သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ လိုအပ်နေသူ ၁၇ သန်းကျော်ရှိ - IFRC


ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)
ချင်းပြည်နယ် မင်းတပ်မြို့က စစ်ဘေးရှောင်တချို့။ (ဓာတ်ပုံ - CJ)

မြန်မာနိုင်ငံမှာ လူပေါင်း ၁၇ သန်းကျော် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံးနဲ့ အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အကြောင်း မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်း IFRC အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဒါရိုက်တာ Alexander Matheou (အဲလက်ဇန်ဒါ မာတယ်ရို) က ပြောဆိုပါတယ်။

နိုင်ငံတဝှမ်း အကျပ်အတည်းကြောင့် အတိဒုက္ခရောက်နေတဲ့သူ အားလုံးဆီအကူအညီပေးနိုင်ရေး ဘယ်အဖွဲ့အစည်း တခုခုကမှ တာဝန်ယူ ဆောင်ရွက်ပေးနိုင်တာမျိုး မရှိဘူးလို့လည်း သူက ပြောဆိုပါတယ်။

IFRC အာရှ ပစိဖိတ်ဒေသ ဆိုင်ရာ ဒါရိုက်တာ Alexander Matheou (အဲလက်ဇန်ဒါ မာတယ်ရို) က ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကနေ အထိ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနဲ့ တခြားတာဝန်ရှိသူတွေကို တွေ့ဆုံပြီး အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ပါတယ်။ တခြား အကူအညီပေးရေးအဖွဲ့အစည်းတွေလို အကန့်အသတ်တွေ ရှိပေမဲ့လည်း နိုင်ငံတကာ ကြက်ခြေနီအသင်းကြီးဟာ မြန်မာနိုင်ငံအတွင်းက လူမှုအသိုက်အဝန်းအားလုံးဆီ အကူအညီပေးနိုင်ရေး ဒေသခံတွေနဲ့ လက်တွဲဘက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြီးမားဆုံး အဖွဲ့အစည်းဖြစ်တဲ့ အကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတွေ ဆက်ကြုံနေရပြီး စီးပွားရေး ကျဆင်းမှုနဲ့အတူ လူသားဘေးဒုက္ခ အကျပ်အတည်း သိသိသာသာ ပိုပြီး ဆိုးလာနေတယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအသင်း IFRC က ပြီးခဲတဲ့နှစ်ကုန်ကလည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ရှုပ်ထွေးပြီး၊ ဘက်ပေါင်းစုံ သက်ရောက်မှုတွေ ရှိနေသလို၊ နိုင်ငံတွင်း သဘောထားမတူတဲ့ အဖွဲ့တွေအကြား တင်းမာမှုတွေ ပိုပြီးပြင်းထန်နေတဲ့အကြောင်းနဲ့ လူအများအပြား ဘေးဒုက္ခပိုပြီး ရင်ဆိုင်နေရတဲ့အကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG