သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း



ဆန္ဒမဲပေးပြီးသည့် အမှတ်လက္ခဏာ မင်တို့ထားသည့် လက်သန်းကို ထောင်ပြနေသည့် မဲဆန္ဒရှင်တစ်ဦး။ နိုဝင်ဘာ ၈၊ ၂၀၂၀

(Zawgyi/Unicode)


------------------------

(Unicode)

မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနဲ့ ရှေ့အလားအလာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ဖြစ်ရပ်ကို အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကပြောပါတယ်။

AA အဖွဲ့က ဖမ်းဆီးထားတဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြန်လည်လွတ်မြောက်ရေး အလားအလာ၊ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြေ၊ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ဘယ်လောက်ထိ ပုံပေါ်နေပြီလဲ၊ တပ်မတော်နဲ့ ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိနေသလဲ စတာတွေနဲ့ပတ်သက်ပြီး ဒေါက်တာမျိုးညွန့်နဲ့ ဦးဦးလှစောတို့ရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG