သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG အေပၚ ျမန္မာမြတ္စလင္တို႔ ေမွ်ာ္လင့္ခ်က္ထား


ျမန္မာမြတ္စလင္တို႔ရဲ႕ အီဒြလ္ဖိသိရ္ ဝါကၽြတ္အီးဒ္ အခမ္းအနား ျမင္ကြင္း။ (ေမ ၁၃၊ ၂၀၂၁။ ဓာတ္ပုံ - Mg Mark)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၆၀ နီးပါး စစ္အစိုးရ အဆက္ဆက္ေအာက္ ခဲြျခားဖိႏွိပ္ခံလာရတဲ့ ျမန္မာမြတ္စလင္ေတြရဲ႕ အသံေတြကို ကိုယ္စားျပဳႏိုင္ေအာင္ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ အေနနဲ႔ မူဝါဒ ခိုင္ခိုင္မာမာ ခ်မွတ္ေဆာင္ရြက္သြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ျမန္မာႏိုင္ငံလံုးဆိုင္ရာ မြတ္စလင္လူမ်ဳိးစုမ်ား အတိုင္ပင္ခံေကာ္မတီက ဗီြအိုေအကို ေျပာပါတယ္။ ေကာ္မတီေျပာခြင့္ရ ၿဗိတိန္အေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးကြန္ရက္က ဦးေက်ာ္ဝင္းကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္စနစ္ အျမစ္ျပတ္ေတာ္လွန္ေရးမွာ တစုတစည္းတည္း ပါဝင္ဖို႔နဲ႔ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္မွာ ႐ုိဟင္ဂ်ာေတြ အပါအဝင္ ျမန္မာမြတ္စလင္ေတြ အေနနဲ႔ လြတ္လပ္၊ တရားမွ်တၿပီး တန္းတူညီမွ်တဲ့ အခြင့္အေရးေတြ ရရွိေစေရး ေဆာင္ရြက္သြားမယ့္ ဒီေကာ္မတီအေနနဲ႔ NUG အစိုးရေပၚ ေမွ်ာ္လင့္ခ်က္ေတြ အျပည့္အဝ ရွိေနတာပါ။ ဒါနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ မြတ္စလင္လူမ်ဳိးစုမ်ား အတိုင္ပင္ခံေကာ္မတီရဲ႕ ေျပာခြင့္ရ ျမန္မာ့လူ႔အခြင့္အေရးကြန္ရက္ အမႈေဆာင္ညႊန္ၾကားေရးမွဴး ဦးေက်ာ္ဝင္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။

"က်ေနာ္တို႔အေနနဲ႔လည္း တိုင္းျပည္အသစ္ ထူေထာင္တဲ့အထဲမွာ တတပ္တအား ပါဝင္လိုတယ္။ အဲဒီအေပၚမွာ က်ေနာ္တို႔ဘက္ကလည္း NUG အစိုးရကို ကူညီပံ့ပိုးလိုတယ္။ ေနာက္ က်နာ္တို႔ကလည္း ေမွ်ာ္လင့္ပါတယ္။ NUG အစိုးရအေနနဲ႔ ဒီလို ျပႆနာေတြ အားလံုးကေန ေရွာင္ထြက္ႏိုင္မယ့္ အေျဖကို ရွာႏုိင္မယ္၊ ေနာက္ ဒီလို နာဇီဥပေဒလို ျဖစ္ေနတာေတြကို ဖ်က္သိမ္းၿပီးေတာ့ ႏိုင္ငံတကာ လူ႔အခြင့္အေရး စံခ်ိန္စံညႊန္းေတြနဲ႔ ကိုက္ညီတဲ့ ႏိုင္ငံသားဥပေဒတခုကို ျပ႒ာန္းၿပီးေတာ့ လူမ်ဳိး၊ ဘာသာ အားလံုး တန္းတူအခြင့္အေရး ရရွိဖို႔ လုပ္ေဆာင္ႏိုင္မယ္လုိ႔ က်ေနာ္တို႔ ေမွွ်ာ္လင့္ပါတယ္။”

ျမန္မာမြတ္စလင္ေတြ၊ ႐ုိဟင္ဂ်ာေတြနဲ႔ အျခားေသာ လူမ်ဳိးစုေတြအေပၚ ထားရွိတဲ့ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရရဲ႕ မူဝါဒ သေဘာတရားကို ရွင္းလင္းျပတ္သားစြာ သိရွိဖို႔၊ အာမခံခ်က္ ရရွိေရးအတြက္ NUG နဲ႔ ပူးေပါင္းေဆာင္ရြက္သြားဖို႔ ရွိတယ္လို႔လည္း ဦးေက်ာ္ဝင္းက ေျပာပါတယ္။

”ဒီလို အာမခံခ်က္ေတြရဖို႔ က်ေနာ္တို႔ဘက္ကလည္း တတ္ႏုိင္တဲ့ဘက္က ပါဝင္ကူညီမယ္။ ေနာက္ NUG အစိုးရဘက္ကလည္း ရွင္းလင္းျပတ္သားတဲ့ ေပၚလစီေတြ ခ်မွတ္ေပးဖို႔ လိုအပ္တယ္။ အဲဒီအေနအထားတခုမွာ ႏိုင္ငံတကာ အစိုးရေတြကေန NUG အစိုးရကို ေထာက္ခံလာေအာင္၊ ဥပမာ OIC ႏိုင္ငံေတြရွိတယ္၊ မြတ္စလင္ႏိုင္ငံေတြရွိတယ္၊ ကမၻာအရပ္ရပ္က အေနာက္ႏိုင္ငံေတြျဖစ္တဲ့ UK၊ US၊ ကေနဒါ၊ ဥေရာပ စတဲ့ က်ေနာ္တို႔ လက္လွမ္းမီသေလာက္ NUG အစိုးရကို ေထာက္ခံေအာင္ က်ေနာ္တို႔ ေဆာင္ရြက္သြားမယ္လို႔ ဆံုးျဖတ္ထားပါတယ္။ ဒါ့အျပင္ NUG အစိုးရနဲ႔ က်ေနာ္တို႔က ေဆြးေႏြးတိုင္ပင္တာအျပင္ တိုင္းရင္းသား အဖဲြ႔အစည္းေတြကိုလည္း က်ေနာ္တို႔က ခ်ဥ္းကပ္သြားမွာ ျဖစ္ပါတယ္။ တိုင္းရင္းသားနယ္ပယ္ေတြမွာ ရွိေနတဲ့ မြတ္စလင္လူထုေတြ သူတို႔ရဲ႕ အက်ဳိးစီးပြား၊ လံုၿခံဳေရးနဲ႔ အဲဒီမွာရွိတဲ့ သာသနိက အေဆာက္အဦကိစၥ၊ ဥပမာ ကရင္၊ မြန္ စတဲ့ ျပည္နယ္ေတြဘက္မွာေပါ့။ အဲဒါေတြကိုလည္း ဆက္သြယ္ေဆြးေႏြး ေဆာင္ရြက္သြားဖို႔ ရွိပါတယ္။”

တဖက္မွာလည္း ဗိုလ္ခ်ဳပ္ေနဝင္း မဆလအစိုးရလက္ထက္က စတင္ၿပီး ျမန္မာမြတ္စလင္ေတြကို ဥပေဒအရ ခဲြျခားဖိႏွိပ္လာတဲ့ ျပႆနာ နက္႐ႈိင္းမႈ ရွိေနတာကို NUG မွာ ကိုင္တြယ္ေျဖရွင္းရမယ့္တာဝန္ ရွိလာေနတယ္လို႔ သူက အခုလိုဆိုပါတယ္။

“၁၉၆၂ ဗိုလ္ခ်ဳပ္ေနဝင္း စစ္အာဏာရွင္ တက္လာၿပီးကတည္းက ျမန္မာျပည္မွာ ၁၉၈၂ နာဇီဥပေဒကို ျပ႒ာန္းၿပီးေတာ့၊ ႏုိင္ငံသားဥပေဒဆုိတာ နာဇီဥပေဒနဲ႔ အတူတူပဲေပါ့ ဒါကို ျပ႒ာန္းၿပီးေတာ့ ျမန္မာျပည္မွာရွိတဲ့ လူနည္းစုေတြ၊ အစၥလာမ္ဘာသာဝင္ မြတ္စလင္ လူနည္းစုေတြကုိ လူ႔အခြင့္အေရးေတြ တုိင္းရင္းသား အခြင့္အေရးေတြ ခ်ဳိးေဖာက္လာၿပီးေတာ့ က်ေနာ္တုိ႔ရဲ႕ ႏုိင္ငံသားအခြင့္အေရး ဆုံး႐ႈံးတဲ့အထိ ရက္ရက္စက္စက္ ၾကမ္းၾကဳတ္တဲ့ ဥပေဒေြ ခ်မွတ္ၿပီးေတာ့ ႏုိင္ငံမဲ့ျဖစ္သြားေအာင္၊ တုိင္းျပည္ျပင္ပ ေရာက္သြားေအာင္ လုပ္ခဲ့တဲ့ လုပ္ရပ္ေတြ ရွိခဲ့တယ္။”

ေမလ ၂၉ ရက္ေန႔က စတင္ဖဲြ႔စည္းလိုက္တဲ့ ျမန္မာႏုိင္ငံလံုးဆိုင္ရာ မြတ္စလင္လူမ်ဳိးစုမ်ား အတိုင္ပင္ခံေကာ္မတီ အေနနဲ႔လည္း မၾကာခင္မွာ NUG အစိုးရနဲ႔ ဆက္သြယ္ေဆြးေႏြး ေျပာဆိုဖို႔ ရွိတယ္လို႔လည္း ဦးေက်ာ္ဝင္းက ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗီြအိုေအက NUG ႏိုင္ငံတကာ အထူးကိုယ္စားလွယ္ကို ဆက္သြယ္ရာမွာ ေကာ္မတီနဲ႔ NUG ၾကား ေတြ႔ဆံုေဆြးေႏြးတာေတြ မလုပ္ရေသးတဲ့အတြက္ ေဆြးေႏြးပဲြၿပီးမွသာ တုံ႔ျပန္ေျပာဆိုလို႔ရမယ္လို႔ ဆိုပါတယ္။

႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို NUG အစိုးရက တရားဝင္ လက္ခံထားေပမယ့္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကေတာ့ သူ႔အေနနဲ႔ လက္မခံေၾကာင္း မၾကာေသးခင္က တ႐ုတ္သတင္းဌာနကို တုံ႔ျပန္ေျပာဆိုထားပါတယ္။

ျမန္မာႏိုင္ငံလံုးဆိုင္ရာ မြတ္စလင္လူမ်ဳိးစုမ်ား အတိုင္ပင္ခံေကာ္မတီမွာ Gen Z ေက်ာင္းသားေခါင္းေဆာင္ေတြ၊ ေက်ာင္းသားသမဂၢေတြ၊ ျပည္တြင္း ျပည္ပမွာရွိတဲ့ ႏုိင္ငံေရး တက္ႂကြလႈပ္ရွားသူေတြ၊ အရပ္ဘက္ လူမႈအဖဲြ႔အစည္းေတြ၊ တသီးပုဂၢလေတြနဲ႔ အလႊာအသီးသီးက ပညာရွင္ေတြ ပါဝင္ပါတယ္။

NUG အေပၚ ျမန္မာမြတ္စလင္တို႔ ေမွ်ာ္လင့္ခ်က္ထား
please wait

No media source currently available

0:00 0:03:56 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

NUG အပေါ် မြန်မာမွတ်စလင်တို့ မျှော်လင့်ချက်ထား

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ နီးပါး စစ်အစိုးရ အဆက်ဆက်အောက် ခွဲခြားဖိနှိပ်ခံလာရတဲ့ မြန်မာမွတ်စလင်တွေရဲ့ အသံတွေကို ကိုယ်စားပြုနိုင်အောင် NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ မူဝါဒ ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ဗွီအိုအေကို ပြောပါတယ်။ ကော်မတီပြောခွင့်ရ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက်က ဦးကျော်ဝင်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်ရေးမှာ တစုတစည်းတည်း ပါဝင်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာမွတ်စလင်တွေ အနေနဲ့ လွတ်လပ်၊ တရားမျှတပြီး တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိစေရေး ဆောင်ရွက်သွားမယ့် ဒီကော်မတီအနေနဲ့ NUG အစိုးရပေါ် မျှော်လင့်ချက်တွေ အပြည့်အဝ ရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီရဲ့ ပြောခွင့်ရ မြန်မာ့လူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့လည်း တိုင်းပြည်အသစ် ထူထောင်တဲ့အထဲမှာ တတပ်တအား ပါဝင်လိုတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဘက်ကလည်း NUG အစိုးရကို ကူညီပံ့ပိုးလိုတယ်။ နောက် ကျနာ်တို့ကလည်း မျှော်လင့်ပါတယ်။ NUG အစိုးရအနေနဲ့ ဒီလို ပြဿနာတွေ အားလုံးကနေ ရှောင်ထွက်နိုင်မယ့် အဖြေကို ရှာနိုင်မယ်၊ နောက် ဒီလို နာဇီဥပဒေလို ဖြစ်နေတာတွေကို ဖျက်သိမ်းပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံသားဥပဒေတခုကို ပြဋ္ဌာန်းပြီးတော့ လူမျိုး၊ ဘာသာ အားလုံး တန်းတူအခွင့်အရေး ရရှိဖို့ လုပ်ဆောင်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

မြန်မာမွတ်စလင်တွေ၊ ရိုဟင်ဂျာတွေနဲ့ အခြားသော လူမျိုးစုတွေအပေါ် ထားရှိတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒ သဘောတရားကို ရှင်းလင်းပြတ်သားစွာ သိရှိဖို့၊ အာမခံချက် ရရှိရေးအတွက် NUG နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

”ဒီလို အာမခံချက်တွေရဖို့ ကျနော်တို့ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်။ နောက် NUG အစိုးရဘက်ကလည်း ရှင်းလင်းပြတ်သားတဲ့ ပေါ်လစီတွေ ချမှတ်ပေးဖို့ လိုအပ်တယ်။ အဲဒီအနေအထားတခုမှာ နိုင်ငံတကာ အစိုးရတွေကနေ NUG အစိုးရကို ထောက်ခံလာအောင်၊ ဥပမာ OIC နိုင်ငံတွေရှိတယ်၊ မွတ်စလင်နိုင်ငံတွေရှိတယ်၊ ကမ္ဘာအရပ်ရပ်က အနောက်နိုင်ငံတွေဖြစ်တဲ့ UK၊ US၊ ကနေဒါ၊ ဥရောပ စတဲ့ ကျနော်တို့ လက်လှမ်းမီသလောက် NUG အစိုးရကို ထောက်ခံအောင် ကျနော်တို့ ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် NUG အစိုးရနဲ့ ကျနော်တို့က ဆွေးနွေးတိုင်ပင်တာအပြင် တိုင်းရင်းသား အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့က ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်ပယ်တွေမှာ ရှိနေတဲ့ မွတ်စလင်လူထုတွေ သူတို့ရဲ့ အကျိုးစီးပွား၊ လုံခြုံရေးနဲ့ အဲဒီမှာရှိတဲ့ သာသနိက အဆောက်အဦကိစ္စ၊ ဥပမာ ကရင်၊ မွန် စတဲ့ ပြည်နယ်တွေဘက်မှာပေါ့။ အဲဒါတွေကိုလည်း ဆက်သွယ်ဆွေးနွေး ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

တဖက်မှာလည်း ဗိုလ်ချုပ်နေဝင်း မဆလအစိုးရလက်ထက်က စတင်ပြီး မြန်မာမွတ်စလင်တွေကို ဥပဒေအရ ခွဲခြားဖိနှိပ်လာတဲ့ ပြဿနာ နက်ရှိုင်းမှု ရှိနေတာကို NUG မှာ ကိုင်တွယ်ဖြေရှင်းရမယ့်တာဝန် ရှိလာနေတယ်လို့ သူက အခုလိုဆိုပါတယ်။

“၁၉၆၂ ဗိုလ်ချုပ်နေဝင်း စစ်အာဏာရှင် တက်လာပြီးကတည်းက မြန်မာပြည်မှာ ၁၉၈၂ နာဇီဥပဒေကို ပြဋ္ဌာန်းပြီးတော့၊ နိုင်ငံသားဥပဒေဆိုတာ နာဇီဥပဒေနဲ့ အတူတူပဲပေါ့ ဒါကို ပြဋ္ဌာန်းပြီးတော့ မြန်မာပြည်မှာရှိတဲ့ လူနည်းစုတွေ၊ အစ္စလာမ်ဘာသာဝင် မွတ်စလင် လူနည်းစုတွေကို လူ့အခွင့်အရေးတွေ တိုင်းရင်းသား အခွင့်အရေးတွေ ချိုးဖောက်လာပြီးတော့ ကျနော်တို့ရဲ့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတဲ့အထိ ရက်ရက်စက်စက် ကြမ်းကြုတ်တဲ့ ဥပဒေေွ ချမှတ်ပြီးတော့ နိုင်ငံမဲ့ဖြစ်သွားအောင်၊ တိုင်းပြည်ပြင်ပ ရောက်သွားအောင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ်။”

မေလ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ အနေနဲ့လည်း မကြာခင်မှာ NUG အစိုးရနဲ့ ဆက်သွယ်ဆွေးနွေး ပြောဆိုဖို့ ရှိတယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက NUG နိုင်ငံတကာ အထူးကိုယ်စားလှယ်ကို ဆက်သွယ်ရာမှာ ကော်မတီနဲ့ NUG ကြား တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ရသေးတဲ့အတွက် ဆွေးနွေးပွဲပြီးမှသာ တုံ့ပြန်ပြောဆိုလို့ရမယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို NUG အစိုးရက တရားဝင် လက်ခံထားပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့အနေနဲ့ လက်မခံကြောင်း မကြာသေးခင်က တရုတ်သတင်းဌာနကို တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီမှာ Gen Z ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားသမဂ္ဂတွေ၊ ပြည်တွင်း ပြည်ပမှာရှိတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေနဲ့ အလွှာအသီးသီးက ပညာရှင်တွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG