သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာ ၁၆ဦးကို ထိုင်းအာဏာပိုင်တို့ကယ်ဆယ်


လူကုန်ကူးခံရသူ မြန်မာ ၁၆ဦး (ဓါတ်ပုံခရက်ဒစ်- MAT)
လူကုန်ကူးခံရသူ မြန်မာ ၁၆ဦး (ဓါတ်ပုံခရက်ဒစ်- MAT)

ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှားနယ်စပ် နာရာသီဝပြည်နယ်ထဲက အင်ဒိုနီးရှားကိုထွက်ခါွမယ့် ငါးဖမ်းလှေဆိပ်ကနေ အသက်မပြည့်သေးတဲ့ ကလေး ၃ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၆ဦးကို ထိုင်းနိုင်ငံငံရောက် မြန်မာနိုင်ငံသားများအဖွဲက ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနDSI ရဲ့အကူညီနဲ့ ကယ်ဆယ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ နာရာသီဝပြည်နယ်ထဲက တာပိုင်မြို့နယ်ထဲက လှေဆိပ်တခုမှာ အင်ဒိုနီးရှားငါးဖမ်းလှေပေါ်မှာ ရောင်းစားခံထားရတဲ့မြန်မာနိုင်ငံသား ၁၆ဦးကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ကသတင်းအချက်အလက်ယူပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ရဲ့ အကူညီနဲ့ ကယ်ဆယ်ခဲ့တာဖြစ်ကြောင်း အမူဆောင်ဒါရိုက်တာဦးကျော်သောင်းက ပြောပြပါတယ်။

“၉ ရက် ၁၀ ရက် ၁၁ရက်မနက်ပိုင်းလောက်အထိ ကျနော်တို့ က ၄ရက်လောက်ထိ ကျနော်တို့လိုချင်တဲ့အချက်အလက်တွေကို ခက်ခက်ခဲခဲယူခဲ့ရတော့ လှေပေါ်က လူဓါတ်ပုံတွေ လှေနံပါတ် တွေနေရာတွေကို ကိုရအောင်ယူခဲ့ပြီးတော့ DSI ကို ကျနော်တို့က သတင်းပို့တယ်”

ကလေး ၃ယောက်အပါအဝင် လူ၁၆ဦးကိုသွားရောက်ကယ်ဆယ်ရာမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ကသွားရောက်ကယ်ဆယ်ခဲ့သူ ဦးစိုင်းအေးကပြောပါတယ်။

“ဒီလိုကယ်တင်ရတဲ့အတွက့် အန္တရာယ်ကတော့ ထိုင်း-မလေးရှားနယ်စပ်မှာ ခနခန လက်ပစ်ဗုံးတွေပေါက်ကွဲနေတယ်ဆိုတော့ သွားတာလာတာကအစ သတိထားနေရတယ်။ ဒီနယ်မြေမှာ လူစိမ်းတွေလာရင် လိုက်ကြည့်နေကြတယ် စစ်တပ်ကချထားတဲ့လူတွေရော၊ ပွဲစားတွေကို ရော ကျနော်တို့ကို ဝိုင်းကြည့်နေကြတယ်။”

အသက် ၁၄နှစ်ကလေး တယောက်ကတော့ရောက်တာတလကျော်ရှိပြီဖြစ်ကြောင်း အလုပ်ကြမ်းတွေ ခိုင်းစေပြီးသေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်မူတွေခံခဲ့ရကြောင်းတွေကိုလည်း ပြောပြပါတယ်။

“သူတို့ ခိုင်းတာလုပ်ခဲ့လုပ်ရတယ် သူတိုက ဒါလုပ်ဆိုကျနော်တို့ ကဒါလုပ်ရတယ် နားမလည်ဘူးဆိုရင် ကျနော်တို့ခေါင်းကို ပုတ်တယ် တခါသေနတ်နဲ့ ခြောက်တယ် တခါသေနတ်နဲ့ ရှေ့ကို ပိတ်ပစ်တယ် ဒိုင်းကနဲပဲ လန့်တယ်။”

အဖမ်းဆီးတွေများလို့ မြန်မာနိုင်ငံကို အလုပ်ပြန်နေချိန်မှာပဲ အလုပ်အကိုင်ရှာဖွေဖို့ အတွက်လာကြတဲ့သူတွေလည်း ထိုင်းနယ်စပ် မြဝတီမြို့မှာရှိနေကြတာပါ ဒီထဲက လူငယ်တဦးကတော့သူဟာပြီးခဲ့တဲ့ ၄ရက်ခန့်ကမြဝတီမြို့ကို ရောက်ရှိလာခဲ့ပြီးနောက် ပွဲစားတွေ တဆင့် အခု လှေပေါ်ကိုရောင်းစားတာခံခဲ့ရတယ်လို့ ပြောပြပါတယ်။

“မြဝတီကို ထွက်လာတော့ ပွဲစားနဲ့ တွေ့တယ်။ ပွဲစားကကျနော်တိုကို တင်ပေးလိုက်တာ ဒီမှာအဖမ်းဆီးတွေရှိနေတော့လမ်းစရိတ်ရှာမရတာနဲ့ ပတ်ထနီလှေကိုပွဲစားက ခေါ်ယူသွားတာ”

အသက် ၃၀ကျော်လူငယ်တဦးကတော့ ထိုင်းနိုင်ငံတောင်ပိုင်းကလှေပေါ်မှာ ၇နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးမှ အဲဒီလှေကနေတဆင့် မလေးနယ်စပ်ကိုပို့ခဲ့တာဖြစ်တယ်လို့လည်း ပြောပြပါတယ်။

“ပွဲစားကနေ့ မလေးရှားကို ဆင်းလို့ရတယ် လို့ပြောတယ် လှေကို သွားရမယ် ကျနော်ကိုအဲဒီကို ထည့်ပေးလိုက်တယ် ပင်လယ်ကို ထွက်သွားရင်တညမှ အိပ်လို့မရဘူး။ အကုန်လုံးအလုပ်လုပ်ရတယ်”

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဟာ ၂၀၁၆ ခုနှစ်တွင် အတွင်း လူကုန်ကူးမှု အကြိမ် ၂၇ နှိမ်နင်းရာတွင် လူကုန်ကူးခံရသူပေါင်း ၃၄၇ ဦးကယ်တင်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ယခုဇူလိုင်လအထိ လူကုန်ကူးမှု နှိမ်နင်းခြင်း ၈ကြိမ်တွင် လိင်အလုပ်သမားများအပါအဝင် စုစုပေါင်း ၁၁၂ ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူပေါင်း ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ၂၁ ရာစုအတွင်း လူပေါင်း သန်း (၂၀) ကျော် လူကုန်ကူးခံနေရပြီး သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ လူကုန်ကူးသူတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေ အဖြစ် ထိထိရောက်ရောက် အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ဌာနကပြောကြားခဲ့ပါတယ်ဒီနှစ် အစီရင်ခံစာမှာ တော့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရဲ့လူကုန်ကူးမှု အခြေအနေကို ဖော်ပြခဲ့ရာမှာ ၃၆ နိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံအဆင့်Tier 1 အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။ နောက် နိုင်ငံပေါင်း (၈၀) ကတော့ Tier 2 အဆင့် အဖြစ် သတ်မှတ်ပြီး ထိုင်းနဲ့ မြန်မာ အပါအဝင် အခြား နိုင်ငံပေါင်း (၄၅) နိုင်ငံကိုတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ စောင့်ကြည့်ခံ နိုင်ငံအဆင့် Tier 2 အဖြစ် ဖေါ်ပြထားပါတယ်။ ကျန်နိုင်ငံပေါင်း (၂၃) နိုင်ငံကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အဆိုးရွားဆုံး နိုင်ငံအဆင့် Tier ၃ အဖြစ် သတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့က အိမ်နီးနားချင်းမြန်မာနိုင်ငံက အလုပ်လာလုပ်ကြတဲ့ ရွေပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိတာကြောင့် သူတို့ရဲ့ပင်လယ်စာ လုပ်ငန်းတွေနဲ့ တခြားရေထွက်ပစည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ လူကုန်ကူးခံတာတွေရှိတယ်လို့ဝေဖန်မူတွေ ခံနေရတာဖြစ်ပါတယ်။ ဒီအတွက် Tier ၂ စောင့်ကြည့်စာရင်းထဲမှာ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG