သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အႏွစ္သာရ


ဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား။

(Zawgyi / Unicode)

ဇူလိုင္ ၁၉ ရက္ ဒီကေန႔ဟာ လြတ္လပ္ေရးဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔တကြ အာဇာနည္ေခါင္းေဆာင္ေတြ လုပ္ႀကံခံရတာ ၇၃ ႏွစ္ ျပည့္သြားၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ ေခါင္းေဆာင္ေတြ ေမွ်ာ္မွန္းခဲ့တဲ့ အေျခအေနမ်ဳိး ခုခ်ိန္ထိ အျပည့္အဝ မခံစားရေသးဘူးလို႔ ေရွ႕မီေနာက္မီ ပုဂၢိလ္ေတြက သုံးသပ္ၾကပါတယ္။ အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ဆက္ထားပါတယ္။

အေမရိကန္ အေရွ႕ဘက္ျခမ္း ေမရီလန္းျပည္နယ္မွာေနတဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ တူေတာ္စပ္သူ အာဇာနည္ ဦးဘဝင္းရဲ႕သား ေဒါက္တာစိန္ဝင္းကေတာ့ ဗုိလ္ခ်ဳပ္တုိ႔ ကြယ္လြန္ခ်ိန္မွာ ၃ ႏွစ္သားအရြယ္သာ ရွိေသးတာပါ။

"က်ေနာ္တို႔က ငယ္ငယ္ေလး ရွိေသးတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဆိုရင္ သူ ၂ ႏွစ္သမီးပဲ ရွိေသးတယ္။ က်ေနာ္ဆိုရင္ ၃ ႏွစ္သား ေက်ာ္ေက်ာ္ေလာက္ ျဖစ္ႏိုင္တယ္။ က်ေနာ္မွတ္မိတာက ပုဂၢိဳလ္ေရးအေနနဲ႔ေတာ့ ဒီေလာက္ မမွတ္မိဘူး၊ ကေလးကိုးဗ်။ သုိ႔ေသာ္လည္းပဲ ဂ်ဴဗလီေဟာကို သြားတာေတာ့ မွတ္မိတယ္။ ဂ်ဴဗလီေဟာမွာ စစ္သားေတြ အေလးျပဳၾကတယ္။ က်ေနာ္ကလည္း ကေလးဆိုေတာ့ ဝင္ၿပီး အေလးျပဳတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ဦးေလးျဖစ္ေနတယ္ ေနာ္၊ ဦးေလးဆိုတာကို ခံစားတာထက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဆိုတဲ့ဟာကို ပုိခံစားလာတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသာ ရွိခဲ့လို႔ရွိရင္ တိုင္းျပည္က ဒီလုိမျဖစ္ဘူး၊ ဒီလုိအမွားေတြကို တားမွာပဲဆိုတဲ့ အေတြးကေတာ့ ဝင္တယ္ဗ်။"

ဗုိလ္ခ်ဳပ္ေအာင္ဆန္းတို႔ လုပ္ႀကံမခံရခင္ ၁၉၄၇ ဇူလိုင္ ၁၃ ရက္ ၿမဳိ႕ေတာ္ခန္းမေရွ႕ ေျပာခဲ့တဲ့ ဗိုလ္ခ်ဳပ္ရဲ႕ မိန္႔ခြန္းထဲမွာ တိုင္းရင္းသားေတြနဲ႔ ညီညြတ္ေရးကိစၥ အေလးထားခဲ့ပါတယ္။

"အခု က်ေနာ္ တိတိလင္းလင္း ေျပာထားပါမယ္။ ဗမာျပည္မယ္ လူထုညီညြတ္ေရး တိုင္းရင္းသားအခ်င္းခ်င္း ညီညြတ္ေရးေတြဟာ မၿပဳိမကြဲနဲ႔ ဘယ္သူမွ ေဖာက္ထြင္းလုိ႔ မရလို႔ရွိရင္ .. ဟတ္လား .. ေနာက္ၿပီးေတာ့ လက္ဝဲသမားေခၚတဲ့ လူငယ္ႏိုင္ငံေရးသမားေတြ ညီညြတ္သထက္ ညီညြတ္ႏိုင္လို႔ရွိရင္ .. ဟတ္လား .. အဲဒီဟာ ႀကီးရင္ႀကီးသေလာက္ ခင္ဗ်ားတုိ႔ရဲ႕ လြတ္လပ္ေရးဟာ ပိုေကာင္းလာမယ္။ အဲဒီဟာ ငယ္ရင္ငယ္သေလာက္ ခင္ဗ်ားတို႔ရဲ႕ လြတ္လပ္ေရး ရတယ္ဆိုေပမယ့္ ဟတ္လား အခြင့္အေရး နည္းလာမယ္။ ေနာက္တခါ အဲဒီလုိေနရာမယ္ ႏိုင္ငံေရးသမားေတြတခ်ဳိ႕ ေျခထုိးတာကို ခင္ဗ်ားတို႔ ေယာင္မွားလို႔ အင္မတန္ ဖ႐ုိဖရဲ ျဖစ္ၾကရင္ေတာ့ျဖစ္ရင္ အဲဒါ ခင္ဗ်ားတို႔ လြတ္လပ္ေရးရမွာ မဟုတ္ဘူး။"

သမၼတ ကုိယ္တုိင္တက္တဲ့ အာဇာနည္ေန႔ အခမ္းအနား
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္

တခ်ိန္က ဗုိလ္ခ်ဳပ္ရဲ႕ ေတြးေတာ ေမွ်ာ္မွန္းမႈေတြက ခုခ်ိန္ထိ ဘာမွ ျဖစ္မလာေသးဘူးလို႔ ေထာက္ျပ ေျပာလာသူက အေမရိကန္ အေနာက္ဘက္ျခမ္း ကယ္လီဖုိးနီးယားျပည္နယ္ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈအသင္း ဥကၠ႒ ေဒါက္တာ စိုင္းေထြးေမာင္ ျဖစ္ပါတယ္။

"ဗုိလ္ခ်ဳပ္ေအာင္ဆန္းကေတာ့ တကယ္ပဲ တုိင္းရင္းသားေတြနဲ႔ သင့္သင့္ျမတ္ျမတ္ေနဖို႔၊ ေနာက္ တရားမွ်တစြာ ဆက္ဆံဖို႔၊ ေနာက္ၿပီးေတာ့ တန္းတူညီမွ်တဲ့ အခြင့္အေရးေတြ ေပးဖုိ႔ အဲဒါကို သူက ေသခ်ာေျပာသြားတယ္ဗ်။ ဒါေပမယ့္ သူ႔စကားေတြလည္း အခုဆိုလို႔ရွိရင္ ေျပာသာေျပာေနၾကတာ၊ သူ႔ရဲ႕မိန္႔ခြန္းကိုလည္း ခနခနသာ ဖြင့္ေနၾကတယ္။ ဒါေပမယ့္ သူ႔စကားကိုေတာ့ နားမေထာင္ၾကဘူး၊ သူေျပာတဲ့ မိန္႔ခြန္းကိုလည္း မလုိက္နာၾကဘူး။ ဆိုေတာ့ အခု အေျခအေနအရ ၾကည့္တဲ့အခါမွာ ျမန္မာႏိုင္ငံအစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြက ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေျပာသြားတဲ့စကားေတြနဲ႔ တျခားစီျဖစ္ေနတယ္။ ဆိုေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြက ဘယ္လိုမွ အခြင့္အေရး တန္းတူညီမွ် မရဘူး။ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေျပာသြားတဲ့စကား၊ မိန္႔ခြန္းနဲ႔ ေပးသြားတဲ့ ကတိေတြအရဆိုရင္ က်ေနာ္တုိ႔ တုိင္းရင္းသားေတြ တခုမွ မခံစားရဘူးဗ်ာ။"

ဗုိလ္ခ်ဳပ္ေအာင္ဆန္းရဲ႕တူ ေဒါက္တာစိန္ဝင္းကေတာ့ တုိင္းရင္းသားေတြနဲ႔ တန္းတူညီမွ် ေနႏိုင္မွသာ လြတ္လပ္ေရးရဲ႕ အႏွစ္သာရ ျပည့္ဝလာမယ္လို႔ ယုံၾကည္သူ ျဖစ္ပါတယ္။

"လြတ္လပ္ေရး ဘယ္မွာေရာက္ေနသလဲ၊ လြတ္လပ္ေရးဆိုတာ ဘာလဲ စသည္အားျဖင့္ ၾကည့္တဲ့အခါက်ေတာ့ ပထမဦးဆုံးကေတာ့ ျပည္သူလူထုရဲ႕ဆႏၵ အဲဒါ သိပ္အေရးႀကီးတယ္။ ျပည္သူလူထုဆႏၵကို အေရးမေပးဘူး၊ အေလးမထားဘူး၊ ဂ႐ုမစိုက္ဘူး၊ ငါတို႔လုပ္ခ်င္တာ လုပ္လို႔ရတယ္ဆိုရင္ေတာ့ ဒါ လြတ္လပ္ေရးနဲ႔ အေဝးႀကီးပဲ။ အဲဒီေတာ့ ျပည္သူ႔ဆႏၵပါဝင္တဲ့ အေျခခံဥပေဒက အင္မတန္ အေရးႀကီးတယ္ဗ်။ ဗမာျပည္မွာက တုိင္းရင္းသားနဲ႔ စုေပါင္းေနထိုင္တဲ့ တုိင္းျပည္မွာ အားလုံး ညီညီမွ်မွ် ရွိသင့္တယ္။ ညီညီမွ်မွ် ေဖာ္ေဆာင္သင့္တယ္။ အဲဒါ မျဖစ္ႏိုင္ဘူးဆိုလို႔ရွိရင္ တကယ့္လြတ္လပ္ေရး မရႏိုင္ေတာ့ဘူး။"

၁၉၄၇ ဇူလုိင္ ၁၉ ရက္ မနက္ ၁၀ နာရီေက်ာ္အခ်ိန္ ရန္ကုန္ၿမဳိ႕ ဗုိလ္ေအာင္ေက်ာ္လမ္းက အတြင္းဝန္မ်ား႐ုံးမွာ အစည္းအေဝးလုပ္ေနခ်ိန္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ သခင္ျမ၊ ဒီးဒုတ္ ဦးဘခ်ဳိ၊ ဦးရာဇတ္၊ မန္းဘခိုင္၊ ဦးဘဝင္း၊ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္း၊ ဦးအုန္းေမာင္၊ ရဲေဘာ္ ကိုေထြးတို႔ ၉ ဦး ေသနတ္သမားေတြရဲ႕ လုပ္ႀကံခံရၿပီး ကြယ္လြန္ခဲ့ရာက အာဇာနည္ေန႔ ျဖစ္ေပၚလာခဲ့ပါတယ္။

၇၃ ႏွစ္ေျမာက္ အာဇာနည္ေန႔ အႏွစ္သာရ
please wait

No media source currently available

0:00 0:04:57 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

၇၃ နှစ်မြောက် အာဇာနည်နေ့ အနှစ်သာရ

ဇူလိုင် ၁၉ ရက် ဒီကနေ့ဟာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတာ ၇၃ နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုး ခုချိန်ထိ အပြည့်အဝ မခံစားရသေးဘူးလို့ ရှေ့မီနောက်မီ ပုဂ္ဂိလ်တွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ်။

အမေရိကန် အရှေ့ဘက်ခြမ်း မေရီလန်းပြည်နယ်မှာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူ အာဇာနည် ဦးဘဝင်းရဲ့သား ဒေါက်တာစိန်ဝင်းကတော့ ဗိုလ်ချုပ်တို့ ကွယ်လွန်ချိန်မှာ ၃ နှစ်သားအရွယ်သာ ရှိသေးတာပါ။

"ကျနော်တို့က ငယ်ငယ်လေး ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သူ ၂ နှစ်သမီးပဲ ရှိသေးတယ်။ ကျနော်ဆိုရင် ၃ နှစ်သား ကျော်ကျော်လောက် ဖြစ်နိုင်တယ်။ ကျနော်မှတ်မိတာက ပုဂ္ဂိုလ်ရေးအနေနဲ့တော့ ဒီလောက် မမှတ်မိဘူး၊ ကလေးကိုးဗျ။ သို့သော်လည်းပဲ ဂျူဗလီဟောကို သွားတာတော့ မှတ်မိတယ်။ ဂျူဗလီဟောမှာ စစ်သားတွေ အလေးပြုကြတယ်။ ကျနော်ကလည်း ကလေးဆိုတော့ ဝင်ပြီး အလေးပြုတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဦးလေးဖြစ်နေတယ် နော်၊ဦးလေးဆိုတာကို ခံစားတာထက် ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ဟာကို ပိုခံစားလာတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိခဲ့လို့ရှိရင် တိုင်းပြည်က ဒီလိုမဖြစ်ဘူး၊ ဒီလိုအမှားတွေကို တားမှာပဲဆိုတဲ့ အတွေးကတော့ ဝင်တယ်ဗျ။"

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံမခံရခင် ၁၉၄၇ ဇူလိုင် ၁၃ ရက် မြို့တော်ခန်းမရှေ့ ပြောခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ တိုင်းရင်းသားတွေနဲ့ ညီညွတ်ရေးကိစ္စ အလေးထားခဲ့ပါတယ်။

"အခု ကျနော် တိတိလင်းလင်း ပြောထားပါမယ်။ ဗမာပြည်မယ် လူထုညီညွတ်ရေး တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးတွေဟာ မပြိုမကွဲနဲ့ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ရှိရင် .. ဟတ်လား .. နောက်ပြီးတော့ လက်ဝဲသမားခေါ်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်သထက် ညီညွတ်နိုင်လို့ရှိရင် .. ဟတ်လား .. အဲဒီဟာ ကြီးရင်ကြီးသလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးဟာ ပိုကောင်းလာမယ်။ အဲဒီဟာ ငယ်ရင်ငယ်သလောက် ခင်ဗျားတို့ရဲ့ လွတ်လပ်ရေး ရတယ်ဆိုပေမယ့် ဟတ်လား အခွင့်အရေး နည်းလာမယ်။ နောက်တခါ အဲဒီလိုနေရာမယ် နိုင်ငံရေးသမားတွေတချို့ ခြေထိုးတာကို ခင်ဗျားတို့ ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြရင်တော့ဖြစ်ရင် အဲဒါ ခင်ဗျားတို့ လွတ်လပ်ရေးရမှာ မဟုတ်ဘူး။"

တချိန်က ဗိုလ်ချုပ်ရဲ့ တွေးတော မျှော်မှန်းမှုတွေက ခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးလို့ ထောက်ပြ ပြောလာသူက အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင် ဖြစ်ပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်းကတော့ တကယ်ပဲ တိုင်းရင်းသားတွေနဲ့ သင့်သင့်မြတ်မြတ်နေဖို့၊ နောက် တရားမျှတစွာ ဆက်ဆံဖို့၊ နောက်ပြီးတော့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပေးဖို့ အဲဒါကို သူက သေချာပြောသွားတယ်ဗျ။ ဒါပေမယ့် သူ့စကားတွေလည်း အခုဆိုလို့ရှိရင် ပြောသာပြောနေကြတာ၊ သူ့ရဲ့မိန့်ခွန်းကိုလည်း ခနခနသာ ဖွင့်နေကြတယ်။ ဒါပေမယ့် သူ့စကားကိုတော့ နားမထောင်ကြဘူး၊ သူပြောတဲ့ မိန့်ခွန်းကိုလည်း မလိုက်နာကြဘူး။ ဆိုတော့ အခု အခြေအနေအရ ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံအစိုးရရဲ့ လုပ်ဆောင်ချက်တွေက ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့စကားတွေနဲ့ တခြားစီဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေက ဘယ်လိုမှ အခွင့်အရေး တန်းတူညီမျှ မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့စကား၊ မိန့်ခွန်းနဲ့ ပေးသွားတဲ့ ကတိတွေအရဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ တခုမှ မခံစားရဘူးဗျာ။"

ဗိုလ်ချုပ်အောင်ဆန်းရဲ့တူ ဒေါက်တာစိန်ဝင်းကတော့ တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှ နေနိုင်မှသာ လွတ်လပ်ရေးရဲ့ အနှစ်သာရ ပြည့်ဝလာမယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။

"လွတ်လပ်ရေး ဘယ်မှာရောက်နေသလဲ၊ လွတ်လပ်ရေးဆိုတာ ဘာလဲ စသည်အားဖြင့် ကြည့်တဲ့အခါကျတော့ ပထမဦးဆုံးကတော့ ပြည်သူလူထုရဲ့ဆန္ဒ အဲဒါ သိပ်အရေးကြီးတယ်။ ပြည်သူလူထုဆန္ဒကို အရေးမပေးဘူး၊ အလေးမထားဘူး၊ ဂရုမစိုက်ဘူး၊ ငါတို့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုရင်တော့ ဒါ လွတ်လပ်ရေးနဲ့ အဝေးကြီးပဲ။ အဲဒီတော့ ပြည်သူ့ဆန္ဒပါဝင်တဲ့ အခြေခံဥပဒေက အင်မတန် အရေးကြီးတယ်ဗျ။ ဗမာပြည်မှာက တိုင်းရင်းသားနဲ့ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်မှာ အားလုံး ညီညီမျှမျှ ရှိသင့်တယ်။ ညီညီမျှမျှ ဖော်ဆောင်သင့်တယ်။ အဲဒါ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် တကယ့်လွတ်လပ်ရေး မရနိုင်တော့ဘူး။"

၁၉၄၇ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီကျော်အချိန် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေချိန် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့ ၉ ဦး သေနတ်သမားတွေရဲ့ လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ရာက အာဇာနည်နေ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG