သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီးႏွံဖ်က္ပိုး ကႏၱာရ က်ိဳင္းေကာင္ က်ေရာက္ႏုိင္ေျခ အတြက္ ျမန္မာ ျပင္ဆင္


ပါကစၥတန္က စိုက္ခင္းေတြေပၚ က်ေရာက္ေနတဲ႔ ကႏၱာရ က်ိဳင္းေကာင္အုပ္။

(Zawgyi/ Unicode)

အိမ္နီးခ်င္း အိႏၵိယမွာ ကႏၱာရ က်ိဳင္းေကာင္ေတြက်လို႔ သီးႏွံစိုက္ခင္းေတြ ဆိုးဆိုးရြားရြား ပ်က္စီးေနရခ်ိန္ ျမန္မာႏုိင္ငံမွာလည္း ကႏၱာရက်ိဳင္းေကာင္ေတြ ၀င္ေရာက္လာႏုိင္ေျခ အတြက္ ႀကိဳတင္ျပင္ဆင္ေနၾကပါတယ္။ ကုလသမဂၢ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႔ FAO လမ္းညႊန္ခ်က္ေတြနဲ႔ အညီ စစ္ကိုင္းတိုင္း အတြင္း ႀကိဳတင္ သတိေပး ျပင္ဆင္ေနတဲ႔ အေျခအေနေတြကို စစ္ကိုင္းတိုင္း စိုက္ပ်ိဳးေရးဌာန ညႊန္ၾကားေရးမွဴး ဦး၀င္းလိႈင္ဦးကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး က႑မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ဦး၀င္းလိႈင္ဦး ။ ။ ဒီကႏၱာရ က်ိဳင္းေကာင္ သတင္းနဲ႔ ပတ္သက္ၿပီးေတာ့ FAO ရဲ႕ ထုတ္ျပန္ခ်က္ေတြ ေဒသတြင္းမွာ ရွိတဲ႔ ပါကစၥတန္တို႔ အိႏၵိယတို႔ အီရန္တို႔မွာ ၀င္ေရာက္မႈ အေျခအေနကို ၾကည့္ၿပီးေတာ့ ညႊန္ၾကားေရးမွဴးခ်ဳပ္က ေနၿပီးေတာ့ က်ေနာ္တို႔ တိုင္းဟာ ဒီ အိႏၵိယနဲ႔လည္း နီးစပ္ေနတဲ႔ အတြက္ အရင္ဆံုး ေၾကညာခ်က္ေတြ ထုတ္ျပန္ၿပီးေတာ့ ဒီ ပိုးေတြနဲ႔ ပတ္သက္ၿပီး ေတာင္သူေတြ သိေအာင္ ပညာေပးပါလို႔ လမ္းညႊန္တဲ႔ အတြက္ က်ေနာ္တို႔ စစ္ကိုင္းတိုင္းက စၿပီးေတာ့ သတိေပးပါတယ္။

သိဂၤ ီထုိက္ ။ ။ ဒီ စစ္ကိုင္းတုိင္းက ၀င္လာႏုိင္ေျခ အမ်ားဆံုး ျဖစ္ေနတယ္ဆိုတဲ႔ အေနအထားပါလားရွင့္ ဆရာ။

ဦး၀င္းလိႈင္ဦး ။ ။ ဟုတ္ကဲ႔ က်ေနာ္တို႔က အိႏၵိယ နယ္စပ္နဲ႔လည္းနီးတယ္၊ ေနာက္ၿပီး ၀င္လာမယ့္ လမ္းေၾကာင္းေတြ ေပါ့ေနာ္ အဲဒီဘက္က ကူးလူး ဆက္သြယ္မႈလည္း ရွိေနတဲ႔ အခါက်ေတာ့ က်ေနာ္တို႔ဘက္ကို တကယ္လို႔ ေရာက္လာခဲ႔ရင္ ႀကိဳတင္ ျပင္ဆင္ႏုိင္ေအာင္ ကာကြယ္ႏုိင္ေအာင္ က်ေနာ္တို႔ ေဆာင္ရြက္ျခင္း ျဖစ္ပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္ ။ ။ ဘယ္အခ်ိန္ ကာလ ေလာက္ကို စိုးရိမ္ပါသလဲ။

ဦး၀င္းလိႈင္ဦး ။ ။ က်ေနာ္တို႔ရဲ႕ မိုးသီးႏွံေတြ စိုက္ပ်ိဳး ၿပီးစီးမႈဟာ ဒီ ဇူလိုင္ ၾသဂုတ္မွာ ျဖစ္ပါတယ္ ခင္ဗ်။ သူတို႔ ၀င္လာႏုိင္တယ္လို႔ FAO က ခန္႔မွန္းခ်က္ကလည္းဘဲ က်ေနာ္တို႔က ဇြန္လကုန္ေပါ့ ဇူလိုင္ ၊ ၾသဂုတ္ ဒီအေတာအတြင္းဘဲ ျဖစ္ေနတဲ႔ အခါက်ေတာ့ က်ေနာ္တို႔ရဲ႕ စိုက္ထားတဲ႔ သီးႏွံေတြ အေပၚေရာ၊ ေနာက္ တျခားေသာ စိုက္ခင္းေတြ အေပၚေရာ ဒီေကာင္ေတြရဲ႕ က်ေရာက္မႈကို က်ေနာ္တို႔က စိုးရိမ္ပါတယ္။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔။ အခုေလာေလာဆယ္ ဒီ စစ္ကိုင္းဘက္မွာ ဒီအခ်ိန္က ဘာသီးႏွံေတြ အမ်ားဆံုး စိုက္ပါလဲ။ စပါး လားရွင့္ ဆရာ။

ဦး၀င္းလိႈင္ဦး ။ ။ အခုအခ်ိန္မွာေတာ့ က်ေနာ္တို႔က မိုးေကာင္းေသာက္ လယ္ေတြမွာ မိုးစပါးေတြ စတင္ စိုက္ပ်ိဳးတဲ႔ အခ်ိန္ ျဖစ္ပါတယ္။ က်န္တဲ႔ ေဒသေတြမွာလည္း က်ေနာ္တို႔ ေႏြသီးႏွံေတြ ရိတ္သိမ္းဆဲ ျဖစ္တဲ႔ အတြက္ သီးႏွံေတြကေတာ့ ျပင္ဆင္ခ်ိန္ ကာလ ျဖစ္ပါတယ္။

သိဂၤ ီထုိက္ ။ ။ တကယ္လို႔ ၀င္လာခဲ႔လို႔ ရွိရင္ ဘယ္သီးႏွံေတြ ပ်က္စီး ဆံုးရံႈးႏုိင္ေျခ ရွိပါသလဲ။ ဆရာတို႔ ဌာနဘက္က တြက္ထားတာမ်ား ရွိပါသလားရွင့္။

ဦး၀င္းလိႈင္ဦး ။ ။ က်ေနာ္တို႔ စိုက္ပ်ိဳးေရး ဦးစီးဌာန ပညာရွင္ေတြ အေနနဲ႔ တြက္ခ်က္ထားတာ ကေတာ့ ဒီႏွံေကာင္ေတြရဲ႕ သေဘာသဘာ၀ အတိုင္းဘဲ လယ္ကြင္းေတြမွာ က်ရင္ လယ္ကြင္းေတြ ပ်က္မယ္။ တျခား သူတို႔ အစာ အတြက္ေပါ့ သူတို႔က တျခား သီးႏွံေတြကိုလည္း စားေသာက္ ဖ်က္စီးမယ္ ဆိုရင္ တျခား စိုက္ခင္း၊ ဟင္းသီး ဟင္းရြက္ သစ္သီး၀လံ စိုက္ခင္းေတြမွာ က်ေရာက္ ႏုိင္ေျခ ရွိတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔က ႀကိဳတင္ ျပင္ဆင္ထားပါတယ္။

သိဂၤ ီထုိက္ ။ ။ ဆရာ အဲဒီေတာ့ FAO က ခန္႔မွန္းထားတယ္ သတိေပးထားတယ္ ဆိုေတာ့ FAO ဘက္ကေရာ အကူအညီ ရပါသလားရွင့္။ ျမန္မာႏုိင္ငံ အေနနဲ႔။

ဦး၀င္းလိႈင္ဦး ။ ။ က်ေနာ္တို႔က ႀကိဳတင္ ျပင္ဆင္မႈ စတင္ ေဆာင္ရြက္ဆဲ ျဖစ္ပါတယ္ ခင္ဗ်။ အကယ္၍ေပါ့ ကႏၱာရ က်ိဳင္းေကာင္ေတြ ၀င္လာမယ္ ဆိုခဲ႔ရင္ က်ေနာ္တို႔က ကႏၱာရ က်ိဳင္းေကာင္ ဟုတ္ မဟုတ္ ဓာတ္ခြဲ စစ္ေဆး အတည္ျပဳရပါမယ္ ခင္ဗ်။ အတည္ျပဳၿပီးရင္ က်ေနာ္တို႔က FAO ကို ခ်ိ္တ္ဆက္ၿပီး တင္ျပၿပီး ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ ဒါက်ေတာ့ ႏုိင္ငံ ျဖတ္ေက်ာ္ ပိုးမႊား ျဖစ္တဲ႔ အတြက္ ဒါ FAO တို႔ ျပည္ေထာင္စု ၀န္ႀကီးဌာနတို႔ ေပါင္းစပ္ၿပီးေတာ့ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

သိဂၤ ီထုိက္ ။ ။ အိႏၵိယနဲ႔ ပါကစၥတန္မွာေတာ့ ဧက သိန္းနဲ႔ခ်ီၿပီးေတာ့ ဖ်က္စီးတာ ရွိပါတယ္ ဆရာ။ ဆိုေတာ့ ျမန္မာႏုိင္ငံရဲ႕ ႀကံဳေတြ႔ရႏုိင္တဲ႔ အႏၱရာယ္ေပါ့ေနာ္။ ဆရာတို႔ ဘယ္ေလာက္ထိ တြက္ခ်က္ ထားပါသလဲရွင့္။ ရာခိုင္ႏႈန္း ဘယ္ေလာက္ ရွိပါသလဲ ၀င္လာႏုိင္ေျခေပါ့ ဆရာ။

ဦး၀င္းလိႈင္ဦး ။ ။ ၀င္လာႏုိင္ေျခ အေနအထား ကေတာ့ အဲဒီ ကာလကို တြက္တဲ႔ အခါမွာ က်ေနာ္တို႔က ဇူလိုင္ ၾသဂုတ္က က်ေနာ္တို႔ ဆီမွာက မိုးေကာင္းေကာင္း ရြာေနပါၿပီ ခင္ဗ်။ မုတ္သံု အလယ္ ျဖစ္ေနၿပီ။ ေနာက္တခုက သူတို႔ ၀င္လာမယ္ဆိုရင္လည္း က်ေနာ္တို႔ ဒီ အိႏၵိယဘက္က ၀င္လာမယ္ဆိုရင္ က်ေနာ္တို႔က ခ်င္းေတာင္တန္းေတြ ျဖတ္ရမယ္၊ ေနာက္ၿပီးေတာ့ နာဂ ေတာင္တန္းေတြကို ျဖတ္ရမယ္ ဆုိေတာ့ ေအးျမတဲ႔ ေတာင္တန္းေတြကို ျဖတ္ရမယ္။ ေနာက္ၿပီးေတာ့ မုတ္သံုေလနဲ႔လည္း သူတို႔က ရင္ဆိုင္ရမွာ ျဖစ္တဲ႔ အတြက္ သူတို႔ဟာ က်ေနာ္တို႔ ႏုိင္ငံထဲကို အလံုးနဲ႔ အရင္းနဲ႔ ၀င္လာႏုိင္ဖို႔ အခြင့္အလမ္း အင္မတန္မွ နည္းပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္ ။ ။ ေဆးျဖန္းတဲ႔ အခါမွာလည္း ေနာက္တခုက ေဆးျဖန္းလိုက္တဲ႔ သီးႏွံေတြရဲ႕ စားသံုးဖို႔ ေဘးကင္းမႈနဲ႔ ပတ္သက္ၿပီး ေမးခြန္းထပ္ ျဖစ္ပါတယ္။ ဆရာတို႔ တကယ္လို႔ ျဖစ္လာႏုိင္ေျခ အေပၚ ျပင္ဆင္ထားတာမွာ ေဆးျဖန္းတာလည္း ပါမယ္ ထင္ပါတယ္။ ဘာေတြ ျပင္ဆင္ထားပါလဲရွင့္။

ဦး၀င္းလိႈင္ဦး ။ ။ က်ေနာ္တို႔ ႏုိင္ငံမွာလည္းဘဲ ဒီ သဘာ၀ ပိုးသတ္ေဆး လုပ္လို႔ ရတဲ႔ ပစၥည္းေတြ အမ်ားႀကီး ရွိပါတယ္ ခင္ဗ်။ ဥပမာ ၾကက္သြန္ျဖဴ ပိုးသတ္ေဆးရည္၊ ငရုတ္ ပိုးသတ္ေဆးရည္၊ ေနာက္တခါ ေဆးရြက္ႀကီး ပိုးသတ္ေဆးရည္ အမ်ားႀကီး လုပ္လို႔ ရပါတယ္။ အဲဒါေတြကို ေတာင္သူေတြကို က်ေနာ္တို႔က လုပ္နည္းေတြကို လိုက္ၿပီးေတာ့ စစ္ကိုင္းတိုင္းထဲမွာေရာ တႏုိင္ငံလံုးမွာေရာ သင္ၾကားေပးေနပါတယ္။
အဲေတာ့ က်ေနာ္တို႔က သူတို႔ လာသည္ထိ ေစာင့္ေနမွာ မဟုတ္ပါဘူး။ က်ေနာ္တို႔ရဲ႕ စိုက္ခင္းေတြေပၚမွာ သဘာ၀ ပိုးသတ္ေဆး လူကို အႏၱရာယ္ မျပဳေစတဲ႔ သဘာ၀ ပိုးသတ္ေဆးရည္နဲ႔ ဖ်န္းထားပါမယ္။ အဲဒါနဲ႔ ႀကိဳတင္ ကာကြယ္ထားပါမယ္။ အစု အဖြဲ႔လိုက္ ေရာက္လာရင္လည္း က်ေနာ္တို႔ ႏုိင္သမွ် လူအားနဲ႔ ေကာက္တာေတြ တိရိစာၦန္ အစာအျဖစ္ ေကြ်းပစ္တာေတြ က်ေနာ္တို႔ ေဆာင္ရြက္ပါမယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔က ဖမ္းလို႔ ရတဲ႔ ေနရာေတြမွာ ေထာင္ေခ်ာက္ေတြနဲ႔ က်ေနာ္တို႔က ဖမ္းေပးပါမယ္။ ေနာက္ဆံုးပါမွ က်ေနာ္တို႔က ပိုးသတ္ေဆးကို သံုးသင့္တယ္လို႔ ယူဆလာမွ က်ေနာ္တို႔က သံုးမွာ ျဖစ္ပါတယ္။ ပိုးသတ္ေဆးက က်ေနာ္တို႔ အေနနဲ႔ ေနာက္ဆံုးပိတ္မွ က်ေနာ္တို႔က သံုးစြဲမွာဘဲ ျဖစ္ပါတယ္ခင္ဗ်။

သိဂၤ ီထုိက္ ။ ။ ေတာင္သူေတြ ဘက္က ပူးေပါင္းေဆာင္ရြက္မႈကေရာ အားရစရာ ေကာင္းပါလားရွင့္။

ဦး၀င္းလိႈင္ဦး ။ ။ စစ္ကိုင္းတိုင္း ေဒသႀကီး အတြင္းမွာ ဇြန္လ ပထမပတ္ ကတည္းက ညႊန္ၾကားေရးမွဴးခ်ဳပ္ရဲ႕ လမ္းညႊန္ခ်က္ကို ရၿပီး ကတည္းက က်ေနာ္တို႔ ၀န္ထမ္းခ်င္း သီအိုရီ သင္တန္းေတြ ေပးလိုက္ပါတယ္။ ေပးၿပီးေတာ့ ၂၂ ရက္ေန႔ကေန စၿပီးေတာ့ က်ေနာ္တို႔ ေရွ႕တန္း စခန္းေတြ ကေန တဆင့္ ေတာင္သူေတြကို အသိပညာ ေပးပါတယ္။ အံ႔ၾသစရာ ေကာင္းတာက ဒီ ေတာင္သူေတြဟာ ဒီ သီးႏွံ ဖ်က္ပိုးကို ကာကြယ္ခ်င္တဲ႔စိတ္ ေတာ္ေတာ္ေလး ထက္သန္ၾကတယ္။ ေနာက္ ဌာနနဲ႔လည္း ပူးေပါင္းေဆာင္ရြက္မႈ အားေကာင္းတဲ႔ အတြက္ က်ေနာ္တို႔ သင္ျပေပးတဲ႔ သဘာ၀ ပိုးသတ္ေဆး သံုးစြဲနည္းေတြ ေနာက္ၿပီးေတာ့ IPM (ဘက္စံုပိုးမႊား ကာကြယ္ေရး) စနစ္ေတြကို လိုလိုလားလား သင္ယူၾကတဲ႔ အတြက္ က်ေနာ္တို႔ ေတာ္ေတာ္ေလးကိုဘဲ ၀မ္းသာပီတိ ျဖစ္ရပါတယ္။

သိဂၤ ီထုိက္ ။ ။ တကယ္လို႔ ကႏၱာရ က်ိဳင္းေကာင္နဲ႔ ပတ္သက္ၿပီးေတာ့ ေတာင္သူေတြ ဘက္က လယ္သမားေတြ ဘက္က သံသယ ရွိတယ္ဆိုရင္ ဆရာတို႔ကို ဘယ္လို အေၾကာင္းၾကားရမလဲရွင့္။

ဦး၀င္းလိႈင္ဦး ။ ။ က်ေနာ္တို႔ စစ္ကိုင္းတိုင္း အတြင္းမွာ ရွိတဲ႔ ၿမဳိ႕နယ္ စိုက္ပ်ိဳးေရး ဦးစီးဌာန ရံုးမွာ ရွိတဲ႔ ၀န္ထမ္းေတြ ၿမဳိ႕နယ္ ဦးစီးမွဴးကေန တေယာက္ခ်င္းထိ ဖုန္းနံပတ္ေတြကိုလည္း က်ေနာ္တို႔ ေၾကညာေပးထားပါတယ္။ ေနာက္ၿပီးေတာ့ ၿမိဳ႕နယ္ေတြမွာ ေရွ႕တန္း စခန္းေတြ နည္းပညာ ျဖန္႔ျဖဴးေရး စင္တာေတြ တၿမိဳ႕နယ္ကို ၅ ခုေလာက္ ဖြင့္ထားပါတယ္။ အဲဒီ အေဆာက္အအံုေတြမွာလည္း ၀န္ထမ္းေတြက အေျခခ် ေနထိုင္ၿပီးေတာ့ သီးႏွံဖ်က္ ပိုးမႊား ကာကြယ္ေရးနဲ႔ စိုက္ပ်ိဳး နည္းပညာေပးကို ေဆာင္ရြက္ေနၾကပါတယ္။ အဲဒီကိုလည္း က်ေနာ္တို႔ အခ်ိန္ မေရြး သတင္းပို႔လို႔ ရပါတယ္။
ေနာက္ က်ေနာ္တို႔ တိုင္းေဒသႀကီး အစိုးရရဲ႕ အားေပး ကူညီမႈနဲ႔ ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴးေတြကို သတင္းပို႔ အဲဒီကေန ၿပီးေတာ့ ၿမိဳ႕နယ္ စီမံခန္႔ခြဲေရး ေကာ္မတီက ေနၿပီးေတာ့ တဆင့္ စိုက္ပ်ိဳးေရးနဲ႔ ပူးေပါင္းၿပီးေတာ့ ဒီပိုးေတြကို က်ေရာက္လ်င္ က်ေရာက္ျခင္း ခ်က္ခ်င္းသိေအာင္ ေဆာင္ရြက္ထားပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္ ။ ။ စစ္ကိုင္းတိုင္း စိုက္ပ်ိဳးေရး ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဆရာ ဦး၀င္းလိႈင္ဦး အထူးဘဲ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သီးနှံဖျက်ပိုး ကန္တာရ ကျိုင်းကောင် ကျရောက်နိုင်ခြေ အတွက် မြန်မာ ပြင်ဆင်

swarm of locusts
swarm of locusts


အိမ်နီးချင်း အိန္ဒိယမှာ ကန္တာရ ကျိုင်းကောင်တွေကျလို့ သီးနှံစိုက်ခင်းတွေ ဆိုးဆိုးရွားရွား ပျက်စီးနေရချိန် မြန်မာနိုင်ငံမှာလည်း ကန္တာရကျိုင်းကောင်တွေ ဝင်ရောက်လာနိုင်ခြေ အတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO လမ်းညွှန်ချက်တွေနဲ့ အညီ စစ်ကိုင်းတိုင်း အတွင်း ကြိုတင် သတိပေး ပြင်ဆင်နေတဲ့ အခြေအနေတွေကို စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဦးဝင်းလှိုင်ဦး ။ ။ ဒီကန္တာရ ကျိုင်းကောင် သတင်းနဲ့ ပတ်သက်ပြီးတော့ FAO ရဲ့ ထုတ်ပြန်ချက်တွေ ဒေသတွင်းမှာ ရှိတဲ့ ပါကစ္စတန်တို့ အိန္ဒိယတို့ အီရန်တို့မှာ ဝင်ရောက်မှု အခြေအနေကို ကြည့်ပြီးတော့ ညွှန်ကြားရေးမှူးချုပ်က နေပြီးတော့ ကျနော်တို့ တိုင်းဟာ ဒီ အိန္ဒိယနဲ့လည်း နီးစပ်နေတဲ့ အတွက် အရင်ဆုံး ကြေညာချက်တွေ ထုတ်ပြန်ပြီးတော့ ဒီ ပိုးတွေနဲ့ ပတ်သက်ပြီး တောင်သူတွေ သိအောင် ပညာပေးပါလို့ လမ်းညွှန်တဲ့ အတွက် ကျနော်တို့ စစ်ကိုင်းတိုင်းက စပြီးတော့ သတိပေးပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီ စစ်ကိုင်းတိုင်းက ဝင်လာနိုင်ခြေ အများဆုံး ဖြစ်နေတယ်ဆိုတဲ့ အနေအထားပါလားရှင့် ဆရာ။

ဦးဝင်းလှိုင်ဦး ။ ။ ဟုတ်ကဲ့ ကျနော်တို့က အိန္ဒိယ နယ်စပ်နဲ့လည်းနီးတယ်၊ နောက်ပြီး ဝင်လာမယ့် လမ်းကြောင်းတွေ ပေါ့နော် အဲဒီဘက်က ကူးလူး ဆက်သွယ်မှုလည်း ရှိနေတဲ့ အခါကျတော့ ကျနော်တို့ဘက်ကို တကယ်လို့ ရောက်လာခဲ့ရင် ကြိုတင် ပြင်ဆင်နိုင်အောင် ကာကွယ်နိုင်အောင် ကျနော်တို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ဘယ်အချိန် ကာလ လောက်ကို စိုးရိမ်ပါသလဲ။

ဦးဝင်းလှိုင်ဦး ။ ။ ကျနော်တို့ရဲ့ မိုးသီးနှံတွေ စိုက်ပျိုး ပြီးစီးမှုဟာ ဒီ ဇူလိုင် သြဂုတ်မှာ ဖြစ်ပါတယ် ခင်ဗျ။ သူတို့ ဝင်လာနိုင်တယ်လို့ FAO က ခန့်မှန်းချက်ကလည်းဘဲ ကျနော်တို့က ဇွန်လကုန်ပေါ့ ဇူလိုင် ၊ သြဂုတ် ဒီအတောအတွင်းဘဲ ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ရဲ့ စိုက်ထားတဲ့ သီးနှံတွေ အပေါ်ရော၊ နောက် တခြားသော စိုက်ခင်းတွေ အပေါ်ရော ဒီကောင်တွေရဲ့ ကျရောက်မှုကို ကျနော်တို့က စိုးရိမ်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ အခုလောလောဆယ် ဒီ စစ်ကိုင်းဘက်မှာ ဒီအချိန်က ဘာသီးနှံတွေ အများဆုံး စိုက်ပါလဲ။ စပါး လားရှင့် ဆရာ။

ဦးဝင်းလှိုင်ဦး ။ ။ အခုအချိန်မှာတော့ ကျနော်တို့က မိုးကောင်းသောက် လယ်တွေမှာ မိုးစပါးတွေ စတင် စိုက်ပျိုးတဲ့ အချိန် ဖြစ်ပါတယ်။ ကျန်တဲ့ ဒေသတွေမှာလည်း ကျနော်တို့ နွေသီးနှံတွေ ရိတ်သိမ်းဆဲ ဖြစ်တဲ့ အတွက် သီးနှံတွေကတော့ ပြင်ဆင်ချိန် ကာလ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ တကယ်လို့ ဝင်လာခဲ့လို့ ရှိရင် ဘယ်သီးနှံတွေ ပျက်စီး ဆုံးရှုံးနိုင်ခြေ ရှိပါသလဲ။ ဆရာတို့ ဌာနဘက်က တွက်ထားတာများ ရှိပါသလားရှင့်။

ဦးဝင်းလှိုင်ဦး ။ ။ ကျနော်တို့ စိုက်ပျိုးရေး ဦးစီးဌာန ပညာရှင်တွေ အနေနဲ့ တွက်ချက်ထားတာ ကတော့ ဒီနှံကောင်တွေရဲ့ သဘောသဘာ၀ အတိုင်းဘဲ လယ်ကွင်းတွေမှာ ကျရင် လယ်ကွင်းတွေ ပျက်မယ်။ တခြား သူတို့ အစာ အတွက်ပေါ့ သူတို့က တခြား သီးနှံတွေကိုလည်း စားသောက် ဖျက်စီးမယ် ဆိုရင် တခြား စိုက်ခင်း၊ ဟင်းသီး ဟင်းရွက် သစ်သီးဝလံ စိုက်ခင်းတွေမှာ ကျရောက် နိုင်ခြေ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့က ကြိုတင် ပြင်ဆင်ထားပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဆရာ အဲဒီတော့ FAO က ခန့်မှန်းထားတယ် သတိပေးထားတယ် ဆိုတော့ FAO ဘက်ကရော အကူအညီ ရပါသလားရှင့်။ မြန်မာနိုင်ငံ အနေနဲ့။

ဦးဝင်းလှိုင်ဦး ။ ။ ကျနော်တို့က ကြိုတင် ပြင်ဆင်မှု စတင် ဆောင်ရွက်ဆဲ ဖြစ်ပါတယ် ခင်ဗျ။ အကယ်၍ပေါ့ ကန္တာရ ကျိုင်းကောင်တွေ ဝင်လာမယ် ဆိုခဲ့ရင် ကျနော်တို့က ကန္တာရ ကျိုင်းကောင် ဟုတ် မဟုတ် ဓာတ်ခွဲ စစ်ဆေး အတည်ပြုရပါမယ် ခင်ဗျ။ အတည်ပြုပြီးရင် ကျနော်တို့က FAO ကို ချိတ်ဆက်ပြီး တင်ပြပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကျတော့ နိုင်ငံ ဖြတ်ကျော် ပိုးမွှား ဖြစ်တဲ့ အတွက် ဒါ FAO တို့ ပြည်ထောင်စု ဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ အိန္ဒိယနဲ့ ပါကစ္စတန်မှာတော့ ဧက သိန်းနဲ့ချီပြီးတော့ ဖျက်စီးတာ ရှိပါတယ် ဆရာ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ပေါ့နော်။ ဆရာတို့ ဘယ်လောက်ထိ တွက်ချက် ထားပါသလဲရှင့်။ ရာခိုင်နှုန်း ဘယ်လောက် ရှိပါသလဲ ဝင်လာနိုင်ခြေပေါ့ ဆရာ။

ဦးဝင်းလှိုင်ဦး ။ ။ ဝင်လာနိုင်ခြေ အနေအထား ကတော့ အဲဒီ ကာလကို တွက်တဲ့ အခါမှာ ကျနော်တို့က ဇူလိုင် သြဂုတ်က ကျနော်တို့ ဆီမှာက မိုးကောင်းကောင်း ရွာနေပါပြီ ခင်ဗျ။ မုတ်သုံ အလယ် ဖြစ်နေပြီ။ နောက်တခုက သူတို့ ဝင်လာမယ်ဆိုရင်လည်း ကျနော်တို့ ဒီ အိန္ဒိယဘက်က ဝင်လာမယ်ဆိုရင် ကျနော်တို့က ချင်းတောင်တန်းတွေ ဖြတ်ရမယ်၊ နောက်ပြီးတော့ နာဂ တောင်တန်းတွေကို ဖြတ်ရမယ် ဆိုတော့ အေးမြတဲ့ တောင်တန်းတွေကို ဖြတ်ရမယ်။ နောက်ပြီးတော့ မုတ်သုံလေနဲ့လည်း သူတို့က ရင်ဆိုင်ရမှာ ဖြစ်တဲ့ အတွက် သူတို့ဟာ ကျနော်တို့ နိုင်ငံထဲကို အလုံးနဲ့ အရင်းနဲ့ ဝင်လာနိုင်ဖို့ အခွင့်အလမ်း အင်မတန်မှ နည်းပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ဆေးဖြန်းတဲ့ အခါမှာလည်း နောက်တခုက ဆေးဖြန်းလိုက်တဲ့ သီးနှံတွေရဲ့ စားသုံးဖို့ ဘေးကင်းမှုနဲ့ ပတ်သက်ပြီး မေးခွန်းထပ် ဖြစ်ပါတယ်။ ဆရာတို့ တကယ်လို့ ဖြစ်လာနိုင်ခြေ အပေါ် ပြင်ဆင်ထားတာမှာ ဆေးဖြန်းတာလည်း ပါမယ် ထင်ပါတယ်။ ဘာတွေ ပြင်ဆင်ထားပါလဲရှင့်။

ဦးဝင်းလှိုင်ဦး ။ ။ ကျနော်တို့ နိုင်ငံမှာလည်းဘဲ ဒီ သဘာ၀ ပိုးသတ်ဆေး လုပ်လို့ ရတဲ့ ပစ္စည်းတွေ အများကြီး ရှိပါတယ် ခင်ဗျ။ ဥပမာ ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်၊ ငရုတ် ပိုးသတ်ဆေးရည်၊ နောက်တခါ ဆေးရွက်ကြီး ပိုးသတ်ဆေးရည် အများကြီး လုပ်လို့ ရပါတယ်။ အဲဒါတွေကို တောင်သူတွေကို ကျနော်တို့က လုပ်နည်းတွေကို လိုက်ပြီးတော့ စစ်ကိုင်းတိုင်းထဲမှာရော တနိုင်ငံလုံးမှာရော သင်ကြားပေးနေပါတယ်။
အဲတော့ ကျနော်တို့က သူတို့ လာသည်ထိ စောင့်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ စိုက်ခင်းတွေပေါ်မှာ သဘာ၀ ပိုးသတ်ဆေး လူကို အန္တရာယ် မပြုစေတဲ့ သဘာ၀ ပိုးသတ်ဆေးရည်နဲ့ ဖျန်းထားပါမယ်။ အဲဒါနဲ့ ကြိုတင် ကာကွယ်ထားပါမယ်။ အစု အဖွဲ့လိုက် ရောက်လာရင်လည်း ကျနော်တို့ နိုင်သမျှ လူအားနဲ့ ကောက်တာတွေ တိရိစ္ဆာန် အစာအဖြစ် ကျွေးပစ်တာတွေ ကျနော်တို့ ဆောင်ရွက်ပါမယ်။ နောက်ပြီးတော့ ကျနော်တို့က ဖမ်းလို့ ရတဲ့ နေရာတွေမှာ ထောင်ချောက်တွေနဲ့ ကျနော်တို့က ဖမ်းပေးပါမယ်။ နောက်ဆုံးပါမှ ကျနော်တို့က ပိုးသတ်ဆေးကို သုံးသင့်တယ်လို့ ယူဆလာမှ ကျနော်တို့က သုံးမှာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးက ကျနော်တို့ အနေနဲ့ နောက်ဆုံးပိတ်မှ ကျနော်တို့က သုံးစွဲမှာဘဲ ဖြစ်ပါတယ်ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ တောင်သူတွေ ဘက်က ပူးပေါင်းဆောင်ရွက်မှုကရော အားရစရာ ကောင်းပါလားရှင့်။

ဦးဝင်းလှိုင်ဦး ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှာ ဇွန်လ ပထမပတ် ကတည်းက ညွှန်ကြားရေးမှူးချုပ်ရဲ့ လမ်းညွှန်ချက်ကို ရပြီး ကတည်းက ကျနော်တို့ ဝန်ထမ်းချင်း သီအိုရီ သင်တန်းတွေ ပေးလိုက်ပါတယ်။ ပေးပြီးတော့ ၂၂ ရက်နေ့ကနေ စပြီးတော့ ကျနော်တို့ ရှေ့တန်း စခန်းတွေ ကနေ တဆင့် တောင်သူတွေကို အသိပညာ ပေးပါတယ်။ အံ့သြစရာ ကောင်းတာက ဒီ တောင်သူတွေဟာ ဒီ သီးနှံ ဖျက်ပိုးကို ကာကွယ်ချင်တဲ့စိတ် တော်တော်လေး ထက်သန်ကြတယ်။ နောက် ဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ အတွက် ကျနော်တို့ သင်ပြပေးတဲ့ သဘာ၀ ပိုးသတ်ဆေး သုံးစွဲနည်းတွေ နောက်ပြီးတော့ IPM (ဘက်စုံပိုးမွှား ကာကွယ်ရေး) စနစ်တွေကို လိုလိုလားလား သင်ယူကြတဲ့ အတွက် ကျနော်တို့ တော်တော်လေးကိုဘဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

သိင်္ဂ ီထိုက် ။ ။ တကယ်လို့ ကန္တာရ ကျိုင်းကောင်နဲ့ ပတ်သက်ပြီးတော့ တောင်သူတွေ ဘက်က လယ်သမားတွေ ဘက်က သံသယ ရှိတယ်ဆိုရင် ဆရာတို့ကို ဘယ်လို အကြောင်းကြားရမလဲရှင့်။
ဦးဝင်းလှိုင်ဦး ။ ။ ကျနော်တို့ စစ်ကိုင်းတိုင်း အတွင်းမှာ ရှိတဲ့ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ရုံးမှာ ရှိတဲ့ ဝန်ထမ်းတွေ မြို့နယ် ဦးစီးမှူးကနေ တယောက်ချင်းထိ ဖုန်းနံပတ်တွေကိုလည်း ကျနော်တို့ ကြေညာပေးထားပါတယ်။ နောက်ပြီးတော့ မြို့နယ်တွေမှာ ရှေ့တန်း စခန်းတွေ နည်းပညာ ဖြန့်ဖြူးရေး စင်တာတွေ တမြို့နယ်ကို ၅ ခုလောက် ဖွင့်ထားပါတယ်။ အဲဒီ အဆောက်အအုံတွေမှာလည်း ဝန်ထမ်းတွေက အခြေချ နေထိုင်ပြီးတော့ သီးနှံဖျက် ပိုးမွှား ကာကွယ်ရေးနဲ့ စိုက်ပျိုး နည်းပညာပေးကို ဆောင်ရွက်နေကြပါတယ်။ အဲဒီကိုလည်း ကျနော်တို့ အချိန် မရွေး သတင်းပို့လို့ ရပါတယ်။
နောက် ကျနော်တို့ တိုင်းဒေသကြီး အစိုးရရဲ့ အားပေး ကူညီမှုနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို သတင်းပို့ အဲဒီကနေ ပြီးတော့ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီက နေပြီးတော့ တဆင့် စိုက်ပျိုးရေးနဲ့ ပူးပေါင်းပြီးတော့ ဒီပိုးတွေကို ကျရောက်လျင် ကျရောက်ခြင်း ချက်ချင်းသိအောင် ဆောင်ရွက်ထားပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ စစ်ကိုင်းတိုင်း စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဆရာ ဦးဝင်းလှိုင်ဦး အထူးဘဲ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG