(Zawgyi/Unicode)
--------------------
(Unicode)
NLD ပါတီအနေနဲ့ ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်နေရာတွေ ခွဲပေးသင့်သလား …
ရွေးကောက်ပွဲပြီးတဲ့နောက် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့မယ်လို့ ကြေညာထားတဲ့ NLD ပါတီက ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာတွေကို သူတို့ပါတီကလူတွေပဲ ထားမယ်ဆိုတဲ့ သဘောမျိုး ပြောလာပါတယ်။
ဒီအတိုင်းသာ တကယ်လုပ်လာမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ ဘာတွေဖြစ်လာနိုင်ပါသလဲ၊ ဝန်ကြီးချုပ်နေရာတွေကို ခွဲပေးမယ်ဆိုရင်ကော တိုင်းပြည်ရဲ့ ညီညွတ်ရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ ဒီမိုကရေစီ ပြုပြောင်းလဲရေးပိုင်းမှာ ဘာတွေပိုပြီးတိုးတက်လာနိုင်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကနေ ရွေးကောက်ပွဲဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်တို့ ပါဝင်ဆွေးနွေးထားကြပါတယ်။