မႈလိုေၾကာင္းနဲ႔ ဗဟိုခ်ဳပ္ကိုင္မႈကို ပိုၿပီးအားေပးေနတဲ့ ေျမယာဥပေဒျဖစ္တဲ့အတြက္ ဒီဥပေဒေရးဆြဲတာကို NLD အစိုးရသစ္သက္တမ္းမွာ ရပ္ဆိုင္းထားဖို႔ ေတာင္းဆိုရတာျဖစ္ေၾကာင္း တိုင္းရင္းသား ေျမယာကြန္ရက္ ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္လတ္က ဗြီအိုေအကို ေျပာပါတယ္။

“သြားေနတာက ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္တယ္။ ေျမယာမူဝါဒေတြ ေရးဆြဲေနတာက ဗဟိုက အဓိကကိုင္ေနတယ္။ အခုေရးဆြဲေနတဲ့ ေျမယာမူဝါဒေတြ ၂၀၀၈ အေျခခံဥပေဒက ဆင္းသက္လာတာျဖစ္တယ္။ ေရးဆြဲခဲ့တဲ့ေျမယာမူဝါဒနဲ႔ ေျမျပင္အေျခအေနနဲ႔ ကြဲလြဲမႈရွိတယ္။ ဗဟိုခ်ဳပ္ကိုင္မႈကို ပိုမိုအားေပးေနတဲ့ ေျမယာမူဝါဒေတြျဖစ္ေနတယ္။ ဒါေၾကာင့္မို႔ ကန႔္ကြက္ရတာ ျဖစ္ပါတယ္။”

ဖက္ဒရယ္စနစ္ကို သြားႏိုင္မယ့္ လယ္ယာေျမနဲ႔ ႐ိုးရာဓေလ့အတိုင္း ေျမယာစီမံခန႔္ခြဲေရးရဖို႔ လုပ္ေဆာင္တာက အုပ္ခ်ဳပ္ေရးကို ပိုၿပီး အက်ိဳးျဖစ္လိမ့္မယ္လို႔ ေတာင္သူလယ္သမားအဖြဲ႕ေတြ၊ သဘာဝပတ္ဝန္းက်င္နဲ႔ ေျမယာအဖြဲ႕အစည္း ၁၆ ခုက သူတို႔ရဲ႕ သေဘာထားကို ဇန္နဝါရီ ၂၇ ရက္ ဗုဒၶဟူးေန႔မွာ ပူးတြဲထုတ္ျပန္ထားတာပါ။

ေတာင္သူလယ္သမားေတြကို အေျချပဳတဲ့ ေျမယာဥပေဒမ်ဳိးသား ျဖစ္သင့္တယ္လုိ႔လည္း တိုင္းရင္းသား ေျမယာကြန္ရက္က ဦးေအာင္လတ္က ေျပာပါတယ္။

“ႏိုင္ငံေရးဆိုတာလည္း ေျမယာေပၚမွာ အေျခခံၿပီး မူတည္တာပဲ။ ဒါေၾကာင့္မို႔ ေျမယာဥပေဒ ေရးဆြဲတဲ့ေနရာမွာ ျမန္မာႏိုင္ငံမွာ ၇၅ ရာခိုင္ႏႈန္းရွိေသာ ေတာင္သူလယ္သမားကို၊ သူတို႔ရဲ႕ ဘဝကို အဓိက ၾကည့္ၿပီးမွ ေရးဆြဲတာက ပိုၿပီးမွ မွန္ကန္ဆီေလ်ာ္တဲ့ ေျမယာမူဝါဒ ျဖစ္မယလို႔ ျမင္တယ္။”

လယ္ယာေျမဥပေဒနဲ႔ ၂၀၁၈ ႏွစ္ကုန္ပိုင္းျပ႒ာန္းလိုက္တဲ့ ေျမလြတ္ေျမလပ္ေျမ႐ိုင္းဥပေဒ ေတြေၾကာင့္ တိုက္ပြဲေရွာင္ေနရသူေတြ၊ ျပည္ပအလုပ္ထြက္ လုပ္သူေတြ ေျမယာဆုံးရႈံးမႈေတြ ရွိလာတယ္လုိ႔လည္း ေျမယာအခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။ အစိုးရရဲ႕ တရား၀င္ ထုတ္ျပန္ထားတဲ့စာရင္းအရ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းက ဧက ၅၄ သန္း ေက်ာ္ပါတယ္။ ဘိုးဘြားစဥ္ဆက္ ပိုင္လာတဲ့ေျမေတြ ဆုံးရႈံးၾကလို႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြနဲ႔ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စုိးရိမ္တဲ့ သေဘာထားေတြ ေျပာဆုိထားၾကတာပါ။

၁၉၄၇ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တိုင္းရင္းသားေတြဟာ အခြင့္အေရးတန္းတူ ရသင့္တယ္လို႔ လူ႔အခြင့္အေရးေရွ႕ေနတဦးျဖစ္သူတရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က အခုလိုသုံးသပ္ပါတယ္။

“ရွင္းရွင္းေျပာရရင္ ျပည္နယ္ေတြမွာ ကိုယ့္ constitution နဲ႔ကိုယ္ ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံကို တည္ေဆာက္ရမွာ ၿပီးေတာ့မွ ျပည္ေထာင္စုနဲ႔ ေပါင္းစည္းရမွာေလ။ အဲဒီလို မဟုတ္ဘဲ ျပည္ေထာင္စုကခ်ည္းပဲ အကုန္ခ်ေပးၿပီးေတာ့ ဆရာနဲ႔တပည့္ လက္ေဝခံေပါ့ဗ်ာ အဲဒီလိုဟာမ်ိဳးကေတာ့ အဆုံးသတ္သင့္ၿပီ၊ အတင္းလုပ္တဲ့ဟာမ်ိဳးေတာ့ က်ေနာ္လက္မခံပါဘူး။”

အစိုးရအေနနဲ႔ ရႈပ္ေထြးလွတဲ့ ေျမယာဥပေဒအသစ္ကို ျပန္ၿပီးသုံးသပ္တဲ့ေနရာမွာ လူမ်ိဳးစုေတြ၊ ေတာင္သူလယ္သမားေတြနဲ႔ လူထုရဲ႕ အႀကံေပးခ်က္ကို ယူၿပီးမွ အသိပညာေပး လႈပ္ရွားမႈေတြ လုပ္သင့္ေၾကာင္းလည္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ကလည္း ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမျိုးသားမြေယာဥပဒေကြမ်း ရေးဆွဲမှုရပ်ဆိုင်းထားဖို့ အရပ်ဘက်အဖွဲ့တွေ တောင်းဆို

တိုင်းရင်းသား ဒေသတွေမှာ ဒေသခံတွေ နစ်နာဆုံးရှုံးမှုတွေ ကြုံရနိုင်တာကြောင့် လက်ရှိရေးဆွဲနေတွဲ အမျိုးသားမြေယာ ဥပဒေသစ်ကို ရပ်ဆိုင်းထားဖို့ တောင်သူလယ်သမား ကိုယ်စားပြု အရပ်ဘက် အဖွဲ့တွေက တိုက်တွန်းလိုက်တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားမြေအသုံးချရေး မူဝါဒကို အခြေခံပြီး မြေယာဥပဒေအသစ်ကို ၂၀၂၂ ခုနှစ်ထဲမှာ အပြီးရေးဆွဲသွားမယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း ကြေညာခဲ့ပေမဲ့ လုပ်ငန်းအသေးစိတ် သေချာဖော်ပြမှုမရှိတာ၊ အရပ်ဘက်အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မဖော်ပြတာတွေအပေါ် တိုင်းရင်းသား လူမျိုးစုတွေက ထောက်ပြလိုက်တာပါ။

မြေယာမူဝါဒကို သက်ဆိုင်ရာ ပြည်နယ်တွေကသာရေးဆွဲသင့်ပြီး ဒီလိုရေးဆွဲတာမှာ အရပ်ဘက်အဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်မှုလိုကြောင်းနဲ့ ဗဟိုချုပ်ကိုင်မှုကို ပိုပြီးအားပေးနေတဲ့ မြေယာဥပဒေဖြစ်တဲ့အတွက် ဒီဥပဒေရေးဆွဲတာကို NLD အစိုးရသစ်သက်တမ်းမှာ ရပ်ဆိုင်းထားဖို့ တောင်းဆိုရတာဖြစ်ကြောင်း တိုင်းရင်းသား မြေယာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်လတ်က ဗွီအိုအေကို ပြောပါတယ်။

“သွားနေတာက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တယ်။ မြေယာမူဝါဒတွေ ရေးဆွဲနေတာက ဗဟိုက အဓိကကိုင်နေတယ်။ အခုရေးဆွဲနေတဲ့ မြေယာမူဝါဒတွေ ၂၀၀၈ အခြေခံဥပဒေက ဆင်းသက်လာတာဖြစ်တယ်။ ရေးဆွဲခဲ့တဲ့မြေယာမူဝါဒနဲ့ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုရှိတယ်။ ဗဟိုချုပ်ကိုင်မှုကို ပိုမိုအားပေးနေတဲ့ မြေယာမူဝါဒတွေဖြစ်နေတယ်။ ဒါကြောင့်မို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။”

ဖက်ဒရယ်စနစ်ကို သွားနိုင်မယ့် လယ်ယာမြေနဲ့ ရိုးရာဓလေ့အတိုင်း မြေယာစီမံခန့်ခွဲရေးရဖို့ လုပ်ဆောင်တာက အုပ်ချုပ်ရေးကို ပိုပြီး အကျိုးဖြစ်လိမ့်မယ်လို့ တောင်သူလယ်သမားအဖွဲ့တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ မြေယာအဖွဲ့အစည်း ၁၆ ခုက သူတို့ရဲ့ သဘောထားကို ဇန်နဝါရီ ၂၇ ရက် ဗုဒ္ဓဟူးနေ့မှာ ပူးတွဲထုတ်ပြန်ထားတာပါ။

တောင်သူလယ်သမားတွေကို အခြေပြုတဲ့ မြေယာဥပဒေမျိုးသား ဖြစ်သင့်တယ်လို့လည်း တိုင်းရင်းသား မြေယာကွန်ရက်က ဦးအောင်လတ်က ပြောပါတယ်။

“နိုင်ငံရေးဆိုတာလည်း မြေယာပေါ်မှာ အခြေခံပြီး မူတည်တာပဲ။ ဒါကြောင့်မို့ မြေယာဥပဒေ ရေးဆွဲတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ၇၅ ရာခိုင်နှုန်းရှိသော တောင်သူလယ်သမားကို၊ သူတို့ရဲ့ ဘဝကို အဓိက ကြည့်ပြီးမှ ရေးဆွဲတာက ပိုပြီးမှ မှန်ကန်ဆီလျော်တဲ့ မြေယာမူဝါဒ ဖြစ်မယလို့ မြင်တယ်။”

လယ်ယာမြေဥပဒေနဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်မြေလပ်မြေရိုင်းဥပဒေ တွေကြောင့် တိုက်ပွဲရှောင်နေရသူတွေ၊ ပြည်ပအလုပ်ထွက် လုပ်သူတွေ မြေယာဆုံးရှုံးမှုတွေ ရှိလာတယ်လို့လည်း မြေယာအခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့စာရင်းအရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းက ဧက ၅၄ သန်း ကျော်ပါတယ်။ ဘိုးဘွားစဉ်ဆက် ပိုင်လာတဲ့မြေတွေ ဆုံးရှုံးကြလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြတာပါ။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတွေဟာ အခွင့်အရေးတန်းတူ ရသင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူတရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလိုသုံးသပ်ပါတယ်။

“ရှင်းရှင်းပြောရရင် ပြည်နယ်တွေမှာ ကိုယ့် constitution နဲ့ကိုယ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရမှာ ပြီးတော့မှ ပြည်ထောင်စုနဲ့ ပေါင်းစည်းရမှာလေ။ အဲဒီလို မဟုတ်ဘဲ ပြည်ထောင်စုကချည်းပဲ အကုန်ချပေးပြီးတော့ ဆရာနဲ့တပည့် လက်ဝေခံပေါ့ဗျာ အဲဒီလိုဟာမျိုးကတော့ အဆုံးသတ်သင့်ပြီ၊ အတင်းလုပ်တဲ့ဟာမျိုးတော့ ကျနော်လက်မခံပါဘူး။”

အစိုးရအနေနဲ့ ရှုပ်ထွေးလှတဲ့ မြေယာဥပဒေအသစ်ကို ပြန်ပြီးသုံးသပ်တဲ့နေရာမှာ လူမျိုးစုတွေ၊ တောင်သူလယ်သမားတွေနဲ့ လူထုရဲ့ အကြံပေးချက်ကို ယူပြီးမှ အသိပညာပေး လှုပ်ရှားမှုတွေ လုပ်သင့်ကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကလည်း ထောက်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG