သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကန္႔အသတ္ၾကား အာဇာနည္ေန႔ ႏုိင္ငံေတာ္အခမ္းအနား က်င္းပ


၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ပန္းေခြခ်ေနတဲ့ ျမန္မာႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ လႊတ္ေတာ္ဥကၠ႒မ်ားနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

ဒီကေန႔က်ေရာက္တဲ့ ၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနား ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ေနခ်ိန္နဲ႔မို႔ အရင္ႏွစ္ေတြနဲ႔မတူဘဲ လူစုလူေဝး ကန္႔သတ္ခ်က္ Social Distancing က်န္းမာေရး စည္းကမ္းခ်က္ေတြနဲ႔ က်င္းပခဲ့ပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာ လြမ္းသူ႔ပန္းေခြခ်ေနတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာ လြမ္းသူ႔ပန္းေခြခ်ေနတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

လြန္ခဲ့တဲ့ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔ မနက္ ၁၀ နာရီ ၃၇ မိနစ္မွာ လုပ္ႀကံသတ္ျဖတ္ခံလိုက္ရတဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔တကြ အာဇာနည္ ေခါင္းေဆာင္ႀကီး ၉ ဦး က်ဆံုးခဲ့ရတဲ့ ႏွစ္ေပါင္း ၇၃ ႏွစ္ျပည့္ အာဇာနည္ေန႔ အခမ္းအနားကို ဒီကေန႔ ရန္ကုန္ၿမိဳ႕ အာဇာနည္ဗိမာန္မွာ က်င္းပေနတာ ျဖစ္ပါတယ္။ ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ လႊတ္ေတာ္အရပ္ရပ္က ဥကၠ႒ေတြနဲ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကိုယ္တုိင္ တက္ေရာက္ ဂါရဝျပဳခဲ့ၾကပါတယ္။ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးအျဖစ္ မိသားစုအေနနဲ႔ တက္ေရာက္ဂါရဝျပဳၿပီး အာဇာနည္ေခါင္းေဆာင္ႀကီး ၉ ဦးျဖစ္တဲ့ မိသားစုဝင္ေတြကလည္း အသီးသီး လာေရာက္ ဂါရဝျပဳၾကပါတယ္။

ဒီႏွစ္ ၂၀၂၀ ခုႏွစ္မွာ က်ေရာက္တဲ့ ၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာေတာ့ ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားေနခ်ိန္နဲ႔ တုိက္ဆိုင္တာေၾကာင့္ ကူးစက္မႈကို ကာကြယ္တဲ့အေနနဲ႔ အခမ္းအနား တက္ေရာက္လာသူတိုင္း မ်က္ႏွာဖံုး ႏွာေခါင္းစည္းေတြ တပ္ဆင္ၾကရသလို လူစုလူေဝးနဲ႔ စုေဝးမႈေတြကို ကန္႔သတ္ထားၿပီး တဦးနဲ႔တဦးၾကား သတ္မွတ္ခ်က္နဲ႔အညီ ခပ္ခြာခြာေနတဲ့ Social Distancing က်န္းမာေရး စည္းကမ္းခ်က္ေတြနဲ႔အတူ အခမ္းအနားက်င္းပဖို႔ တာဝန္ယူထားသူေတြ အခမ္းအနား တက္ေရာက္သူေတြကိုလည္း COVID-19 ဆိုင္ရာ ေဆးစစ္ေဆးမႈေတြနဲ႔ အခမ္းအနား မက်င္းပခင္မွာေရာ အခမ္းအနား က်င္းပၿပီးေနာက္မွာေရာ ရက္အကန္႔အသတ္ေတြနဲ႔ သီးျခားခြဲ ေနထိုင္ၾကရမွာလည္း ျဖစ္ပါတယ္။

အာဇာနည္ဗိမာန္မွာ က်င္းပခဲ့တဲ့ အာဇာနည္ေန႔ အခမ္းအနားကို ကိုယ္တုိင္တက္ေရာက္ လြမ္းသူ႔ပန္းေခြခ် အေလးဂါရဝျပဳခဲ့တဲ့ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းလည္းျဖစ္ ေရြးေကာက္ပြဲဝင္မယ့္ ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက ဒီႏွစ္ အာဇာနည္ေန႔ အခမ္းအနား ထူးျခားခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေျပာျပပါတယ္။

“ဒီႏွစ္ အာဇာနည္ေန႔ဟာ COVID-19 ေရာဂါကာကြယ္ေရး ထိန္းခ်ဳပ္ရတဲ့ အခ်ိန္နဲ႔လည္း တိုက္ဆုိင္ေနတဲ့ အခါက်ေတာ့ ပါတီတခု ၂ ဦး စာရင္းေပးရတယ္။ သြားေတာ့လည္း ကားေပၚမွာလည္း ထိုင္ေစာင့္ၿပီးေတာ့ သူတို႔ေခၚတဲ့ အခ်ိန္က်မွ သြားၿပီး ကိုယ့္ရဲ႕ပန္းေခြ ပန္းျခင္းကိုေတာ့ တရက္ႀကိဳၿပီးေတာ့ ေပးထားရတယ္။ အဲ့ဒါကို ပန္းေခြခ် အေလးျပဳ ကိုယ့္ကားေပၚ ကိုယ္ျပန္တက္ၾကရတယ္။ ဒါကေတာ့ ဒီႏွစ္ အာဇာနည္ေန႔တက္ရတဲ့ ထူးျခားတဲ့ အေတြ႔အႀကံဳပါခင္ဗ်။ အာဇာနည္ ေခါင္းေဆာင္ႀကီးေတြဟာ က်ေနာ္တို႔အတြက္ သင္ခန္းစာေတြ အမ်ားႀကီး ခ်န္ထားခဲ့တယ္လို႔ ခံစားရပါတယ္။

“ဗုိလ္ခ်ဳပ္ေအာင္ဆန္းတို႔ကို ႏုိင္ငံေရး အၾကမ္းဖက္တဲ့နည္းနဲ႔ ေျဖရွင္းခဲ့တဲ့ အတြက္ေၾကာင့္ ေျဖရွင္းသူေတြလည္း ဘာႏုိင္ငံေရး အက်ိဳးအျမတ္မွ မရဘဲ အခုအခ်ိန္အထိ ႏုိင္ငံေတာ္ကို လုပ္ႀကံတဲ့အမႈနဲ႔ ႀကိဳးေပးခံခဲ့ရတယ္။ တုိင္းျပည္မွာလည္း ေလွေလွာ္တုန္း တက္က်ိဳးဆိုသလို တတိုင္းျပည္လံုးအတြက္ ေခါင္းေဆာင္ႀကီးေတြ လုပ္လက္စအလုပ္ေတြပါ တန္႔သြားခဲ့ရတယ္။ သို႔ေသာ္လည္းပဲ ေခါင္းေဆာင္ေတြ က်ဆံုးသြားခဲ့ေပမယ့္ သူတို႔ရဲ႕ ေခါင္းေဆာင္မႈက က်န္ခဲ့တဲ့အတြက္ လြတ္လပ္ေရးကို ရယူႏုိင္ခဲ့တယ္။ အခု ၇၃ ႏွစ္ ျဖစ္လာခဲ့တဲ့အခ်ိန္မွာ ေဘးအိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ယွဥ္ရင္ အမ်ားႀကီး တုိးတက္သင့္ပါလ်က္နဲ႔ ျပည္တြင္းပဋိပကၡေတြ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ သူမ်ားနဲ႔ မယွဥ္ႏုိင္တဲ့ အေျခအေန ေရာက္ေနတာကို သင္ခန္းစာယူသင့္တယ္လို႔ က်ေနာ္ကေတာ့ ျမင္ပါတယ္။”

၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ပန္းေခြခ်ေနတဲ့ ျမန္မာႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ လႊတ္ေတာ္ဥကၠ႒မ်ားနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အထိမ္းအမွတ္ လြမ္းသူ႔ပန္းေခြခ်ေနတဲ့ ျမန္မာႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္၊ လႊတ္ေတာ္ဥကၠ႒မ်ားနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

NLD အရပ္သားအစိုးရလက္ထက္ ဒီႏွစ္ ၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာလည္း ႏုိင္ငံေတာ္သမၼတနဲ႔ လႊတ္ေတာ္အသီးသီးက ဥကၠ႒ေတြနဲ႔အတူ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကုိယ္တုိင္ တက္ေရာက္ခဲ့တဲ့အေပၚ ႏုိင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ဒီႏိုင္ငံေခါင္းေဆာင္ေတြ အေနနဲ႔ အာဇာနည္ ေခါင္းေဆာင္ႀကီးေတြ လိုလားေတာင့္တတဲ့ ေမွ်ာ္မွန္းခ်က္ေတြ ျပည့္မီႏိုင္ေရး အားထုတ္ႀကိဳးပမ္းသင့္တယ္လို႔ သူ႔သံုးသပ္ခ်က္အျမင္ ေျပာျပပါတယ္။

“ဒီႏွစ္ အာဇာနည္ေန႔မွာေပါ့ေလ အစိုးရပိုင္းကေရာ လႊတ္ေတာ္ပိုင္းကေရာ တပ္မေတာ္ပိုင္းကေရာ အႀကီးအကဲေတြ စံုစံုညီညီ တက္ေရာက္တာဟာ ဒါက ေကာင္းတဲ့လကၡဏာတရပ္လို႔ ျမင္ပါတယ္။ ေနာက္တခုက ဒီႏွစ္က ေရြးေကာက္ပြဲလုပ္မယ့္ႏွစ္ ျဖစ္တဲ့အခါက်ေတာ့ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံေရး သမိုင္းအတြက္လည္း အေရးႀကီးတဲ့ ႏွစ္တႏွစ္လို႔ ေျပာလို႔ရတယ္။ သို႔ေသာ္လည္း ဒီႏွစ္မွာ COVID-19 ကပ္ေရာဂါႀကီးကလည္း ျဖစ္ေနတဲ့အခါက်ေတာ့ အက်ဥ္းခ်ံဳးၿပီး လုပ္ရတဲ့ သေဘာမ်ိဳးေတြလည္း ေတြ႔ရတယ္။

“အာဇာနည္ေန႔အေပၚ က်ေနာ့္အျမင္ကေတာ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ခ်မွတ္ခဲ့တဲ့ လမ္းစဥ္နဲ႔ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ထားခဲ့တဲ့ ရည္မွန္းခ်က္ေတြ ျပည့္မီေအာင္ဆိုရင္ ဒီ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏုိင္ငံ့ေခါင္းေဆာင္ေတြက ေဖာ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ျမင္တယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပင္လံုစာခ်ဳပ္မွာ ကိုယ္တိုင္လက္မွတ္ထိုးခဲ့တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီးပိုင္ခြင့္ ဒီအခြင့္အလမ္းေတြကို တင္းျပည့္က်ပ္ျပည့္ အာမခံခ်က္ေပးၿပီးေတာ့ အပ္ႏွင္းႏုိင္မယ့္ အေျခခံေကာင္းေတြကို ဒီအာဇာနည္ေန႔ လာတက္တဲ့ လႊတ္ေတာ္ေခါင္းေဆာင္ေတြ အစိုးရေခါင္းေဆာင္ေတြ တပ္မေတာ္ေခါင္းေဆာင္ေတြ ေဆြးေႏြးၿပီးေတာ့ အုတ္ျမစ္ခ်သင့္တယ္လို႔ ျမင္ပါတယ္။”

ျမန္မာျပည္သူ တရပ္လံုးက အာဇာနည္ေန႔ေရာက္တုိင္း ဝမ္းနည္းေၾကကြဲစြာနဲ႔ က်င္းပၾကေပမယ့္လို႔ တုိင္းရင္းသားေတြၾကားမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ခ်မွတ္ခဲ့တဲ့ လမ္းစဥ္ေတြ ဗိုလ္ခ်ဳပ္ေပးခဲ့တဲ့ ပင္လံုကတိကဝတ္ေတြကို အေကာင္အထည္ ေဖာ္ဖို႔လည္း လိုတယ္လို႔ ႏုိင္ငံေရးေလ့လာသံုးသပ္သူ ရွမ္းျပည္နယ္ သီေပါၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေဟာင္း ဦးရဲထြန္းက အခုလိုေျပာပါတယ္။

“ဒီေန႔လိုေန႔မွာ ဗိုလ္ခ်ဳပ္တို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြ က်ဆံုးသြားတာကို လြမ္းဆြတ္တမ္းတတဲ့ အေနနဲ႔ အထိမ္းအမွတ္ျပဳ႐ံု လြမ္းသူ႔ပန္းေခြ သြားခ်႐ံု မဟုတ္ဘဲနဲ႔ ဗိုလ္ခ်ဳပ္တို႔ေပးသြားတဲ့ ပင္လံုကတိကဝတ္ေတြကို ျဖည့္ဆည္းေပးဖို႔၊ အထူးသျဖင့္ေတာ့ ဒီမိုကေရစီ ဖက္ဒရယ္စနစ္ေပါ့ ေရာက္ေအာင္ခ်ီတက္မယ္ဆိုတဲ့ သႏၷိ႒ာန္နဲ႔ တိုင္းရင္းသားေတြနဲ႔အတူ ႀကိဳးစားၾကမယ္ဆိုတဲ့ ႏိုင္ငံေရးအရ လုပ္ေပးႏုိင္လို႔ ရွိရင္ေတာ့ ပိုၿပီးေတာ့ သင့္ေလ်ာ္လိမ့္မယ္လို႔ က်ေနာ္က ထင္ပါတယ္။ ျပည္ေထာင္စုႀကီးကို တည္တံ့ေစခ်င္တယ္၊ ပင္လံုကတိကဝတ္ေတြကို ျဖည့္ဆည္းခ်င္တယ္ဆိုတဲ့ ႏုိင္ငံေရးေခါင္းေဆာင္ေတြ အေနနဲ႔က အေကာင္အထည္ေပၚေအာင္ ႀကိဳးစားမယ္ဆိုတဲ့ ကတိကဝတ္နဲ႔ သႏၷိ႒ာန္က အေရးတႀကီးအခ်က္လို႔ ထင္ပါတယ္။”

အာဇာနည္ေခါင္းေဆာင္ႀကီးေတြ က်ဆံုးခဲ့ရတဲ့ မနက္ ၁၀ နာရီ ၃၇ မိနစ္ အခ်ိန္မွာလည္း ျပည္သူေတြကေန မိမိတို႔ေရာက္ရွိေနတဲ့ ေနရာေတြကေန ၿငိမ္သက္စြာရပ္ၿပီး အေလးဂါရဝ ျပဳၾကသလို ေမာ္ေတာ္ယာဥ္ေတြကလည္း အဆက္မျပတ္ ဟြန္းတီးၿပီး ဝမ္းနည္းေၾကာင္း အထိမ္းအမွတ္ ျပသခဲ့ၾကပါတယ္။ ျပည္သူေတြအေနနဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို အခုခ်ိန္အထိ အေလးဂါရဝ ျပဳေနၾကဆဲ အေနအထားကေတာ့ ဂုဏ္ယူစရာ ျဖစ္ပါတယ္လို႔ သတင္းစာဆရာ ကိုသီဟေသြးက သံုးသပ္ပါတယ္။

“၁၀ နာရီ ၃၇ မိနစ္ ဗိုလ္ခ်ဳပ္တို႔ က်ဆံုးတဲ့အခ်ိန္မွာ ကားေတြ လူေတြက ေရာက္တဲ့ေနရာကေန ရပ္ၿပီး ဟြန္းတီးတဲ့ကိစၥက လူေတြစိတ္ထဲမွာ အာဇာနည္ေတြအေပၚ အမ်ားႀကီးက်န္ေသးတယ္။ ဒီကေန႔လို COVID-19 ကာလ အကန္႔အသတ္ေတြနဲ႔ ေနတဲ့အခ်ိန္ေတာင္ ျပည္သူေတြက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ ေရာက္တဲ့ေနရာကေန ဂါရဝျပဳၾကတယ္ ဆိုတာ အားရမိတယ္။ ေခါင္းေဆာင္ေတြ ေမွ်ာ္မွန္းထားတဲ့ အိပ္မက္ေတြ တကယ္ျဖစ္လာၿပီး က်ေနာ္တို႔မ်ိဳးဆက္အလိုက္ နားလည္မႈေတြ တည္ေဆာက္ထားႏုိင္မယ္ဆိုရင္ မ်ိဳးဆက္သစ္ေတြ လက္ဆင့္ကမ္းၿပီး အၿမဲတမ္း အားလံုးပါဝင္တဲ့ ႏုိင္ငံေရး အေျပာင္းအလဲေတြ ျဖစ္ဖို႔လည္း လိုပါတယ္။ ဒါမွ ႏိုင္ငံအတြက္ ေကာင္းတဲ့အေျပာင္းအလဲေတြ ဆက္သြားႏုိင္မွာပါ။”

ဒီႏွစ္မွာေတာ့ အာဇာနည္ဗိမာန္မွာ က်င္းပတဲ့ အာဇာနည္ေန႔ အခမ္းအနားကို အမ်ားျပည္သူ တက္ေရာက္ဂါရဝျပဳခြင့္ကို ကန္႔သတ္ထားသလို COVID-19 ကာလ ျဖစ္တဲ့အတြက္ အာဇာနည္ေခါင္းေဆာင္ႀကီးေတြ က်ဆံုးခဲ့ရတဲ့ ရန္ကုန္ၿမိဳ႕ အတြင္းဝန္႐ံုး အရင္ဝန္ႀကီးမ်ား႐ံုးမွာ တည္ရွိတဲ့ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတဲ့အခန္း တုိင္းျပဳျပည္ျပဳ အစည္းအေဝးခန္းမ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္ ရန္ကုန္နဲ႔ ဗုိလ္ခ်ဳပ္ေအာင္ဆန္း နတ္ေမာက္က ေနအိမ္တို႔ကို အရင္ႏွစ္ေတြကလို အမ်ားျပည္သူမ်ားကို ဝင္ေရာက္ၾကည့္႐ႈခြင့္ မျပဳဘဲ ပိတ္ထားေပမယ့္ အြန္လိုင္းကေနတဆင့္ အမ်ားျပည္သူ ၾကည့္႐ႈႏိုင္ေအာင္ ဝက္ဘ္ဆိုက္ စာမ်က္ႏွာေတြကတဆင့္ ေလ့လာႏိုင္ေအာင္လည္း စီစဥ္ေပးထားၿပီး ၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားေတြနဲ႔ အာဇာနည္ ေခါင္းေဆာင္ႀကီးေတြကို ရည္စူး ဆြမ္းကပ္လွဴတာေတြကိုလည္း ႏိုင္ငံနဲ႔အဝန္း ျပဳလုပ္က်င္းပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------------

(Unicode)

ကိုဗစ်အကန့်အသတ်ကြား အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား ကျင်းပ

ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေချိန်နဲ့မို့ အရင်နှစ်တွေနဲ့မတူဘဲ လူစုလူဝေး ကန့်သတ်ချက်Social Distancing ကျန်းမာရေး စည်းကမ်းချက်တွေနဲ့ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦး ကျဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၇၃ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်အရပ်ရပ်က ဥက္ကဋ္ဌတွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ် မိသားစုအနေနဲ့ တက်ရောက်ဂါရဝပြုပြီး အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးဖြစ်တဲ့ မိသားစုဝင်တွေကလည်း အသီးသီး လာရောက် ဂါရဝပြုကြပါတယ်။

ဒီနှစ် ၂၀၂၀ ခုနှစ်မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာတော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်တာကြောင့် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ အခမ်းအနား တက်ရောက်လာသူတိုင်း မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ဆင်ကြရသလို လူစုလူဝေးနဲ့ စုဝေးမှုတွေကို ကန့်သတ်ထားပြီး တဦးနဲ့တဦးကြား သတ်မှတ်ချက်နဲ့အညီ ခပ်ခွာခွာနေတဲ့ Social Distancing ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အတူ အခမ်းအနားကျင်းပဖို့ တာဝန်ယူထားသူတွေ အခမ်းအနား တက်ရောက်သူတွေကိုလည်း COVID-19 ဆိုင်ရာ ဆေးစစ်ဆေးမှုတွေနဲ့ အခမ်းအနား မကျင်းပခင်မှာရော အခမ်းအနား ကျင်းပပြီးနောက်မှာရော ရက်အကန့်အသတ်တွေနဲ့ သီးခြားခွဲ နေထိုင်ကြရမှာလည်း ဖြစ်ပါတယ်။

၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာ လြမ္းသူ႔ပန္းေခြခ် အေလးျပဳေနတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားမွာ လြမ္းသူ႔ပန္းေခြခ် အေလးျပဳေနတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက် လွမ်းသူ့ပန်းခွေချ အလေးဂါရဝပြုခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတခုဖြစ်တဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီနှစ် အာဇာနည်နေ့ အခမ်းအနား ထူးခြားချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

“ဒီနှစ် အာဇာနည်နေ့ဟာ COVID-19 ရောဂါကာကွယ်ရေး ထိန်းချုပ်ရတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတဲ့ အခါကျတော့ ပါတီတခု ၂ ဦး စာရင်းပေးရတယ်။ သွားတော့လည်း ကားပေါ်မှာလည်း ထိုင်စောင့်ပြီးတော့ သူတို့ခေါ်တဲ့ အချိန်ကျမှ သွားပြီး ကိုယ့်ရဲ့ပန်းခွေ ပန်းခြင်းကိုတော့ တရက်ကြိုပြီးတော့ ပေးထားရတယ်။ အဲ့ဒါကို ပန်းခွေချ အလေးပြု ကိုယ့်ကားပေါ် ကိုယ်ပြန်တက်ကြရတယ်။ ဒါကတော့ ဒီနှစ် အာဇာနည်နေ့တက်ရတဲ့ ထူးခြားတဲ့ အတွေ့အကြုံပါခင်ဗျ။အာဇာနည် ခေါင်းဆောင်ကြီးတွေဟာ ကျနော်တို့အတွက် သင်ခန်းစာတွေ အများကြီး ချန်ထားခဲ့တယ်လို့ ခံစားရပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းတို့ကို နိုင်ငံရေး အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းခဲ့တဲ့ အတွက်ကြောင့် ဖြေရှင်းသူတွေလည်း ဘာနိုင်ငံရေး အကျိုးအမြတ်မှ မရဘဲ အခုအချိန်အထိ နိုင်ငံတော်ကို လုပ်ကြံတဲ့အမှုနဲ့ ကြိုးပေးခံခဲ့ရတယ်။ တိုင်းပြည်မှာလည်း လှေလှော်တုန်း တက်ကျိုးဆိုသလို တတိုင်းပြည်လုံးအတွက် ခေါင်းဆောင်ကြီးတွေ လုပ်လက်စအလုပ်တွေပါ တန့်သွားခဲ့ရတယ်။ သို့သော်လည်းပဲ ခေါင်းဆောင်တွေ ကျဆုံးသွားခဲ့ပေမယ့် သူတို့ရဲ့ ခေါင်းဆောင်မှုက ကျန်ခဲ့တဲ့အတွက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့တယ်။ အခု ၇၃ နှစ် ဖြစ်လာခဲ့တဲ့အချိန်မှာ ဘေးအိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီး တိုးတက်သင့်ပါလျက်နဲ့ ပြည်တွင်းပဋိပက္ခတွေ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သူများနဲ့ မယှဉ်နိုင်တဲ့ အခြေအနေ ရောက်နေတာကို သင်ခန်းစာယူသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

NLD အရပ်သားအစိုးရလက်ထက် ဒီနှစ် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာလည်း နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အသီးသီးက ဥက္ကဋ္ဌတွေနဲ့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဒီနိုင်ငံခေါင်းဆောင်တွေ အနေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လိုလားတောင့်တတဲ့ မျှော်မှန်းချက်တွေ ပြည့်မီနိုင်ရေး အားထုတ်ကြိုးပမ်းသင့်တယ်လို့ သူ့သုံးသပ်ချက်အမြင် ပြောပြပါတယ်။

“ဒီနှစ် အာဇာနည်နေ့မှာပေါ့လေ အစိုးရပိုင်းကရော လွှတ်တော်ပိုင်းကရော တပ်မတော်ပိုင်းကရော အကြီးအကဲတွေ စုံစုံညီညီ တက်ရောက်တာဟာ ဒါက ကောင်းတဲ့လက္ခဏာတရပ်လို့ မြင်ပါတယ်။ နောက်တခုက ဒီနှစ်က ရွေးကောက်ပွဲလုပ်မယ့်နှစ် ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းအတွက်လည်း အရေးကြီးတဲ့ နှစ်တနှစ်လို့ ပြောလို့ရတယ်။ သို့သော်လည်း ဒီနှစ်မှာ COVID-19 ကပ်ရောဂါကြီးကလည်း ဖြစ်နေတဲ့အခါကျတော့ အကျဉ်းချုံးပြီး လုပ်ရတဲ့ သဘောမျိုးတွေလည်း တွေ့ရတယ်။

“အာဇာနည်နေ့အပေါ် ကျနော့်အမြင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ထားခဲ့တဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင်ဆိုရင် ဒီ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်မှာ ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ဒီအခွင့်အလမ်းတွေကို တင်းပြည့်ကျပ်ပြည့် အာမခံချက်ပေးပြီးတော့ အပ်နှင်းနိုင်မယ့် အခြေခံကောင်းတွေကို ဒီအာဇာနည်နေ့ လာတက်တဲ့ လွှတ်တော်ခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေ ဆွေးနွေးပြီးတော့ အုတ်မြစ်ချသင့်တယ်လို့ မြင်ပါတယ်။”

မြန်မာပြည်သူ တရပ်လုံးက အာဇာနည်နေ့ရောက်တိုင်း ဝမ်းနည်းကြေကွဲစွာနဲ့ ကျင်းပကြပေမယ့်လို့ တိုင်းရင်းသားတွေကြားမှာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ ဗိုလ်ချုပ်ပေးခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အကောင်အထည် ဖော်ဖို့လည်း လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှမ်းပြည်နယ် သီပေါမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက အခုလိုပြောပါတယ်။

“ဒီနေ့လိုနေ့မှာ ဗိုလ်ချုပ်တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတာကို လွမ်းဆွတ်တမ်းတတဲ့ အနေနဲ့ အထိမ်းအမှတ်ပြုရုံလွမ်းသူ့ပန်းခွေ သွားချရုံ မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်တို့ပေးသွားတဲ့ ပင်လုံကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့၊ အထူးသဖြင့်တော့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ပေါ့ ရောက်အောင်ချီတက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ တိုင်းရင်းသားတွေနဲ့အတူ ကြိုးစားကြမယ်ဆိုတဲ့ နိုင်ငံရေးအရ လုပ်ပေးနိုင်လို့ ရှိရင်တော့ ပိုပြီးတော့ သင့်လျော်လိမ့်မယ်လို့ ကျနော်က ထင်ပါတယ်။ ပြည်ထောင်စုကြီးကို တည်တံ့စေချင်တယ်၊ ပင်လုံကတိကဝတ်တွေကို ဖြည့်ဆည်းချင်တယ်ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့က အကောင်အထည်ပေါ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိကဝတ်နဲ့ သန္နိဋ္ဌာန်က အရေးတကြီးအချက်လို့ ထင်ပါတယ်။”

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာလည်း ပြည်သူတွေကနေ မိမိတို့ရောက်ရှိနေတဲ့ နေရာတွေကနေ ငြိမ်သက်စွာရပ်ပြီး အလေးဂါရဝ ပြုကြသလို မော်တော်ယာဉ်တွေကလည်း အဆက်မပြတ် ဟွန်းတီးပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ် ပြသခဲ့ကြပါတယ်။ ပြည်သူတွေအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အခုချိန်အထိ အလေးဂါရဝ ပြုနေကြဆဲ အနေအထားကတော့ ဂုဏ်ယူစရာ ဖြစ်ပါတယ်လို့ သတင်းစာဆရာ ကိုသီဟသွေးက သုံးသပ်ပါတယ်။

“၁၀ နာရီ ၃၇ မိနစ် ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန်မှာ ကားတွေ လူတွေက ရောက်တဲ့နေရာကနေ ရပ်ပြီး ဟွန်းတီးတဲ့ကိစ္စက လူတွေစိတ်ထဲမှာ အာဇာနည်တွေအပေါ် အများကြီးကျန်သေးတယ်။ ဒီကနေ့လို COVID-19 ကာလ အကန့်အသတ်တွေနဲ့ နေတဲ့အချိန်တောင် ပြည်သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရောက်တဲ့နေရာကနေ ဂါရဝပြုကြတယ် ဆိုတာ အားရမိတယ်။ ခေါင်းဆောင်တွေ မျှော်မှန်းထားတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီး ကျနော်တို့မျိုးဆက်အလိုက် နားလည်မှုတွေ တည်ဆောက်ထားနိုင်မယ်ဆိုရင် မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းပြီး အမြဲတမ်း အားလုံးပါဝင်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှ နိုင်ငံအတွက် ကောင်းတဲ့အပြောင်းအလဲတွေ ဆက်သွားနိုင်မှာပါ။”

ဒီနှစ်မှာတော့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အများပြည်သူ တက်ရောက်ဂါရဝပြုခွင့်ကို ကန့်သတ်ထားသလို COVID-19 ကာလ ဖြစ်တဲ့အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံး အရင်ဝန်ကြီးများရုံးမှာ တည်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အခန်း တိုင်းပြုပြည်ပြု အစည်းအဝေးခန်းမ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ရန်ကုန်နဲ့ ဗိုလ်ချုပ်အောင်ဆန်း နတ်မောက်က နေအိမ်တို့ကို အရင်နှစ်တွေကလို အများပြည်သူများကို ဝင်ရောက်ကြည့်ရှုခွင့် မပြုဘဲ ပိတ်ထားပေမယ့် အွန်လိုင်းကနေတဆင့် အများပြည်သူ ကြည့်ရှုနိုင်အောင် ဝက်ဘ်ဆိုက် စာမျက်နှာတွေကတဆင့် လေ့လာနိုင်အောင်လည်း စီစဉ်ပေးထားပြီး ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး ဆွမ်းကပ်လှူတာတွေကိုလည်း နိုင်ငံနဲ့အဝန်း ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG