သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ပြည်သူ့ကာကွယ်ရေးတပ် ပထမအသုတ် သင်တန်းဆင်း


PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - Screenshot from CRPH Facebook)
PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲ အခမ်းအနား။ (ဓာတ်ပုံ - Screenshot from CRPH Facebook)

(Zawgyi / Unicode)

မြန်မာစစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်မယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ပထမအသုတ် စစ်သင်တန်း ပြီးဆုံးသွားပြီဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရက ပြောဆိုလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သောကြာနေ့မှာ ထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုမှာတော့ PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအဖြစ် ဖော်ပြထားပြီး စစ်ဝတ်စုံ အပြည့်အစုံနဲ့ လက်နက်ကိုင်ဆောင်မထားတဲ့ သင်တန်းသား ၁၀၀ လောက် တောတွင်းတနေရာမှာ စစ်ရေးပြ ချီတက်နေတာ တွေ့ရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တရားဝင် အရပ်သားအစိုးရက ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း အရာရှိတဦးရဲ့ မိန့်ခွန်းပြောကြားချက်ကိုလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ စစ်တပ်ပြောခွင့်ရကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့တဲ့အတွက် မေလ ၂၉ နေ့အထိဆို သေဆုံးရသူ ၈၃၂ ယောက်ရှိပြီး အဖမ်းခံရသူက ၄,၃၇၀ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။

ပြည်သူတွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်မယ့် တပ်မတော်တရပ်ကို ထူထောင်ဖို့ ရှေ့ပြေးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို အခုအခါမှာ ထူထောင်ပြီးဖြစ်တဲ့အတွက် ခေတ်မီ လက်နက်ကိုင်တပ်မတော်တရပ် ထူထောင်ဖို့ ပြင်ဆင်နေတယ်လို့ NUG အစိုးရသက်တမ်း တလပြည့်တဲ့ မေလ ၁၆ ရက်နေ့က ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာပါ။

တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ လက်တွဲပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လုပ်ဆောင်ဖို့ နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG