သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်းယာဉ်တိမ်းမှောက်မှု မြန်မာအလုပ်သမား ၁၁ ဦးသေဆုံး


(Photo - Thai ကယ်ဆယ်ရေး)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သွားနေတဲ့ Van ကား တစ်စီး အောက်တိုဘာလ ၂၁ရက်နေ့မှာ သစ်ပင်နဲ့ ၀င်တိုက် တိမ်းမှောက်တာကြောင့် ကားတစီးလုံးမီလောင်သွားပြီး မြန်မာရွှေ့ ပြောင်းအလုပ်သမား ၁၁ ဦးသေဆုံးပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အောက်တိုဘာလ ၂၁ရက် နံနက် (၆)နာရီ ခန့်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို အနီးစမုတ်ဆာခွန် ပြည်နယ် ကနေ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကို မောင်းနှင်လာတဲ့ VAN ကားတစီးဟာ ကန်ဖန်ဖက်ပြည်နယ် အာရှလမ်းမကြီးပေါ်က လမ်းမနံဘေးက သစ်ပင်နဲ့  ၀င်တိုက်မိပြီး မီးလောင်ခဲ့တာပါ။ မီးလောင်ခဲ့ပြီးတဲ့နောက် ကားပေါ်မှာပါလာတဲ့မြန်မာ အလုပ်သမား၉ဦး နေရာတင်သေဆုံးခဲ့ပြီးနောက်ထပ် ၂ဦးလည်းဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်းမြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်ရေး ကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်

"၉ဦးဆုံးသွားတယ် နောက်ထပ်ဆေးရုံမှာရောက်မှ နောက် ၂ဦးဆုံးတာဆိုတော့ ၁၁ဦးရှိသွားပြီ။

မေး။ ။ကားပေါ်မှာ ဘယ်နှစ်ယောက်ပါလဲရှင်

ဖြေ။ ။ ၁၅ဦးပါပါတယ်။ အခုတော့သက်ဆိုင်ရာအလုပ်သမားသံအရာရှိတွေလည်း သွားပြီးဆွေးနွေးနေပြီလို့လည်း သိရပါတယ်"

မြန်မာအလုပ်သမားတွေမီးလောင် သေဆုံးမူဖြစ်ရပ်နဲ့ ပတ်သက်လို့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မီးလောင်နေတဲ့ ကားတွင်းမှာ လိုက်ပါလာကြတဲ့ မြန်မာတွေဟာ ကားတွင်းနေ ထွက်မရဖြစ်ပြီး မီးလောင်သေဆုံးသွားခဲ့ကြပါတယ်။ ကားတွင်းမှာ သေဆုံးသူ ၉ ဦးရှိပြီး ၇ ဦးဒဏ်ရာရကာ ဆေးရုံမှာနောက်ထပ် ၂ဦး သေဆုံးခဲ့ ကြောင်း ထိုင်းသတင်းတွေမှာဖေါ်ပြပါတယ်။

မြန်မာတွေကိုသယ်ဆောက်လာတဲ့ကားဟာ လမ်းဘေးကိုထိုးကျပြီး ကားမီးလောင်ခဲ့ရတဲ့ ဖြစ်ရပ်ဟာ ကားလမ်းမပေါ်မှာ မိုးရွာနေတဲ့အချိန် လမ်းချော်ပြီးသစ်ပင်နဲ့  ၀င်တိုက်ခဲ့ရာကနေမတော်တဆမူဖြစ်ခဲ့တာလို့ မီးလောင်မူဖြစ်စဉ်ကို ကြည့်ရှုစုံစမ်းခဲ့တဲ့ ထိုင်းစစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း တာခ့်ခရိုင်ထဲမှာကားတိမ်းမှောက်မူဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းကတော့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတဦးသေဆုံးခဲ့ပါတယ်။

မတ်လတုန်းကတော့ ကားမီးလောင် တိမ်းမှောက်တာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ လောက် သေဆုံးခဲ့တာတွေဖြစ်ခဲ့တာပါ။ ဘန်ကောက်နဲ့ တာခ်ခရိုင်ကြားက လမ်းတွေမှာ ကားမတော်တဆ တိမ်းမှောက်ရင်း တောင်အောက်ကိုကျလို့ မြန်မာနိုင်ငံသားတွေ သေဆုံးခဲ့တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG