သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လေယာဉ်တင်သင်္ဘော ထိုင်းကိုလာမည် 


အမေရိကန်လေယာဥ်တင်သင်္ဘော USS Nimitz
အမေရိကန်လေယာဥ်တင်သင်္ဘော USS Nimitz

အမေရိကန်လေယာဉ်တင်သင်္ဘော Nimitz ဟာ အမေရိကန်-ထိုင်းနှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးအတွက် ထိုင်းနိုင်ငံကို အခု တနင်္လာနေ့ကနေ စနေနေ့အထိ လာရောက်မယ်လို့ ဘန်ကောက်မှာရှိတဲ့ အမေရိက်နသံရုံးက ဆိုပါတယ်။

ဒီခရီးစဉ်အတွင်း USS Nimitz တပ်ဖွဲ့နဲ့လိုက်ပါလာတဲ့အရာရှိတွေက အမေရိက်-ထိုင်းသံတမန်ဆက်ဆံရေး နှစ် (၁၅၀) ပြည့် အခမ်းအနားကို ဧည့်ခံကျင်းပမှာဖြစ်ပြီး အမေရိကန်ရေတပ်သားတွေအနေနဲ့ ထိုင်းယဉ်ကျေးမှုကို လေ့လာခွင့်ရပြီး ထိုင်းလူမှုအသိုက်အဝန်းရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နိုင်ကြမှာလည်းဖြစ်ပါတယ်။

Nimitz လေယာင်တင်သင်္ဘောနဲ့တကွ လိုက်ပါလာတဲ့ ဒုံးကျည်ပစ်တိုက်သင်္ဘော၊ ဖျက်သင်္ဘောတွေဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုပုံစံမျိုးစုံမှာပါဝင်မှာဖြစ်ပြီး ဒေသတွင်းမဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်ဆိပ်ကမ်းအများအပြားကိုလည်း ဝင်ရောက်လည်ပတ်ခဲ့ကြပြီးဖြစ်ပါတယ်။

အမေရိကန်ရေတပ် နံပါတ် (၇) အကြီးအကဲ ဗိုလ်ချုပ်ကြီး Christopher Sweeny က သူတို့ဟာ 'စည်းမျဉ်းဥပဒေအခြေပြု နိုင်ငံတကာအခင်းအကျင်းအတွက်' မဟာမိတ်နိုင်ငံတွေနဲ့ မယိမ်းမယိုင် ပူးပေါင်းဆောင်ရွက်ရုံသာမက လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဖြစ်ရေး-ဆိုတဲ့ ဘုံမျှော်မှန်းချက်အတွက်ပါ အတူတကွ လုပ်ဆောင်သွားမှာဖြစ်တယ်၊ ဒါ့ပြင် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ရည်ရွယ်သူတွေရဲ့ ဗိုလ်ကျစိုးမိုးတဲ့အပြုအမူကို တုံ့ပြန်သွားမယ်လို့လည်း ပြောကြောင်း US Pacific Fleet ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG