သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၂၀ ကျော် ထိုင်းမှာအဖမ်းခံရ


ထိုင်းနိုင်ငံထဲမှာ အဖမ်းခံရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံထဲမှာ အဖမ်းခံရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ထိုင်းနိုင်ငံအယုဒ္ဓယပြည်နယ် ဘန်ပအင်မြို့နယ် ချင်ရာ့နွဲ့ကျေးရွာနားက ဘန်ကောက်မြို့အဝင် လမ်းမကြီးမှာ တရားမဝင်မြန်မာ၂၀ ကျော်ကိုသယ်လာတဲ့ကား၂ စီးကို လုံခြုံရေးတပ်ဖွဲ့တွေက ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်/ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအယုဒ္ဓယပြည်နယ် ဘန်ပအင်မြို့နယ်ထဲက ဘန်ကောက်မြို့အဝင်လမ်းမကြီးမှာ လူကုန်ကူးသူတွေက မြန်မာ ၂၀ ကျော်ကိုပစ်ကပ်ကား ၂ စီးနဲ့သယ်ဆောင်လာတုန်း ဖမ်းမိခဲ့တာပါ။ အထောက်အထားမဲ့ မြန်မာတွေဟာ တာ့ခ်ပြည်နယ် မဲဆောက် မြဝတီလမ်းကြောင်းကနေ ဝင်ရောက်လာတာဖြစ်ပြီး ဘန်ကောက်နဲ့ မြို့ကြီးတွေမှာအလုပ်ရှာဖို့လာကြရင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက သူတို့ကိုသယ်လာတဲ့ လူကုန်ကူးသူတွေရဲ့ကားကို ရပ်တန့်စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"မသင်္ကာဖွယ်ပစ်ကပ်ကား ၂ စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကရှာဖွေရာမှာ ပစ်ကပ်ကားတစီးမှာ တော့ ၁၁ ဦး၊ နောက်ပစ်ကပ်ကားတစီးမှာတော့ တရားမဝင် မြန်မာ ၁၂ ဦး။ စုစုပေါင်းမြန်မာ ၂၃ ဦးကိုဖမ်းမိပါတယ်။ သူတို့ကိုပို့ဆောင်ပေးတဲ့ထိုင်းယာဉ်မောင်း ၂ ဦးကိုလည်း သူတို့နဲ့အတူဖမ်းမိပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ကားနှစ်စီးလုံးကိုစစ်ဆေးတဲ့အခါ မင်္သကာဖွယ်အဲဒီပစ်ကပ်ကား ၂ စီးကို ဖမ်းမိခဲ့ပါတယ်။"

အလားတူဖြစ်ရပ်မျိုးတွေလည်း မကြာခဏရှိနေပြီး ဧပြီလဆန်းတုန်းကလည်း တရားမဝင် ရိုဟင်ဂျာအများစုပါတဲ့ မြန်မာနိုင်ငံသားတွေလည်း ဖမ်းမိခဲ့တယ်လို့ပြောပါတယ်။

"ဧပြီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်းမှာလည်း ထိုင်းတောင်ပိုင်းမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၄၂ ယောက်အဖမ်းခံရတယ်။ အဲဒီထဲမှာ ထိုင်းနိုင်ငံ ချုံဖွန်ပြည်နယ်ထဲမှာ ရိုဟင်ဂျာအများစုပါတယ်။ ရိုဟင်ဂျာ ၈၉ ယောက်ဖမ်းမိတယ်။"

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံသား သောင်းနဲ့ချီပြီး အလုပ်ရှာဖို့အတွက်ကော မြန်မာနိုင်ငံအတွင်း စစ်ရေးနိုင်ငံရေးမတည်ငြိမ်မှုုတွေကြောင့်ပါ နေရပ်စွန့်ခွါ ထွက်ပြေးလာကြတာပါ။ တချို့ကတော့ အိမ်နီးချင်းနိုင်ငံတွေထဲ ခိုလှုံဖို့ထွက်ပြေးသူတွေရှိသလို အလုပ်အကိုင်ရှာဖွေဖို့ထွက်ပြေးလာကြသူတွေလည်း အများအပြားရှိနေပြီး နေ့စဉ်ရာနဲ့ချီပြီး အဖမ်းခံနေရာတွေလည်းရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG