သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းမိုင် နိုက်ကလပ်မှာ ဖမ်းဆီးခံရသူတွေထဲ မြန်မာတချို့ပါဝင်


ထိုင်းနိုင်ငံ ချင်းမိုင်က နိုက်ကလပ်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ခဲ့ပါတယ်။ (ဧပြီ ၂၅၊ ၂၀၂၃)
ထိုင်းနိုင်ငံ ချင်းမိုင်က နိုက်ကလပ်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ခဲ့ပါတယ်။ (ဧပြီ ၂၅၊ ၂၀၂၃)

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က နာမည်ကြီး လိင်ဖျော်ဖြေရေး နိုက်ကလပ်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ခဲ့ပါတယ်။ တရားမဝင် လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ စွပ်စဲချက်နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေက ဒီသီတင်းပတ်ထဲမှာပဲ ဖမ်းဆီးခဲ့တာပါ။အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့က နာမည်ကြီး လိင်ဖျော်ဖြေရေး နိုက်ကလပ်ကို ရဲတပ်ဖွဲ့တွေနဲ့ နယ်မြေ ခံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေက ဧပြီလ ၂၅ရက်နေ့ က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ၊ ဒီထဲမှာ အသက်မပြည့်သေးသူတွေအပါအဝင် မြန်မာနိုင်ငံသားလူငယ် ၁၅ ဦးကိုဖမ်းဆီးခဲ့ပါတယ်။

အခုလို ဖမ်းဆီးဖို့ သူကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ပြီး ဖမ်းမိန့်ပေးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲချုပ် ဆူရချေ့ ဟတ်ဖန် Surachet Hakpan က ပြောသွားပြီး ဒီအမှုနဲ့ ပတ်သက်လို့ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာကိုလည်း ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

ရဲချုပ် ဆူရချေ့ ပြောသွားတာကတော့ ခုလို ဖမ်းဆီးနိုင်ဖို့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ လူကုန်တိုက်ဖျက်ရေးတွေပုးပေါင်း လုပ်ဆောင်ခဲ့ပြီး နယ်မြေခံတွေရဲ့သတင်းပေးလာလို့ စစ်ဆေးဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့ရကြောင်း ဖမ်းဆီးစစ်ဆေးမှုတွေလည်း ဆက်လက်ပြုလပ်နေပါတယ်။ ဖမ်းဆီးထားတဲ့လူငယ်တွေဟာ လိင်ဖျော်ဖြေရေး ပြည့်တန်ဆာ လုပ်ငန်းမှာ ပါဝင်နေတယ်ဆိုရင်တော့ တရားမဝင်လိင်ဖျော်ဖြေရေးပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ဆိုင်ရှင်ကိုရော ဆိုင်မှာလုပ်ကိုင်နေသူတွေပါ အမှုဖွင့်တရားစွဲသွားမယ်လို့ ပြောဆိုသွားပါတယ်။

အခုလို လိင်ဖျော်ဖြေရေး နိုက်ကလပ်ကို ဝင်ရောက်ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ ဆိုင်ပိုင်ရှင် နဲ့ နိုက်ကလပ်တာဝန်ခံ ထိုင်းနိုင်ငံသားသုံးဦးကို ဖမ်းဆီးခံရတဲ့အပြင် အသက် မပြည့်သေးတဲ့ လူငယ်တွေပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၅ ဦးလည်း တရားမဝင် လိင်ဖျော်ဖြေရေးလုပ်ငန်းမှာဝင်ရောက်လုပ်ကိုင်နေတာကို စစ်ဆေးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေလုပ်ကိုင်နေတဲ့ လိင်ဖျော်ဖြေရေး နိုက်ကလပ်ဟာ ချင်းမိုင်မြို့ ချန်းဖုဝါ နယ်မြေမှာဖွင့်ထားတဲ့ နာမည်ကြီး နိုက်ကလပ်တခုဖြစ်ပါတယ်။ ဒီနိုက်ကလပ်မှာ ဝင်ရောက် လုပ်ကိုင်နေတဲ့သူ ၁၀၀ ကျော်ရှိရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ လုပ်ကိုင်နေသူအများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မူဆယ် နဲ့ နယ်စပ်ဒေသ တိုင်းရင်းသားတွေဒေသဘက်က လာကြသူတွေလို့လည်းသိရှိရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG