သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပြည်ပဆန်တင်ပို့မှု မြန်မာ ကန့်သတ်မည်


FILE PHOTO: Myanmar plans to curb rice exports to control domestic prices

ပြည်တွင်းမှာ ဆန်ဈေးကြီးမြင့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ မြန်မာ့ဆန်တင်ပို့မှုကို ယာယီကန့်သတ်ဖို့ စီစဉ်နေတယ်လို့ ဆန်စပါးလုပ်ငန်းအဖွဲ့က တာဝန်ရှိသူတဦးက ဒီနေ့ပဲ ပြောပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နေချိန်မှာ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ အိန္ဒိယလိုပဲ မြန်မာနိုင်ငံကလည်း ပြည်တွင်းမှာ ဆန်ဝယ်လိုအားမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဆန်တင်ပို့မှုကို ကန့်သတ်လိုက်တာပါ။

ဒီလကုန်ကနေစပြီး ဆန်တင်ပို့မှုကို ၄၅ ရက်ခန့် ယာယီကန့်သတ်သွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အကြီးတန်းအဖွဲ့ဝင်တဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းဆန်ဈေးနှုန်းတွေ တဟုန်ထိုး မြင့်တက်နေတဲ့အတွက် ဆန်တင်ပို့မှုကို ကန့်သတ်ဖို့ အာဏာပိုင်တွေဘက်ကလည်း တွန်းအားပေးမှုတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး၊ တစ်နှစ်ကို မက်ထရစ်တန်ချိန် ၂ သန်းကျော် တင်ပို့ရောင်းချနေတယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အိန္ဒိယကတော့ ပြီးခဲ့တဲ့လကစပြီး ဆန်တင်ပို့မှုကို တားမြစ်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်လိုအပ်ချက်ရဲ့ တန်ချိန် ၁၀ သန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းခန့် ကိုလျှော့ချပြီး တင်ပို့ခဲ့ပါတယ်။

မြန်မာ့ဆန်တင်ပို့မှုဟာ အိန္ဒိယနဲ့ ထိုင်းလောက် ရာခိုင်နှုန်း မများပေမဲ့လည်း ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နေချိန်နဲ့ ဆန်တင်ပို့မှု ကန့်သတ်ချက်ဟာ တပြိုင်တည်းဖြစ်လာတယ်လို့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။ အိန္ဒိယက ဆန်တင်ပို့မှုကို ကန့်သတ်လိုက်ကတည်းက ထိုင်းနဲ့ ဗီယက်နမ်အပါအဝင် ကမ္ဘာ့ဆန်ဈေးနှုန်းတွေ မြင့်တက်ခဲ့သလို၊ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှုဟာလည်း ယခုသီတင်းပတ်ထဲမှာ အမြင့်ဆုံးဖြစ်လာပါတယ်။

 ပြည်ပဆန်တင်ပို့မှု မြန်မာ ကန့်သတ်မည်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG