သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေးဒုက္ခရောက်သူတွေ မြန်မာတွေအတွက် ကာတာနိုင်ငံ အလှူ


(ဓါတ်ပုံ-Qatar Red Crescent)
(ဓါတ်ပုံ-Qatar Red Crescent)

မြန်မာနိုင်ငံတွင်းက ပြည်နယ်နဲ့ တိုင်း ၃ ခုတို့က ပဋိပက္ခဒဏ်ခံရသူတွေ၊ ချို့တဲ့သူတွေနဲ့ အလုပ်အကိုင် မရှိတဲ့ မိသားစုတွေ အတွက် ကာတာလခြမ်းနီ အသင်းက ရိက္ခာ ထောက်ပံ့ခဲ့ကြောင်း ကာတာအခြေစိုက် The Peninsula သတင်းက ဖော်ပြပါတယ်။ မူဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လ လှုဒါန်းမှု အစီအစဉ်နဲ့ ဒေါ်လာ ၇ သောင်းကျော် တန်ဖိုးရှိတဲ့ ရိက္ခာထုပ်တွေကို မိသားစုပေါင်း ၁၈၀၀ ကျော် လူပေါင်း ၁ သောင်း ၂ ထောင့် ၅ ရာကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ရှမ်းပြည်နယ် လားရှိုး၊ မန္တလေးတိုင်း မိတ္ထီလာနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တို့မှာ ရိက္ခာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေပေးတဲ့ ရိက္ခာထုပ်တွေထဲမှာတော့ ဆန်၊ ခေါက်ဆွဲခြောက်၊ ဆီ၊ ပဲ၊ အမဲသားစည်သွပ်ဗူး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သကြားနဲ့ နို့ဆီတို့ ပါဝင်ပါတယ်။ မြန်မာနိုင်ငံက ကာတာ လခြမ်းနီ အသင်းကနေ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကာတာ လခြမ်းနီ အသင်းက မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကတည်းက လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပြီး ပဋိပက္ခဒဏ်ခံရသူတွေနဲ့ သဘာဝဘေးဒဏ်ခံရသူတွေ အတွက် အမိုးအကာ၊ အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးအပ်နေတာ ဖြစ်ပါတယ်။

ဘေးဒုက္ခရောက်သူတွေ မြန်မာတွေအတွက် ကာတာနိုင်ငံ အလှူ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG