သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာ ၁၃၀ ခန့် ဖမ်းဆီးခံရ


 (ယခင်ပုံဟောင်း)
သြဂုတ်လ (၁၂) ရက်နေ့က အယုဒယမြို့မှာမြန်မာနိုင်ငံသားတွေကို ခိုးပြီးတင်လာတာကို ဖမ်းဆီးစစ်ဆေးနေပုံ (ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့)
(ယခင်ပုံဟောင်း) သြဂုတ်လ (၁၂) ရက်နေ့က အယုဒယမြို့မှာမြန်မာနိုင်ငံသားတွေကို ခိုးပြီးတင်လာတာကို ဖမ်းဆီးစစ်ဆေးနေပုံ (ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖွန်နယ်စပ်နဲ့ ချင်းရိုင်ပြည်နယ်ထဲမှာ မေလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့အတွင်းတရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ အယောက် ၁၃၀ လောက်ကို ထိုင်းအာဏာပိုင်တွေက အစုလိုက် အပြုံလိုက် ဖမ်းမိခဲ့ပါတယ်။ သူတို့တွေကိုတော့ လူကုန်ကူးမှုဥပဒေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီနဲ့ ချင်းရိုင်ပြည်နယ် ၂ ခုအတွင်းမှာ ၂ ရက်အတွင်း တရားမဝင်မြန်မာ အယောက် ၁၃၀လောက်ကို လူကုန်ကူးသူတွေနဲ့အတူ နယ်မြေခံ စစ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အစုလိုက် အပြုံလိုက် ဖမ်ဆီးမိလိုက်တယ်လို့ အလုပ်သမားရေးလှုပ်ရှား သူဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ကန်ချနဘူရီပြည်နယ်ထဲမှာ တရားမဝင်မြန်မာ ၁၀၀ လောက်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အသုတ်လိုက်နဲ့ ထိုင်းလုံခြုံရေးတွေ ကင်းလှည့် စစ်ဆေးချိန်မှာ ဖမ်းမိတာပါ။ သူတို့တွေက ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နဲ့ ရခိုင်ပြည်နယ်က လာကြတာဖြစ်ပြီး ဘန်ကောက်ပတ်ဝန်းကျင်မှာ အလုပ်ကိုင်ကောင်းတွေ ရှိမယ်ဆိုပြီး ဦးတည်ပြီး ရည်ရွယ်ပြီး လာကြတာပါ။ အဲဒီလိုပဲ မေလ ၁ရက်နေ့တုန်းကလည်း ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်၊ ချင်းစန်မြို နယ်ထဲမှာ တရားမဝင်မြန်မာ ၂၇ ယောက်ကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းမိတာပါ။ ထိုင်းနိုင်ငံသား မောင်းနှင်လာတဲ့ မော်တော်ယာဉ် ၂စီးပေါ်မှာ သူတို့တွေကို တင်လာပြီး ဂိတ်ချ စစ်ဆေးတဲ့ ထိုင်းလုံခြုံရေးအဖွဲ့က မသင်္ကာဖွယ် မော်တော်ယာဉ် ၂စီးကို ဖမ်းမိတာပါ။ မေလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ၂ ရက်အတွင်း ထိုင်းနိုင်ငံထဲကို ကန်ချနဘူရီနဲ့ ချင်းရိုင်ပြည်နယ် နှစ်ခုမှာ လူ ၁၃၀လောက် ဖမ်းမိပါတယ်။”

အခု ဖမ်းဆီးခံရသူတွေကိုတော့ လူကုန်ကူးမှုဥပဒေနဲ့ကော၊ တရားမဝင် ခိုးဝင်မူတွေနဲ့ပါ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့တွေကို လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ထိုင်းနိုင်ငံထဲကို တရားမဝင် မဝင်ရောက်မှု လဝကဥပဒေတွေနဲ့ နေရပ်ပြန်ပို့မှာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မူတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေ ဖြစ်ပါတယ်။ ကမ်ချနဘူရီပြည်နယ်က လူ ၁၀၀လောက်ပါတဲ့ အစုကိုတော့ Thong Pha Phum ရဲစခန်းမှာထားပြီး ဆက်လက် စစ်ဆေးနေပါတယ်။

အလုပ်အကိုင်ရဖို့ လာကြသူတွေဟာ လူကုန်ကူးသူတွေကို ပွဲစားခအဖြစ် ဘတ်ငွေ ၂ သောင်းကနေ ၃ သောင်းလောက်အထိပေးပြီး လာခဲ့ကြသူတွေလို့ ထွက်ဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာတော့ တရားဝင် မြန်မာလုပ်သား ၂ သန်းကျော်ရှိပြီး တရားမဝင်မြန်မာအလုပ်သမား ၃ သန်းနီးပါးလောက် ရှိနေပါတယ်။

XS
SM
MD
LG