သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ် မီဒီယာနှိပ်ကွပ်မှု ကန်လွှတ်တော်ကြားနာပွဲ မြန်မာကို အလေးထား


FILE - U.S. Sen. Edward Markey, D-Mass., speaks during a news conference in Boston, Aug. 26, 2019.
FILE - U.S. Sen. Edward Markey, D-Mass., speaks during a news conference in Boston, Aug. 26, 2019.

အာရှ-ပစိဖိတ် မီဒီယာနှိပ်ကွပ်မှု ကန်လွှတ်တော်ကြားနာပွဲ မြန်မာကိုအလေးထား

{{Zawgyi/Unicode}}
အာရှ၊ ပစိဖိတ်ဒေသမှာ သတင်းမီဒီယာအပေါ် ဖိနှိပ်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆပ်ကော်မတီမှာ ကြားနာရာမှာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း အလေးထား ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဟာ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုမှာ ထိပ်ဆုံးက နေရာယူနေတယ်လို့လည်း “အာရှဒေသ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအပေါ် ဖိနှိပ်မှု” ခေါင်းစဉ်နဲ့ ဗုဒ္ဓဟူးနေ့က ကြားနာပွဲကို ဦးဆောင်ခဲ့တဲ့ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် Edward Markey ကပြောလိုက်ပါတယ်။

“ဒီကနေ့အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်မှုတွေမှာ အာရှ၊ ပစိဖိတ်ဒေသဟာ ကမ္ဘာမှာ ဦးဆောင်နေပါတယ်။ တရုတ်၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံတွေဟာ သတင်းသမားတွေကို ဖမ်းဆီးထားတဲ့ အဆိုးဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။” လို့ အမေရိကန် အထက်လွှတ်တော် အရှေ့အာရှ၊ ပစိဖိတ်ရေးရာနဲ့ နိုင်ငံတကာ ဆိုင်ဘာလုံခြုံရေး မူဝါဒဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီက အထက်လွှတ်တော်အမတ် Markey ကပြောဆိုသွားတာပါ။

သတင်းမီဒီယာတွေကို ဖိနှိပ်မှုတွေ၊ ဆင်ဆာဖြတ်တောက်မှုတွေဟာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေအပေါ် တိုက်ခိုက်မှုအဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ကြားနာပွဲမှာ ထွက်ဆိုခဲ့ကြတဲ့ ဖိလစ်ပိုင်နိုင်ငံက ၂၀၂၁ ခုနှစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Maria Ressa ဝါရှင်တန် အခြေစိုက် Freedom House အဖွဲ့က Sarah Cook နဲ့ Hong Kong Watch ရဲ့ မူဝါဒရေးရာ အကြံပေး Joey Siu တို့ကလည်း မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းက သတင်းမီဒီယာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ထောက်ပြခဲ့ကြတာပါ။

သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ အပြည့်အ၀ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေ ဖမ်းဆီးခံရတာ၊ မီဒီယာလုပ်ငန်းတွေ ပိတ်လိုက်ရတာတွေ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအပေါ် ဖိနှိပ်မှုတွေကိုလည်း ထွက်ဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

.......................................


{{Zawgyi/Unicode}}




XS
SM
MD
LG