သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းဒဏ်သင့်သူအများဆုံးအဖြစ် ကမ္ဘာမှာ မြန်မာစံချိန်တင်


မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))
မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))

မနှစ် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝန်း မြေမြှုပ်မိုင်းပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူအများဆုံးဟာ မြန်မာနိုင်ငံဖြစ်တယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေး အဖွဲ့ - ICBL က ဒီကနေ့နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောပါတယ်။ ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရသူ မနှစ်က ၁,၀၀၀ လောက် ရှိခဲ့တယ်ဆိုပေမယ့် တကယ့်အရေအတွက်ဟာ အဲဒီထက် ၂ ဆ၊ ဒါမှမဟုတ် ၃ ဆလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ မိုးဗြဲမြို့က အသက် ၅၂ နှစ်အရွယ် ဦးလှဟန်ကတော့ မြေမြုပ်မှိုင်း ထိခဲ့တဲ့အတွက် ခန္ဓာကိုယ်က အရင်လို သွားလာ လှုပ်ရှားလို့ မလွယ်တော့ဘူးလို့ ပြောပါတယ်။

“အေးပေါ့၊ အရင်လိုတော့ မဟုတ်တော့ဘူးပေါ့နော်။ ကိုယ့်အတွေးအမြင်လည်း အရင်လို မဟုတ်တော့ဘူး။ ကိုယ်လုပ်ချင်လည်း လုပ်လို့မရဘူး။ သူများစားမှ ကိုယ်စားရတာပဲ၊ သူများလုပ်လို့ ကိုယ်လုပ်၊ အကုန်မလုပ်နိုင်တဲ့အခါကျတော့ကိုယ်လည်း တခါတလေကျတော့ အားငယ်တယ်ပေါ့နော်၊ အဲဒီလိုမျိုးဖြစ်တယ်။”

ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေခဲ့တာကြောင့် စစ်ဖြစ်တဲ့နေရာ အတော်များများမှာ မြေမြှုပ်မိုင်းတွေ ရှိနေတာပါ။

မြေမြှုပ်မိုင်းကြောင့် မနှစ်၊ ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၁,၀၀၃ ဦး သေဆုံး၊ ဒါမှမဟုတ် ထိခိုက် ဒဏ်ရာရခဲ့တယ်လိုICBL က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောမှာလည်း ပဋိပက္ခတွေဖြစ်နေတဲ့အတွက် မြေမြှုပ်မိုင်း ဘယ်လောက်ရှိနေတယ်ဆိုတာကို ကွင်းဆင်း စစ်တမ်းကောက်ယူဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းကြောင့် မနှစ်က ဆီးရီးယားမှာ ၉၃၃ ဦး၊ အာဖဂန်နစ္စတန်မှာ ၆၅၁ ဦးနဲ့ ယူကရိန်းမှာ ၅၈၀ ဦး အသီးသီးသေဆုံး၊ ဒဏ်ရာရာမှုတွေ ရှိခဲ့တယ်လို့ ICBL ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းဒဏ်သင့်သူအများဆုံးအဖြစ် ကမ္ဘာမှာ မြန်မာစံချိန်တင်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG