သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးထားတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ တ႐ုတ္ ျပန္လႊဲေျပာင္းေပး


ျမန္မာႏုိင္ငံသို႔ျပန္ဝင္ရန္ တ႐ုတ္-ျမန္မာနယ္စပ္ဂိတ္တြင္ ေစာင့္ေနၾကသည့္ ျမန္မာလုပ္သားမ်ား။ (မူဆယ္) (ေမ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလ တ႐ုတ္ႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံသား ၁၀၀ ကို ဒီကေန႔ပဲ ျမန္မာအာဏာပိုင္ေတြထံ နယ္စပ္ကေန လႊဲေျပာင္းေပးခဲ့တဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

တ႐ုတ္ႏိုင္ငံမွာ တရားဝင္ေနထိုင္ခြင့္ အေထာက္အထား မရွိသူေတြအပါအဝင္ ဖမ္းဆီးထိန္းသိမ္းထားသူ ျမန္မာႏိုင္ငံသား ၁၀၀ ကို တ႐ုတ္အာဏာပိုင္ေတြက ျမန္မာတာဝန္ရွိသူေတြထံ လႊဲေျပာင္းေပးလိုက္တာပါ။ ျပန္လည္လႊဲေျပာင္းေပးခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြကိုေတာ့ တ႐ုတ္ႏိုင္ငံနဲ႔နယ္စပ္ ရွမ္းျပည္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕က နန္းေတာ္ေပါက္ နယ္စပ္ဂိတ္ကေန လက္ခံခဲ့ေၾကာင္း မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရး ဒုတိယၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းက VOA ကိုေျပာပါတယ္။

"(ဒီေန႔လႊဲတာ) ၁၀၀ ဗ်၊ က်ား ၆၄၊ မ ၃၆ ေယာက္။ ဒီဘက္က ဝင္တဲ့ ျမန္မာေတြကို ဖမ္းမိလို႔ရွိရင္ သူတို႔အက်ဥ္းေထာင္ေပါ့ေနာ္။ ဖမ္းမိတယ္ဆိုတာက သူတို႔ႏိုင္ငံကထုတ္တဲ့ စည္းကမ္းရွိမွာေပါ့၊ ၿပီးေတာ့ Overstay ရွိလိမ့္မယ္ေပါ့။ ေနာက္ သတ္မွတ္နယ္ေျမေက်ာ္တာေတြရွိမယ္၊ စည္းကမ္းေဖာက္ဖ်က္တာေတြ။ အဲဒီလိုေတြဖမ္းမိရင္ သူတို႔က လူစုမိသြားၿပီဆိုရင္ေတာ့ ျပန္လႊဲတာပဲဗ်။"

မၾကာေသးခင္လေတြကစလို႔ ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါကူးစက္မႈေတြ တိုးလာရာက အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံက နယ္စပ္ေဒသမွာ သြားလာဝင္ထြက္မႈေတြကို တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ထားသလို၊ တ႐ုတ္ႏိုင္ငံ နယ္စပ္ၿမိဳ႕ေတြမွာ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ စစ္ေဆးေနပါတယ္။ တရားဝင္ ေနထိုင္ခြင့္ အေထာက္အထား မရွိသူေတြ အပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိန္းသိမ္းခံထားရသူေတြကိုေတာ့ က်န္းမာေရးစစ္ေဆးၿပီး လႊဲေျပာင္းေပးဖို႔ ၂ ႏိုင္ငံ တာဝန္ရွိသူေတြၾကား သေဘာတူထားတယ္လို႔လည္း ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

"က်ေနာ္တို႔နဲ႔ တ႐ုတ္နဲ႔ ညႇိႏႈိင္းထားတာကေတာ့ တ႐ုတ္ဘက္ကလည္း က်န္းမာတဲ့သူကိုပဲ လႊဲေျပာင္းေပးမယ္ဆိုၿပီးေတာ့ သူတို႔ဘက္ကလည္း က်န္းမာေၾကာင္းေတာ့ ပါတယ္ေပါ့ေလ။ ဒါေပမဲ့လည္း က်ေနာ္တို႔ဘက္မွာလည္း (Quarantine စင္တာေတြမွာ) ျပန္ထားတယ္။ ေဘာလုံးကြင္းထဲမွာ ျပည္ေထာင္စုအားကစားကြင္းထဲမွာ စုထားတယ္။ ၿပီးရင္ က်န္းမာေရးစစ္ေဆးတယ္။ က်န္းမာတယ္ဆိုမွ သက္ဆိုင္ရာဌာနေတြဆီ ျပန္လႊတ္တယ္။"

ယူနန္ျပည္နယ္အစိုးရက နယ္စပ္ဂိတ္လူအဝင္အထြက္ကို ဧၿပီလကုန္ပိုင္းက ကန႔္သတ္လိုက္ၿပီး ျမန္မာဘက္ကေန တရားမဝင္ ဝင္ေရာက္တာမ်ိဳးမရွိေအာင္ နယ္စပ္တေလွ်ာက္မွာ ၿခံစည္း႐ိုး ပိတ္ဆို႔ကာရံတာေတြလည္း လုပ္ခဲ့ပါတယ္။ ေ႐ႊလီနဲ႔ ၾကယ္ေဂါင္ၿမိဳ႕ထဲမွာ အေထာက္အထားမရွိတဲ့ ျမန္မာႏိုင္ငံသားေတြကို လက္ခံထားတဲ့ဘယ္သူမဆို ျမန္မာေငြ သိန္း ၁၀၀ နီးပါးရွိတဲ့ ယြမ္ေငြ ၅၀,၀၀၀ ကို ဒဏ္ေငြအျဖစ္ ေပးေဆာင္ရမယ္လို႔ ႏိုဝင္ဘာလလယ္ေလာက္က အမိန႔္ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ကပ္ေရာဂါကာလ တ႐ုတ္အာဏာပိုင္ေတြ ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာဖို႔ လိုအပ္ေၾကာင္းလည္း ၾကယ္ေဂါင္ၿမိဳ႕က လူမႈေရးအဖြဲ႕တခုျဖစ္တဲ့ ၾကင္နာေႏြးေထြးပရဟိတ ဥကၠ႒ ဦးဖိုးသားက VOA ကိုေျပာပါတယ္။

"အခု တ႐ုတ္ႏိုင္ငံထဲမွာဆိုရင္ ၿခံစည္း႐ိုးေတြဘာေတြ လုံလုံၿခဳံၿခဳံကာထားၿပီး၊ အဓိကေတာ့ သူက ျမန္မာႏိုင္ငံဘက္ကေန ဝင္လာမယ့္ဟာေတြကို သူကပိတ္ပင္ထားတာ၊ အဲဒီလိုမ်ိဳးမဝင္လာဖို႔ကိုေလ တင္းတင္းၾကပ္ၾကပ္တားျမစ္ထားတာ အဲဒါပါပဲ။ သူတို႔ႏိုင္ငံက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္း ဥပေဒအေထာက္အထားေလးေတြနဲ႔ ျပည့္စုံစြာေနရင္ အားလုံးဒီဘက္မွာ အဆင္ေျပပါတယ္။"

ယူနန္ျပည္နယ္၊ တယ္ဟုန္ျပည္နယ္ခြဲထဲမွာပါတဲ့ တ႐ုတ္ေ႐ႊလီနဲ႔ ၾကယ္ေဂါင္ၿမိဳ႕ထဲက ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအရ ထုတ္ေပးထားတဲ့ ေပါက္ေဖာ္ကဒ္လို႔ လူသိမ်ားတဲ့ ျမန္မာႏိုင္ငံသား အသိအမွတ္ျပဳကဒ္အပါအဝင္၊ စာအုပ္အစိမ္းလို႔ေခၚတဲ့ ေနထိုင္ခြင့္ကဒ္ေတြအျပင္၊ အခုေနာက္ပိုင္းထုတ္ေပးတဲ့ ကိုဗစ္ေရာဂါစစ္ေဆးၿပီးေၾကာင္း အေထာက္အထားကဒ္ျပားကိုပါ ကိုင္ေဆာင္ထားၾကဖို႔ ေဒသခံတာဝန္ရွိသူေတြက သတိေပးထားပါတယ္။ ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ကစလို႔ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ တိုးလာရာမွာ အခုဆိုရင္ ေသဆုံးသူ ၂,၂၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၀၄,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး၊ ေရာဂါကူးစက္မႈေတြ ပထမဆုံး စတင္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံကေတာ့ ေသဆုံးသူ ၄,၆၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၈၆,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၁၀၀ တရုတ် ပြန်လွှဲပြောင်းပေး

ကိုဗစ်ကပ်ရောဂါကာလ တရုတ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကို ဒီကနေ့ပဲ မြန်မာအာဏာပိုင်တွေထံ နယ်စပ်ကနေ လွှဲပြောင်းပေးခဲ့တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

တရုတ်နိုင်ငံမှာ တရားဝင်နေထိုင်ခွင့် အထောက်အထား မရှိသူတွေအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ မြန်မာနိုင်ငံသား ၁၀၀ ကို တရုတ်အာဏာပိုင်တွေက မြန်မာတာဝန်ရှိသူတွေထံ လွှဲပြောင်းပေးလိုက်တာပါ။ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့က နန်းတော်ပေါက် နယ်စပ်ဂိတ်ကနေ လက်ခံခဲ့ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက VOA ကိုပြောပါတယ်။

"(ဒီနေ့လွှဲတာ) ၁၀၀ ဗျ၊ ကျား ၆၄၊ မ ၃၆ ယောက်။ ဒီဘက်က ဝင်တဲ့ မြန်မာတွေကို ဖမ်းမိလို့ရှိရင် သူတို့အကျဉ်းထောင်ပေါ့နော်။ ဖမ်းမိတယ်ဆိုတာက သူတို့နိုင်ငံကထုတ်တဲ့ စည်းကမ်းရှိမှာပေါ့၊ ပြီးတော့ Overstay ရှိလိမ့်မယ်ပေါ့။ နောက် သတ်မှတ်နယ်မြေကျော်တာတွေရှိမယ်၊ စည်းကမ်းဖောက်ဖျက်တာတွေ။ အဲဒီလိုတွေဖမ်းမိရင် သူတို့က လူစုမိသွားပြီဆိုရင်တော့ ပြန်လွှဲတာပဲဗျ။"

မကြာသေးခင်လတွေကစလို့ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်ဒေသမှာ သွားလာဝင်ထွက်မှုတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသလို၊ တရုတ်နိုင်ငံ နယ်စပ်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြည့် စစ်ဆေးနေပါတယ်။ တရားဝင် နေထိုင်ခွင့် အထောက်အထား မရှိသူတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးပြီး လွှဲပြောင်းပေးဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေကြား သဘောတူထားတယ်လို့လည်း ဦးမောင်မောင်သန်းက ပြောပါတယ်။

"ကျနော်တို့နဲ့ တရုတ်နဲ့ ညှိနှိုင်းထားတာကတော့ တရုတ်ဘက်ကလည်း ကျန်းမာတဲ့သူကိုပဲ လွှဲပြောင်းပေးမယ်ဆိုပြီးတော့ သူတို့ဘက်ကလည်း ကျန်းမာကြောင်းတော့ ပါတယ်ပေါ့လေ။ ဒါပေမဲ့လည်း ကျနော်တို့ဘက်မှာလည်း (Quarantine စင်တာတွေမှာ) ပြန်ထားတယ်။ ဘောလုံးကွင်းထဲမှာ ပြည်ထောင်စုအားကစားကွင်းထဲမှာ စုထားတယ်။ ပြီးရင် ကျန်းမာရေးစစ်ဆေးတယ်။ ကျန်းမာတယ်ဆိုမှ သက်ဆိုင်ရာဌာနတွေဆီ ပြန်လွှတ်တယ်။"

ယူနန်ပြည်နယ်အစိုးရက နယ်စပ်ဂိတ်လူအဝင်အထွက်ကို ဧပြီလကုန်ပိုင်းက ကန့်သတ်လိုက်ပြီး မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်တာမျိုးမရှိအောင် နယ်စပ်တလျှောက်မှာ ခြံစည်းရိုး ပိတ်ဆို့ကာရံတာတွေလည်း လုပ်ခဲ့ပါတယ်။ ရွှေလီနဲ့ ကြယ်ဂေါင်မြို့ထဲမှာ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံထားတဲ့ဘယ်သူမဆို မြန်မာငွေ သိန်း ၁၀၀ နီးပါးရှိတဲ့ ယွမ်ငွေ ၅၀,၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမယ်လို့ နိုဝင်ဘာလလယ်လောက်က အမိန့်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ကပ်ရောဂါကာလ တရုတ်အာဏာပိုင်တွေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်း ကြယ်ဂေါင်မြို့က လူမှုရေးအဖွဲ့တခုဖြစ်တဲ့ ကြင်နာနွေးထွေးပရဟိတ ဥက္ကဋ္ဌ ဦးဖိုးသားက VOA ကိုပြောပါတယ်။

"အခု တရုတ်နိုင်ငံထဲမှာဆိုရင် ခြံစည်းရိုးတွေဘာတွေ လုံလုံခြုံခြုံကာထားပြီး၊ အဓိကတော့ သူက မြန်မာနိုင်ငံဘက်ကနေ ဝင်လာမယ့်ဟာတွေကို သူကပိတ်ပင်ထားတာ၊ အဲဒီလိုမျိုးမဝင်လာဖို့ကိုလေ တင်းတင်းကြပ်ကြပ်တားမြစ်ထားတာ အဲဒါပါပဲ။ သူတို့နိုင်ငံက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအထောက်အထားလေးတွေနဲ့ ပြည့်စုံစွာနေရင် အားလုံးဒီဘက်မှာ အဆင်ပြေပါတယ်။"

ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲထဲမှာပါတဲ့ တရုတ်ရွှေလီနဲ့ ကြယ်ဂေါင်မြို့ထဲက မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအရ ထုတ်ပေးထားတဲ့ ပေါက်ဖော်ကဒ်လို့ လူသိများတဲ့ မြန်မာနိုင်ငံသား အသိအမှတ်ပြုကဒ်အပါအဝင်၊ စာအုပ်အစိမ်းလို့ခေါ်တဲ့ နေထိုင်ခွင့်ကဒ်တွေအပြင်၊ အခုနောက်ပိုင်းထုတ်ပေးတဲ့ ကိုဗစ်ရောဂါစစ်ဆေးပြီးကြောင်း အထောက်အထားကဒ်ပြားကိုပါ ကိုင်ဆောင်ထားကြဖို့ ဒေသခံတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာရာမှာ အခုဆိုရင် သေဆုံးသူ ၂,၂၀၀ ကျော်နဲ့ ကူးစက်သူ ၁၀၄,၀၀၀ ကျော် ရှိခဲ့ပြီး၊ ရောဂါကူးစက်မှုတွေ ပထမဆုံး စတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ သေဆုံးသူ ၄,၆၀၀ ကျော်နဲ့ ကူးစက်သူ ၈၆,၀၀၀ ကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG