သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အရွေးချယ်ခံ သမ္မတထံ မြန်မာသမ္မတ သဝဏ်လွှာပို့


ကန်အရွေးချယ်ခံ သမ္မတDonald John Trump
ကန်အရွေးချယ်ခံ သမ္မတDonald John Trump

အမေရိကန် ပြည်ထောင်စုရဲ့ ၄၅ ဆက်မြောက် သမ္မတအဖြစ် ရွေးကောက်ခံရသူ Donald John Trump ထံကို မြန်မာ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။

ကန်အရွေးခံသမ္မတထံ မြန်မာသမ္မတ သဝဏ်လွှာပို့
ကန်အရွေးခံသမ္မတထံ မြန်မာသမ္မတ သဝဏ်လွှာပို့

ရွေးကောက်ခံ သမ္မတ Donald John Trump အနေနဲ့ အမေရိကန် သမ္မတ အဖြစ် တာဝန်ယူချိန် အတွင်း နှစ်နိုင်ငံ နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် မြန်မာနဲ့ အမေရိကန်ကြား တည်ရှိနေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်ခိုင်မာမာ ညီညီညွတ်ညွတ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ယုံကြည်ပါတယ်လို့ သမ္မတ ဦးထင်ကျော်က သဝဏ်လွှာ ပေးပို့တာပါ။

အမေရိကန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်စဉ် အတွင်းမှာလည်း ကြီးမြတ်တဲ့ အောင်မြင်မှုတွေ ရရှိပါစေကြောင်းလည်း ဆုမွန်တောင်းပါကြောင်း သမ္မတ ဦးထင်ကျော်က သဝဏ်လွှာမှာ ရေးသားပါတယ်။ အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံရတဲ့ အတွက် အထူးဘဲ ဂုဏ်ယူဝမ်းမြောက်ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့ပါတယ်။

ရွေးကောက်ခံ သမ္မတ Donald Trump အနေနဲ့ ကြီးမြတ်တဲ့ နိုင်ငံတော်ကို ဦးဆောင်တဲ့ အခါမှာ အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေရဲ့ တိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို မြှင့်တင်နိုင်ဖို့ ဆိုတဲ့ အမေရိကန် ပြည်သူတွေရဲ့ အားထားယုံကြည်မှု အပေါ်မှာလည်း စိတ်ချယုံကြည်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပို့ခဲ့တာပါ။ ဒါ့အပြင် မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြားရှိနေတဲ့ ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆက်လက် တိုးတက်စေဖို့ အတွက် အမေရိကန် သမ္မတသစ်နဲ့ အတူ လက်တွဲ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကန်အရွေးချယ်ခံ သမ္မတထံ မြန်မာသမ္မတ သဝဏ်လွှာပို့
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG