သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump လုပ်ကြံ ပစ်ခတ်ခံရမှုအပေါ် NUG သဘောထား


Pennsylvania ပြည်နယ် Butler မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲပြုလုပ်နေစဉ် သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခံရတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump (ဇူလိုင် ၁၃၊ ၂၀၂၄)
Pennsylvania ပြည်နယ် Butler မြို့မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲပြုလုပ်နေစဉ် သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခံရတဲ့ အမေရိကန် သမ္မတဟောင်း Donald Trump (ဇူလိုင် ၁၃၊ ၂၀၂၄)

သမ္မတဟောင်း Donald Trump ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲပြုလုပ်နေစဉ် ဇူလိုင် ၁၃ ရက်၊ စနေနေ့က သေနတ်နဲ့ လုပ်ကြံ ပစ်ခတ်ခံရတာဟာ ဒီမိုကရေစီအတွက် ကောင်းတဲ့လက္ခဏာလို့ မမြင်ကြောင်း NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။

"ရွေးကောက်ပွဲ ကမ်ပိန်းတွေလုပ်နေစဉ်ကာလမှာ အခုလိုမျိုး အသက်အန္တရယ်ကို လုပ်ကြံခံရဖို့ ကြိုးစားတဲ့ အမှုအခင်းမျိုးကြုံရတာတော့ ဒီမိုကရေစီအတွက်လည်း ကောင်းတဲ့လက္ခဏာလို့တော့ ကျွန်မတော့ မမြင်ပါဘူး။ ဒါကြောင့်မို့ ရွေးကောက်ပွဲတွေ နောက်ဒီမိုကရေစီစနစ်တွေ ရှင်သန်ဖို့အတွက်ဆိုရင် ဒီ Political Violence နိုင်ငံရေးကိုအကြောင်းပြုဖြစ်တဲ့ အကြမ်းဖက်မှုတွေဟာ အထူးသဖြင့် ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ ခိုင်မာနေပြီးသားနိုင်ငံမျိုးမှာတောင်မှ ဒီလိုတွေဖြစ်နေတယ်ဆိုတာက ကျွန်မတို့ Globally (ကမ္ဘာဝန်းမှာ) ပေါ့နော် ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ ခြိမ်းခြောက်မှုတခုလို့ပဲ ကျွန်မတော့မြင်ပါတယ်။"

အဲဒီ ပစ်ခတ်မှုကြောင့် သမ္မတဟောင်း Trump နားရွက်ကို ရှပ်ထိပြီး ဒဏ်ရာရသွားသလို သူ့ရဲ့ မဲဆွယ် စည်းရုံးပွဲကို တက်ရောက်လာတဲ့ ပရိတ်သတ်တဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပါတယ်။ အသက် ၂၀ အရွယ် သေနတ်သမားကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သုတ်သင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်အပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေက ကြေညာချက်အသီးသီးထုတ်ပြန်ပြီး သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အခုချိန်ထိ တစုံတရာ တုန့်ပြန် ပြောဆိုတာမရှိသေးပါဘူး။

သမ္မတဟောင်း Trump လုပ်ကြံ ပစ်ခတ်ခံရမှုအပေါ် NUG သဘောထား
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG