သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြ ျပန္လာႏုိင္ေရး အစုိးရစီစဥ္


ျမ၀တီနယ္စပ္ဂိတ္ဘက္ကေန ေနရပ္ျပန္လာတဲ့သူေတြကို ကိုယ္အပူခ်ိန္တိုင္းတာေပးေနတဲ့ က်န္းမာေရး ၀န္ထမ္းတခ်ိဳ႕ (မတ္ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ႏိုင္ငံရပ္ျခားကေန ျမန္္မာႏိုင္ငံကို ျပန္လာၾကမယ့္ ႏိုင္ငံသားေတြအတြက္ ျပည္တြင္းမွာ ဘယ္လို ျပင္ဆင္ေဆာင္ရြက္ထားလဲဆိုတဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပမွာပါ။

လာမယ့္ ေမလအတြင္းမွာ ေလေၾကာင္းနဲ႔ နယ္စပ္ဂိတ္ေတြကေနတဆင့္ ျပည္တြင္းကုိ ဝင္ေရာက္လာမယ့္ ျမန္မာႏုိင္ငံသားေတြ ရွိေနတာေၾကာင့္ သူတို႔ကုိ ကုိဗစ္ေရာဂါေစာင့္ၾကည့္ႏုိင္ဖို႔အတြက္ က်န္းမာေရးဌာနက စီစဥ္ထားပါတယ္။

ႏိုင္ငံအရပ္ရပ္မွာ ရိွၿပီး ျမန္မာျပည္ျပန္ဖို႔ ခက္ေနတဲ့ ႏိုင္ငံသားေတြ ေနရပ္ျပန္ေရးအတြက္လည္း သက္ဆိုင္ရာႏိုင္ငံက ျမန္မာသံရံုးေတြက ညိွႏိႈင္းေဆာင္ရြက္တာေတြ လုပ္ေနပါၿပီ။

အခုရက္ပုိင္းအတြင္းမွာလည္း ကခ်င္ျပည္နယ္ နယ္စပ္ဂိတ္ေတြကေနတဆင့္ တရုတ္ျပည္ကေန ျပန္ဝင္လာတဲ့ ျမန္မာလုပ္သားေတြ ရွိေနသလို ထုိင္းေရာက္ျမန္မာလုပ္သားေတြကုိလည္း ေမလ ၁ ရက္ေန႔ကေနစၿပီး ထုိင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားကေနတဆင့္ ျပန္လည္လက္ခံေပးဖုိ႔ကို ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

အဲဒီလို တဘက္ႏုိင္ငံေရာက္ ျမန္မာလုပ္သားေတြ ျပန္ဝင္လာဖုိ႔ ရွိေနတဲ့ နယ္စပ္ဂိတ္ေတြမွာ အေရးေပၚတံု႔ျပန္ ကြင္းဆင္းေဆာင္ရြက္ေရးအဖြဲ႕ေတြကုိ ေစလႊတ္ထားတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စုိးက VOA ကိုေျပာပါတယ္။

“ဝင္လာမယ့္ သူေတြထဲကလည္း ဒါ ပါလာႏုိင္တာေပါ့ေနာ္။ အဲေတာ့ ပိုၿပီးေတာ့ Quarantine Center ေတြမွာရွိတဲ့ ေစာင့္ၾကပ္ၾကည့္ရႈမႈေတြ Quarantine ဝင္ေရာက္တဲ့သူေတြကို ေရာဂါစစ္ေဆးမႈေတြေပါ့ေနာ္။ ဒါေတြကိုေတာ့ ပုိၿပီးေတာ့အားျဖည့္ေဆာင္ရြက္ဖုိ႔ ရွိပါတယ္။”

ျပန္ဝင္လာသူေတြကုိ သတ္မွတ္ထားတဲ့ေနရာေတြမွာ အသြားအလာ ကန္႔သတ္ၿပီး ေစာင့္ၾကပ္ၾကည့္ရႈတာ ၂၁ ရက္အပါအဝင္၊ ေနအိမ္မွာသီးသန္႔ ၇ ရက္တာ ေနထုိင္ေစၿပီး စုစုေပါင္း ၂၈ ရက္ၾကာ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈတာကို ေဆာင္ရြက္သြားမွာပါ။

ဘယ္ေနရာေတြမွာ အသြားအလာကန္႔သတ္မလဲဆုိတာကေတာ့ ေဒသဆုိင္ရာ ကိုဗစ္ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ ေဒါက္တာသန္းႏုိင္စုိးက အခုလုိရွင္းျပပါတယ္။

“ေလာေလာဆယ္ကေတာ့ UN နဲ႔ Diplomatic Passport Holders ေတြေပါ့ေနာ္။ Home Quarantine ကေတာ့ အဲလူေတြကို အရင္ေပးထားတယ္။ ဒါေပမဲ့လည္း ဒီေကာ္မတီရဲ႕ အဆံုးအျဖတ္နဲ႔ေပါ့ေနာ္။ ေဒသဆိုင္ရာ ကိုဗစ္ေကာ္မတီအသီးသီးရဲ႕ ဆံုးျဖတ္ခ်က္နဲ႔ Home သြားမလား၊ Hotel သြားမလား၊ Facility သြားမလားေပါ့ေနာ္။ အဓိကေတာ့ Facility ကေတာ့ အမ်ားႀကီးသြားမွာေပါ့ေနာ္။ ဒီဟာကေတာ့ စီမံခန္႔ခြဲမႈေကာ္မတီ အဆင့္ဆင့္ရွိပါတယ္။ အဲေတာ့ လက္ေတြ႕ေျမျပင္ အေျခအေနေပၚမူတည္ၿပီးေတာ့ စဥ္းစားၿပီးဆံုးျဖတ္မွာ ျဖစ္ပါတယ္။”

ေမလအစမွာ နယ္စပ္ဂိတ္ေတြကေနတဆင့္ ျပန္ဝင္လာမယ့္ ျမန္မာလုပ္သားေတြ ရွိေနသလို ႏိုင္ငံတကာမွာ ရွိတဲ့ ျမန္မာသံရံုးအကူအညီနဲ႔ ျပန္လာၾကမယ့္ ႏိုင္ငံသားေတြလည္း ေလေၾကာင္းကေနတဆင့္ ေမလ ဒုတိယပတ္ေလာက္ကစၿပီး ေရာက္လာႏုိင္ဖြယ္ရွိပါတယ္။

ကိုဗစ္ကာလမွာ ႏုိင္ငံတကာခရီးသည္တင္ ေလယာဥ္ေတြ ျမန္မာႏုိင္ငံကို ဆင္းသက္မႈ ယာယီရပ္ဆိုင္းထားတာ ေမလ ၁၅ ရက္ေန႔အထိ တုိးျမွင့္ထားလို႔ အခုခ်ိန္မွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပည္ပႏုိင္ငံေတြဆီ ေရာက္ေနသူေတြကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ေခၚေဆာင္ႏုိင္ဖို႔ကို ျမန္မာသံရံုးအသီးသီးက ေဆာင္ရြက္ေနတာပါ။

ေနရပ္ျပန္ခ်င္သူေတြကို စာရင္းေတြေကာက္ယူေနၿပီး ေလယာဥ္လက္မွတ္ ၀ယ္ယူႏုိင္ဖုိ႔အတြက္လည္း ေဆာင္ရြက္ေပးေနတယ္လုိ႔ သိရပါတယ္။ ျပန္လည္ေခၚေဆာင္မယ့္ ေန႔ရက္ကေတာ့ အတိအက် မသတ္မွတ္ရေသးေပမယ့္ ေပးထားတဲ့လူဦးေရအလုိက္ စိစစ္မႈေတြလုပ္ေနၿပီး ေမလအတြင္းမွာ ျမန္မာႏုိင္ငံကေနေလယာဥ္နဲ႔ လာေခၚႏုိင္ဖို႔အတြက္ကိုေတာ့ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။

အိႏၵိယႏုိင္ငံကို က်န္းမာေရးကိစၥနဲ႔ ေရာက္ရွိေနတဲ့ ဦးမ်ိဳးထြဋ္ကလည္း ျပန္ဖုိ႔သတ္မွတ္ထားတဲ့ရက္ ေက်ာ္သြားတာ တလခြဲေက်ာ္ၿပီျဖစ္လို႔ အခက္အခဲရွိေနၿပီး အခုသံရံုးအကူအညီနဲ႔ ျပန္မယ့္သူ စာရင္းကိုပုိ႔ထားၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။

“ဒီမွာက ေနစရိတ္ေရာ စားစရိတ္ေရာ ကုန္ေတာ့မယ္။ Hyderabad မွာ အိမ္လခကလည္း ေစ်းေတြကႀကီး၊ အျပင္လည္းထြက္မရနဲ႔ ေတာ္ေတာ္ဒုကၡေရာက္ေနၾကတယ္။ ဘယ္ေတာ့ေလာက္ျပန္မယ္ဆုိတဲ့ အေသးစိတ္ေတာ့မသိရေသးဘူး။ အခုဒီႏုိင္ငံမွာက ၄ ရက္ေန႔ကို ျပည္တြင္းေလယာဥ္ေတြ ဖြင့္မယ္ၾကားတယ္။ ဖြင့္ရင္ ျမန္မာႏုိင္ငံက လာေခၚမယ္လို႔ ေျပာတယ္။ သံရံုးကိုလည္း စာရင္းေတြပို႔ၿပီးၿပီဆုိေတာ့ ဒီလကုန္ေစာင့္ၾကည့္ရမယ္။ တကယ္လို႔ သူတုိ႔လာေခၚမယ့္အခ်ိန္နဲ႔ ကုိက္ရင္ ဒီကေန နယူးေဒလီကုိ ဦးတို႔ကသြားရမွာ။ ျပန္ဖို႔အတြက္ကေတာ့ ဘာမွေတာ့ညႊန္ၾကားမထားဘူး။ ဦးတုိ႔အေနနဲ႔ကေတာ့ ဦးတုိ႔တက္ခဲ့တဲ့ Yashoda ေဆးရံုက ေဆးစစ္ၿပီးေတာ့ COVID-19 မရွိဘူးဆုိတဲ့ ေထာက္ခံစာကို ေပးလုိက္မယ္တဲ့။ စစ္ၿပီးမွေပးမယ္တဲ့။”

ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာႏုိင္ငံကို ေရာက္ရွိသူေတြဟာ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ လူထုအေျချပဳ ကုသေစာင့္ေရွာက္မႈေပးေနတဲ့ေနရာေတြမွာ ၂၁ရက္တာနဲ႔ ကိုယ့္ရဲ႕ေနအိမ္မွာ ၇ ရက္၊ စုစုေပါင္း ၂၈ ရက္ကုိ သီးျခားေနထုိင္ဖုိ႔အတြက္လည္း အသိေပးထားပါတယ္။

ျပည္တြင္းမွာ ကိုဗစ္ေရာဂါ ထပ္တိုးလူနာသစ္ မရွိဘဲ ဒီကေန႔ မနက္ထုတ္ျပန္ၿပီးခ်ိန္အထိဆို ဓာတ္ခြဲအတည္ျပဳလူနာ ၁၄၆ ဦး ရွိခဲ့တာပါ။ အဲဒီထဲက ေသဆံုးသူ ၅ ဦးရွိခဲ့ၿပီး ေရာဂါေပ်ာက္ကင္းသြားသူကလည္း ၁၆ ဦးအထိ ရွိထားၿပီျဖစ္ပါတယ္။ က်န္ရွိေနေသးတဲ့ လူနာ ၁၂၅ ဦးကိုေတာ့ သက္ဆုိင္ရာေဆးရံုေတြမွာ အသီးသီးထားရွိၿပီး ကုသမႈေပးေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတျ္ပန္ခ်က္အရသိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ရေး အစိုးရစီစဉ်

နိုင်ငံရပ်ခြားကနေ မြန်မာနိုင်ငံကို ပြန်လာကြမယ့် နိုင်ငံသားတွေအတွက် ပြည်တွင်းမှာ ဘယ်လို ပြင်ဆင်ဆောင်ရွက်ထားလဲဆိုတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြမှာပါ။

လာမယ့် မေလအတွင်းမှာ လေကြောင်းနဲ့ နယ်စပ်ဂိတ်တွေကနေတဆင့် ပြည်တွင်းကို ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေ ရှိနေတာကြောင့် သူတို့ကို ကိုဗစ်ရောဂါစောင့်ကြည့်နိုင်ဖို့အတွက် ကျန်းမာရေးဌာနက စီစဉ်ထားပါတယ်။

နိုင်ငံအရပ်ရပ်မှာ ရှိပြီး မြန်မာပြည်ပြန်ဖို့ ခက်နေတဲ့ နိုင်ငံသားတွေ နေရပ်ပြန်ရေးအတွက်လည်း သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးတွေက ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နေပါပြီ။

အခုရက်ပိုင်းအတွင်းမှာလည်း ကချင်ပြည်နယ် နယ်စပ်ဂိတ်တွေကနေတဆင့် တရုတ်ပြည်ကနေ ပြန်ဝင်လာတဲ့ မြန်မာလုပ်သားတွေ ရှိနေသလို ထိုင်းရောက်မြန်မာလုပ်သားတွေကိုလည်း မေလ ၁ ရက်နေ့ကနေစပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေတဆင့် ပြန်လည်လက်ခံပေးဖို့ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီလို တဘက်နိုင်ငံရောက် မြန်မာလုပ်သားတွေ ပြန်ဝင်လာဖို့ ရှိနေတဲ့ နယ်စပ်ဂိတ်တွေမှာ အရေးပေါ်တုံ့ပြန် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။

“ဝင်လာမယ့် သူတွေထဲကလည်း ဒါ ပါလာနိုင်တာပေါ့နော်။ အဲတော့ ပိုပြီးတော့ Quarantine Center တွေမှာရှိတဲ့ စောင့်ကြပ်ကြည့်ရှုမှုတွေ Quarantine ဝင်ရောက်တဲ့သူတွေကို ရောဂါစစ်ဆေးမှုတွေပေါ့နော်။ ဒါတွေကိုတော့ ပိုပြီးတော့အားဖြည့်ဆောင်ရွက်ဖို့ ရှိပါတယ်။”

ပြန်ဝင်လာသူတွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုတာ ၂၁ ရက်အပါအဝင်၊ နေအိမ်မှာသီးသန့် ၇ ရက်တာ နေထိုင်စေပြီး စုစုပေါင်း ၂၈ ရက်ကြာ ရောဂါစောင့်ကြပ်ကြည့်ရှုတာကို ဆောင်ရွက်သွားမှာပါ။

ဘယ်နေရာတွေမှာ အသွားအလာကန့်သတ်မလဲဆိုတာကတော့ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက အခုလိုရှင်းပြပါတယ်။

“လောလောဆယ်ကတော့ UN နဲ့ Diplomatic Passport Holders တွေပေါ့နော်။ Home Quarantine ကတော့ အဲလူတွေကို အရင်ပေးထားတယ်။ ဒါပေမဲ့လည်း ဒီကော်မတီရဲ့ အဆုံးအဖြတ်နဲ့ပေါ့နော်။ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီအသီးသီးရဲ့ ဆုံးဖြတ်ချက်နဲ့ Home သွားမလား၊ Hotel သွားမလား၊ Facility သွားမလားပေါ့နော်။ အဓိကတော့ Facility ကတော့ အများကြီးသွားမှာပေါ့နော်။ ဒီဟာကတော့ စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ရှိပါတယ်။ အဲတော့ လက်တွေ့မြေပြင် အခြေအနေပေါ်မူတည်ပြီးတော့ စဉ်းစားပြီးဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

မေလအစမှာ နယ်စပ်ဂိတ်တွေကနေတဆင့် ပြန်ဝင်လာမယ့် မြန်မာလုပ်သားတွေ ရှိနေသလို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာသံရုံးအကူအညီနဲ့ ပြန်လာကြမယ့် နိုင်ငံသားတွေလည်း လေကြောင်းကနေတဆင့် မေလ ဒုတိယပတ်လောက်ကစပြီး ရောက်လာနိုင်ဖွယ်ရှိပါတယ်။

ကိုဗစ်ကာလမှာ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ မြန်မာနိုင်ငံကို ဆင်းသက်မှု ယာယီရပ်ဆိုင်းထားတာ မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ထားလို့ အခုချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေဆီ ရောက်နေသူတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ကို မြန်မာသံရုံးအသီးသီးက ဆောင်ရွက်နေတာပါ။

နေရပ်ပြန်ချင်သူတွေကို စာရင်းတွေကောက်ယူနေပြီး လေယာဉ်လက်မှတ် ဝယ်ယူနိုင်ဖို့အတွက်လည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ပြန်လည်ခေါ်ဆောင်မယ့် နေ့ရက်ကတော့ အတိအကျ မသတ်မှတ်ရသေးပေမယ့် ပေးထားတဲ့လူဦးရေအလိုက် စိစစ်မှုတွေလုပ်နေပြီး မေလအတွင်းမှာ မြန်မာနိုင်ငံကနေလေယာဉ်နဲ့ လာခေါ်နိုင်ဖို့အတွက်ကိုတော့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံကို ကျန်းမာရေးကိစ္စနဲ့ ရောက်ရှိနေတဲ့ ဦးမျိုးထွဋ်ကလည်း ပြန်ဖို့သတ်မှတ်ထားတဲ့ရက် ကျော်သွားတာ တလခွဲကျော်ပြီဖြစ်လို့ အခက်အခဲရှိနေပြီး အခုသံရုံးအကူအညီနဲ့ ပြန်မယ့်သူ စာရင်းကိုပို့ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီမှာက နေစရိတ်ရော စားစရိတ်ရော ကုန်တော့မယ်။ Hyderabad မှာ အိမ်လခကလည်း ဈေးတွေကကြီး၊ အပြင်လည်းထွက်မရနဲ့ တော်တော်ဒုက္ခရောက်နေကြတယ်။ ဘယ်တော့လောက်ပြန်မယ်ဆိုတဲ့ အသေးစိတ်တော့မသိရသေးဘူး။ အခုဒီနိုင်ငံမှာက ၄ ရက်နေ့ကို ပြည်တွင်းလေယာဉ်တွေ ဖွင့်မယ်ကြားတယ်။ ဖွင့်ရင် မြန်မာနိုင်ငံက လာခေါ်မယ်လို့ ပြောတယ်။ သံရုံးကိုလည်း စာရင်းတွေပို့ပြီးပြီဆိုတော့ ဒီလကုန်စောင့်ကြည့်ရမယ်။ တကယ်လို့ သူတို့လာခေါ်မယ့်အချိန်နဲ့ ကိုက်ရင် ဒီကနေ နယူးဒေလီကို ဦးတို့ကသွားရမှာ။ ပြန်ဖို့အတွက်ကတော့ ဘာမှတော့ညွှန်ကြားမထားဘူး။ ဦးတို့အနေနဲ့ကတော့ ဦးတို့တက်ခဲ့တဲ့ Yashoda ဆေးရုံက ဆေးစစ်ပြီးတော့ COVID-19 မရှိဘူးဆိုတဲ့ ထောက်ခံစာကို ပေးလိုက်မယ်တဲ့။ စစ်ပြီးမှပေးမယ်တဲ့။”

ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိသူတွေဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးနေတဲ့နေရာတွေမှာ ၂၁ရက်တာနဲ့ ကိုယ့်ရဲ့နေအိမ်မှာ ၇ ရက်၊ စုစုပေါင်း ၂၈ ရက်ကို သီးခြားနေထိုင်ဖို့အတွက်လည်း အသိပေးထားပါတယ်။

ပြည်တွင်းမှာ ကိုဗစ်ရောဂါ ထပ်တိုးလူနာသစ် မရှိဘဲ ဒီကနေ့ မနက်ထုတ်ပြန်ပြီးချိန်အထိဆို ဓာတ်ခွဲအတည်ပြုလူနာ ၁၄၆ ဦး ရှိခဲ့တာပါ။ အဲဒီထဲက သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ရောဂါပျောက်ကင်းသွားသူကလည်း ၁၆ ဦးအထိ ရှိထားပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ လူနာ ၁၂၅ ဦးကိုတော့ သက်ဆိုင်ရာဆေးရုံတွေမှာ အသီးသီးထားရှိပြီး ကုသမှုပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုြတ်ပန်ချက်အရသိရပါတယ်။

XS
SM
MD
LG