သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြ အေပၚ အခြင့္အေရး ခ်ိဳးေဖာက္မႈ ထိုင္းအာဏာပိုင္ေတြ စစ္ေဆး


Photo Credit- Thailand Police Department .

(Zawgyi / Unicode)

ထိုင္းႏို္င္ငံ တာ့ခ္ျပည္နယ္ မဲေဆာက္ မယ္ကုရပ္ကြက္မွာရွိတဲ့ အထည္ခ်ဳပ္စက္ရံုတခုမွာ ၂၀၂၀ ခုႏွစ္တုန္းက ျမန္မာအလုပ္သမားေတြ အလုပ္သမား အခြင့္ေရး ခ်ိဳးေဖာက္ခံရမႈ ျဖစ္အျပီး တိုင္ႀကားခံထားရတာေႀကာင့္ ဒီဇင္ဘာလ၂၀ ရက္ေန႔က ထုိင္းရဲခ်ဳပ္ကုိယ္တိုင္ လာေရာက္ စစ္ေဆးခဲ့ပါတယ္။ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံ လူ၀င္မႈႀကီးႀကပ္ေရး ရဲခ်ဳပ္ ဆူရေခ်႕ ဟတ္ဖန္နဲ ့အဖဲြ ့၀င္ေတြဟာ ဒီဇင္ဘာလ၂၀ ရက္ေန႔က မဲေဆာက္ျမိဳ ႔ မယ္ကုရပ္ကြက္က ျမန္မာအလုပ္သမားေတြ အလုပ္လုပ္ကိုင္ေနတဲ့ စက္ရံုကုိလာေရာက္ျပီး စစ္ေဆးမႈ လုပ္ခဲ့တာပါ၊ အလုပ္သမားေတြဟာ တေန႔ကို ၈ နာရီကေန ၁၁ နာရီေလာက္ထိ ခိုင္းေစခံရေႀကာင္း၊ တခါတရံမွာ ပိတ္ရက္မရွိပဲ ေန႔စဥ္ အလုပ္လုပ္ရေႀကာင္း၊ ညသန္းေခါင္ထိ အခ်ိန္ပိုေႀကး အနည္းငယ္သာရရွိျပီး အလုပ္ခိုင္းေစခံရေႀကာင္း အလုပ္သမား ၁၃၀ ေက်ာ္က အလုပ္သမားေရး ေဆာင္ရြက္ေနတဲ့ အဖဲြ႔ေတြကို၂၀၂၀ ခုႏွစ္ကတည္းက တုိင္ႀကားခဲ့တာပါ။

တိုင္ႀကားမႈ အျပီး လာေရာက္စစ္ေဆးတာေတြ ရွိခဲ့ပါတယ္။ ဒီေနာက္ မွာေတာ့ တနွစ္ေက်ာ္ ႀကာလာတဲ့အခါမွာေတာ့ အခုလို စစ္ေဆးမႈေတြ ထပ္ျဖစ္လာတာပါ၊ ထုိင္းလ၀ကရဲခ်ဳပ္ ဆူရေခ်႕ ဟတ္ဖန္က ျမန္မာ အလုပ္သမားေတြရဲ႕ လူ႔အခြင့္ေရး ခ်ိဳးေဖာက္ခံရမႈကုိ ေျဖရွင္းေဆာင္ရြက္ေပးႏိုင္ဖို ့အတြက္ လာေရာက္စစ္ေဆးခဲ့တာ ျဖစ္တယ္လို႔ ထိုင္းဘာသာနဲ႔ အခုလုိ ေျပာသြားပါတယ္။

“ က်ေနာ္တို ့အေနနဲ႔ ဒီကိစၥကို လာေရာက္ စစ္ေဆးရတာကေတာ့ ျမန္မာနိုုင္ငံသားေတြ အမွန္တကယ္ အလုပ္သမား အခြင့္ေရး ခ်ိဳးေဖာက္ခံရမႈ ျပႆနာေတြကို ရင္ဆိုုင္ေနရတယ္။ စစ္ေဘး စစ္ဒဏ္ကေန ထြက္ေျပးလာရတဲ့ ျမန္မာနိုုင္ငံသားေတြကိုု ခုုလိုု ဖိႏွိပ္ခံရတာနဲ႔ ပတ္သက္ျပီး ဒီစက္ရံုုကိုု ကိုုယ္တိုုင္ သြားေရာက္စစ္ေဆးျပီးပါျပီ။ လြဲေခ်ာ္ေနတာေတြေတာ့ ေတြ ့ရပါတယ္။ အထူးသျဖင့္ လုုပ္ခလစာကိုု အစိုးရ သတ္မွတ္ထားတဲ့ ဥပေဒပါ လုပ္အားခထက္ ႏွိမ့္ခ်ၿပီး ရေနတာေႀကာင့္ ဒါေတြကိုု သက္ဆိုုင္ရာ တရားေရး ဌာနထံ တင္ျပသြားမွာျဖစ္ပါတယ္လိုု ့ ေျပာသြားတာပါ။ ”

အလုပ္သမားအခြင့္ေရး ခ်ိဳးေဖာက္ခံရတဲ့ ျမန္မာအလုုပ္သမား ၁၃၄ ဦး ကေတာ့ သူတို႔ရဲ ့နစ္နာေႀကးအျဖစ္ ထုိင္းဘတ္ေငြ ၅သန္းေက်ာ္ ရရွိဖို ့ အခုု အလုုပ္သမားေတြဘက္က ေတာင္းဆိုထားတယ္လိုု ့လည္း သိရပါတယ္။ အခုဆိုရင္ ျမန္မာႏို္င္ငံေရး အေျခအေန၊ စီးပြားေရး အေျခအေနေတြေႀကာင့္ အလုပ္အကိုင္ ရွာေဖြလိုသူေတြက ေန႔စဥ္ထြက္လာေနျပီး စစ္အာဏာသိမ္းျပီးတဲ့ေနာက္ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳ႕ကို လူ ၆ ေသာင္းထက္မနည္း ေရာက္ရွိလာပါတယ္။

သူတို႔ေတြဟာ ရရာအလုပ္ေတြကို လုပ္ကို္င္ေနရျပီး တေန႔လုပ္အားခဟာ ဘတ္ ၁၃၀ ကေန ဘတ္ ၁၈၀ ေလာက္ထိပဲ ရႀကသူေတြလည္းရွိပါတယ္။ ထုိင္းအစိုးရကေတာ့ ဥပေဒပါ တေန႔လုပ္အားခကို ဘတ္ေငြ ၃၃၀ ေက်ာ္ထိ တုိးျမွင့္ေပးထားေပမယ့္ ထုိင္းျမန္မာနယ္စပ္ေတြမွာေတာ့ ဥပေဒပါ လုပ္အားခအတုိင္း ရရွိသူေတြက နည္းပါးပါတယ္။

လုပ္အားခ လစာဥပေဒအတုိင္း မေပးခ့ဲတဲ့ စက္ရံုကုိ သြားေရာက္စစ္ေဆးခဲ့တဲ့ ထုိင္းလ၀က ရဲခ်ဳပ္ဟာ ထိုင္းျမန္မာနယ္စပ္မွာ ျမန္မာနိုုင္ငံသားေတြ လူကုုန္ကူးခံေနရမႈနဲ ့ပတ္သက္ျပီးေတာ့လည္း မဲေဆာက္ျမိဳ ့ အာဏာပိုုင္ အဖြဲ ့အစည္းေတြ အရပ္ဖက္ လူမႈအဖြဲ႔ အစည္းေတြနဲ ့ပါ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှု ထိုင်းအာဏာပိုင်တွေ စစ်ဆေး

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက် မယ်ကုရပ်ကွက်မှာရှိတဲ့ အထည်ချုပ်စက်ရုံတခုမှာ ၂၀၂၀ ခုနှစ်တုန်းက မြန်မာအလုပ်သမားတွေ အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံရမှု ဖြစ်အပြီး တိုင်ကြားခံထားရတာကြောင့် ဒီဇင်ဘာလ၂၀ ရက်နေ့က ထိုင်းရဲချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးခဲ့ပါတယ်။ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲချုပ် ဆူရချေ့ ဟတ်ဖန်နဲ့အဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ၂၀ ရက်နေ့က မဲဆောက်မြို့ မယ်ကုရပ်ကွက်က မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံကိုလာရောက်ပြီး စစ်ဆေးမှု လုပ်ခဲ့တာပါ၊ အလုပ်သမားတွေဟာ တနေ့ကို ၈ နာရီကနေ ၁၁ နာရီလောက်ထိ ခိုင်းစေခံရကြောင်း၊ တခါတရံမှာ ပိတ်ရက်မရှိပဲ နေ့စဉ် အလုပ်လုပ်ရကြောင်း၊ ညသန်းခေါင်ထိ အချိန်ပိုကြေး အနည်းငယ်သာရရှိပြီး အလုပ်ခိုင်းစေခံရကြောင်း အလုပ်သမား ၁၃၀ ကျော်က အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေကို၂၀၂၀ ခုနှစ်ကတည်းက တိုင်ကြားခဲ့တာပါ။

တိုင်ကြားမှု အပြီး လာရောက်စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။ ဒီနောက် မှာတော့ တနှစ်ကျော် ကြာလာတဲ့အခါမှာတော့ အခုလို စစ်ဆေးမှုတွေ ထပ်ဖြစ်လာတာပါ၊ ထိုင်းလဝကရဲချုပ် ဆူရချေ့ ဟတ်ဖန်က မြန်မာ အလုပ်သမားတွေရဲ့ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့အတွက် လာရောက်စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“ ကျနော်တို့အနေနဲ့ ဒီကိစ္စကို လာရောက် စစ်ဆေးရတာကတော့ မြန်မာနိုင်ငံသားတွေ အမှန်တကယ် အလုပ်သမား အခွင့်ရေး ချိုးဖောက်ခံရမှု ပြဿနာတွေကို ရင်ဆိုင်နေရတယ်။ စစ်ဘေး စစ်ဒဏ်ကနေ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ခုလို ဖိနှိပ်ခံရတာနဲ့ ပတ်သက်ပြီး ဒီစက်ရုံကို ကိုယ်တိုင် သွားရောက်စစ်ဆေးပြီးပါပြီ။ လွဲချော်နေတာတွေတော့ တွေ့ရပါတယ်။ အထူးသဖြင့် လုပ်ခလစာကို အစိုးရ သတ်မှတ်ထားတဲ့ ဥပဒေပါ လုပ်အားခထက် နှိမ့်ချပြီး ရနေတာကြောင့် ဒါတွေကို သက်ဆိုင်ရာ တရားရေး ဌာနထံ တင်ပြသွားမှာဖြစ်ပါတယ်လို့ ပြောသွားတာပါ။ ”

အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမား ၁၃၄ ဦး ကတော့ သူတို့ရဲ့နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၅သန်းကျော် ရရှိဖို့ အခု အလုပ်သမားတွေဘက်က တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရေး အခြေအနေ၊ စီးပွားရေး အခြေအနေတွေကြောင့် အလုပ်အကိုင် ရှာဖွေလိုသူတွေက နေ့စဉ်ထွက်လာနေပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် တာ့ခ်ပြည်နယ် မဲဆောက်မြို့ကို လူ ၆ သောင်းထက်မနည်း ရောက်ရှိလာပါတယ်။ သူတို့တွေဟာ ရရာအလုပ်တွေကို လုပ်ကိုင်နေရပြီး တနေ့လုပ်အားခဟာ ဘတ် ၁၃၀ ကနေ ဘတ် ၁၈၀ လောက်ထိပဲ ရကြသူတွေလည်းရှိပါတယ်။

ထိုင်းအစိုးရကတော့ ဥပဒေပါ တနေ့လုပ်အားခကို ဘတ်ငွေ ၃၃၀ ကျော်ထိ တိုးမြှင့်ပေးထားပေမယ့် ထိုင်းမြန်မာနယ်စပ်တွေမှာတော့ ဥပဒေပါ လုပ်အားခအတိုင်း ရရှိသူတွေက နည်းပါးပါတယ်။
လုပ်အားခ လစာဥပဒေအတိုင်း မပေးခဲ့တဲ့ စက်ရုံကို သွားရောက်စစ်ဆေးခဲ့တဲ့ ထိုင်းလဝက ရဲချုပ်ဟာ ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံနေရမှုနဲ့ပတ်သက်ပြီးတော့လည်း မဲဆောက်မြို့ အာဏာပိုင် အဖွဲ့အစည်းတွေ အရပ်ဖက် လူမှုအဖွဲ့ အစည်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG