သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC ဆွေးနွေးပွဲ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာကျင်းပတဲ့ မြန်မာအပါအဝင် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ အစည်းအဝေးကိုတက်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးများ (ဇူလိုင် ၁၂၊ ၂၀၂၄))

မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ဒီကနေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စတင် ကျင်းပနေပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဦးသန်းဆွေတို့ ဒီကနေ့ ဆွေးနွေးပွဲပြင်ပမှာ သီးသန့် တွေ့ဆုံခဲ့ကြပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ဗွီအိုအေကို ပြောပါတယ်။ နေရပ်ပြန်ပို့မှုတွေ ပြန်စတင်ဖို့ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေဘက်က အပြုသဘောဆောင် တုံ့ပြန်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ပြောပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာကျင်းပတဲ့ မြန်မာအပါအဝင် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ အစည်းအဝေးကိုတက်ရောက်လာ မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ (ယာ-အစွန်) (ဇူလိုင် ၁၂၊ ၂၀၂၄))

BIMSTEC နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Subrahmanyam Jaishankar က ဦးဆောင်ပြီး ဒေသတွင်းနိုင်ငံတွေ အကြား စွမ်းရည် မြှင့်တင်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို အဓိကပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့် BIMSTEC အဖွဲ့ အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မကြာခဏတောင်းဆိုပြီး ကန့်ကွက်တာတွေလည်း ရှိပါတယ်။

၂၀၂၂ ခုနှစ် ကလည်း အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် ကိုလုံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးကို အဲဒီအချိန်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အွန်လိုင်းကတဆင့် ပါဝင်တက်ရောက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေ၊ လူသားချင်း စာနာမှု အကူအညီ လိုအပ်နေတဲ့ အခြေအနေတွေကို BIMSTEC အဖွဲ့ အစည်းဝေးတွေမှာ ဖော်ပြလေ့မရှိပါဘူး။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါ နိုင်ငံတွေ ပါဝင်ပြီး ၁၉၉၇ ခုနှစ်ကတည်းက ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ ရ နိုင်ငံရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်း ရှိပြီး ပြည်တွင်း ထုတ်ကုန်ပမာဏ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၅ တြီလျံရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။

BIMSTEC ဆွေးနွေးပွဲ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG