သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဖြတ်လက်မှတ်နဲ့ ဘန်ကောက်ခိုးတက်ဖို့ကြိုးစားတဲ့ မြန်မာ (၁၃) ဦး ထိုင်းရဲဖမ်း


Thailand Myanmar Migrant workers arrest
ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ဝင်လာတဲ့ မြန်မာ ၁၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ ဧပြီ ၂၃၊ ၂၀၂၃)
Thailand Myanmar Migrant workers arrest ထိုင်းနိုင်ငံထဲ တရားမဝင်နယ်စပ်ဖြတ်ဝင်လာတဲ့ မြန်မာ ၁၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့/ ဧပြီ ၂၃၊ ၂၀၂၃)

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ် မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စစ်ရေးဂိတ်မှာ ဘန်ကောက်ဘက်ကိုသွားဖို့ သခွါးသီးတွေတင်လာတဲ့ကားရဲ့အံဝှက်ထဲမှာ ခိုးပြီးလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဧပြီလ ၂၃ ရက်နေ့မနက် (၁) နာရီကျော်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက် မြဝတီနယ်စပ် ချစ်ကြည်ရေးတံတားက နယ်စပ်ဖြတ်သန်းခွင့် ယာယီလက်မှတ်တွေလုပ်ပြီး ဘန်ကောက်ကို ခိုးတက်ဖို့ကြိုးစားတဲ့မြန်မာတွေကို ဧပြီလ ၂၃ ရက်နေ့မနက် (၁) နာရီလောက်မှာ ဟွေဟင်ဖွန်စစ်ဆေးဂိတ်မှာ ဖမ်းမိတာပါ။ သခွါးသီးတွေတင်လာတဲ့ကားမှာ အံဝှက်လုပ်ပြီး ခိုးဝှက်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးလုံး ဖမ်းဆီးထားတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

"ဧပြီလ ၂၃ ရက်နေ့ မနက်အစောပိုင်း (၁) နာရီလောက်မှာ မဲဆောက်ကနေ ဘန်ကောက်အတက် ဟွေဟင်ဖွန် ပထမ စစ်ဆေးရေးဂိတ်မှာ သခွါးသီးတွေသယ်လာတဲ့ကားပေါ် ပုန်းခိုလိုက်လာတဲ့မြန်မာနိုင်ငံသား ၁၃ ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိပါတယ်။ သူတို့တွေက ထိုင်းနယ်နမိတ်ထဲကို ဘယ်လိုဝင်လာသလဲဆိုတော့ မဲဆောက်ထဲကို မြန်ဝတီကနယ်စပ် ယာယီနယ်စပ်လက်မှတ်နဲ့ ရောက်လာတာဖြစ်ပြီး သူတို့ထဲက ၁၂ ယောက်က ယာယီနယ်စပ်ဖြတ်သန်းခွင့် ၇ ရက် လက်မှတ်ပြနိုင်ပြီး နောက်တဦးကတော့မပြနိုင်ဘူး။ သူတို့တွေဟာ ယာယီသတ်မှတ်ထားတဲ့နယ်စပ်ကိုကျော်လွန်လာပြီး ဘန်ကောက်ကို ပုန်းခိုပြီး ခိုးဝင်သွားမှာဖြစ်တဲ့အတွက် သူတို့ကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းမိထားတာဖြစ်ပါတယ်။"

ဧပြီလ ၂၂ ရက်နေ့မှာပဲ မဲဆောက်မြို့က မဟာဝမ်ကျေးရွာမှာပဲ မြန်မာနိုင်ငံသား ၄ ဦးကို ထပ်ပြီးဖမ်းမိခဲ့ကြောင်း၊ အခုဆိုရင် သူတို့ကို လူကုန်ကူးမှုဥပဒေကောတရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ပါ အရေးယူသွားမယ်လို့ဆိုပါတယ်။

"ဧပြီလ၂၂ နဲ့ ၂၃ ရက် နှစ်ရက်အတွင်းမှာ တရားမဝင် မြန်မာ ၂၀ လောက် ဖမ်းမိပါတယ်။ သူတို့တွေကို လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေတခု ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဥပဒေတခုနဲ့ အရေးယူမှာဖြစ်ပြီး နောက်ထပ်လည်းစစ်ဆေးပြီး ဆက်စပ်သူတွေကိုအရေးယူသွားမှာ ဖြစ်ပါတယ်။"

သူတို့ကိုကော ပွဲစားလို့ယူဆရတဲ့ကားသမားကိုကော ဖမ်းဆီးထားပါတယ်။ အခုလို ဟင်းသီးဟင်းရွက်သယ်ဆောင်လာတဲ့ကားတွေပေါ်မှာ ခိုးဝှက်လိုက်ပါတာမျိုးတွေ မကြာခဏကြုံရပြီး တချို့လည်း လမ်းခရီးမှာတင် သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ ဒီစစ်ဆေးရေးဂိတ်ဟာ မဲဆောက်မြို့အထွက်ကဖြစ်ပြီး မြန်မာနိုင်ငံသားတွေ မကြာခဏဖမ်းမိနေတဲ့ စစ်ဆေးရေးဂိတ်လည်းဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG