သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ လမ္းခ်ဲ႕ထြင္မယ့္ စီမံကိန္းအေပၚ ေဒသခံမြတ္ဆလင္ေတြစိုးရိမ္


In this photograph taken on September 7, 2016, minority Muslim Rohingya gather at the Thet Kae Pyin displacement camp in Sittwe after the Rakhine State has been effectively split on religious grounds between Buddhists and Muslims since bouts of communal v

Zawgyi

စစ္ေတြမွာ လမ္းခ်ဲ႕ထြင္မယ့္ စီမံကိန္းအေပၚ ေဒသခံမြတ္ဆလင္ေတြစိုးရိမ္

ရခိုင္ျပည္ေျမာက္ပိုင္း စစ္ေတြၿမိဳ႕နယ္အတြင္းက မြတ္ဆလင္ေတြေနထိုင္တဲ့ ေက်းရြာေတြမွာ လမ္းခ်ဲ႕ထြင္မယ္ဆိုၿပီး အာဏာပိုင္ေတြဖက္က မွတ္တိုင္ေတြ လာေရာက္စုိက္ ထူေနတာေတြေၾကာင့္ ေနအိမ္ေတြနဲ႔ ေစ်းဆို္င္ေတြ ဖယ္ရွားခံရမွာပို မြတ္ဆလင္ေဒသခံေတြက စိုးရိမ္ ေနၾကပါတယ္။ ေျမတိုင္းဦးစီးစာရင္းမွာရွိတဲ့ သတ္မွတ္လမ္းေနရာေတြအတုိင္း မွတ္တိုင္ေတြ လိုက္စုိက္တာျဖစ္တယ္လုိ႔ စစ္ေတြၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကေတာ့ ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္ကလာတဲ့ သတင္းကို -ကိုရဲမြန္ က တင္ျပေပးပါမယ္။

###

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ နယ္ထဲက သကၠယ္ျပင္ေက်းရြာအပါအဝင္ မြတ္ဆလင္ေက်း႐ြာတေလ ွ်ာက္ လမ္းတိုးခ်ဲ႕မယ္ဆိုၿပီးေတာ့ တာဝန္ရွိ သူေတြဖက္က အမွတ္အသားတိုင္ေတြ လာေရာက္ စိုက္ထူေနပါတယ္။ ဒါေၾကာင့္ လမ္းဧရိယာထဲ ပါဝင္ေနတဲ့ ေနအိမ္ေတြနဲ႔ ေစ်းဆိုင္ေတြ ဖယ္ရွားခံရမွာကို ေဒသခံေတြ စိုးေနရိမ္ၾကပါတယ္။ လက္ရွိမွာေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြဖက္က ေနအိမ္ေတြကို ဖယ္ရွားေပးရမယ္လို႔ တရားဝင္ေျပာဆိုထားတာ မရွိေသးပါဘူး။

မြတ္ဆလင္႐ြာေတြမ်ားတဲ့ လမ္းတေလ ွ်ာက္ ခုလိုလုပ္တာနဲ႔ပါတ္သက္လို႔နဂိုေျမစာရင္းေျမပံုမွာ ေဖာ္ျပထားတဲ့လမ္းအတိုင္း အမွတ္အသားေတြ လိုက္စုိက္ေနတာသာျဖစ္တယ္လို႔စစ္ေတြၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လြင္ကေတာ့ ဗီအိုေအကို ေျပာပါတယ္။ လမ္းဧရိယာအတြင္းမွာ က်ဴးေက်ာ္ေနထိုင္သူေတြကုိ စာရင္းေကာက္ယူၿပီး ျပည္နယ္အစိုးရကို တင္ျပမွာ ျဖစ္တယ္လို႔ခုလိုေျပာပါတယ္။

"လမ္းေတြက တိုးခ်ဲ႕တာ မဟုတ္ဘူးဗ်၊ စစ္ေတြကေန ပလႅင္ျပင္အထိ စုစုေပါင္း ၁၀ မိုင္ေလာက္ရွိမွာေပါ့ေလ၊ အဲတာကို က်ေနာ္တို႔က လမ္းမွတ္တိုင္ေတြ လိုက္စိုက္တာ၊အရင္အတည္းက ရွိၿပီးသား လမ္းအက်ယ္ေတြက သူ႔ ေျမစာရင္း ေျမပံုမွာ ရွိၿပီးသား အဲဒီေျမစာရင္း ေျမပံုမွာ ရွိတဲ့ လမ္းအတိုင္းကို မွတ္တိုင္ေတြ လိုက္စိုက္တာ။ လမ္းနယ္ထဲမွာ သူတို႔က က်ဴးေနတဲ့ သေဘာေတြ ေတြ႕ရတာေပါ့။ အဲဒီက်ဴးစာရင္းေတြကို က်ေနာ္တို႔က စာရင္းေကာက္ၿပီးေတာ့ ျပည္နယ္ အစုိးရ အဖြဲ႔ကိုပဲ တင္ေပးမွာပါ။ က်န္တဲ့ အပိုင္းေတြကေတာ့ ျပည္နယ္အစိုးရရဲ႕ ညြန္ၾကားမွု အတိုင္းပဲေပါ့ေနာ္။ "

စစ္ေတြ-ပလႅင္ျပင္ အထိ ၁၀ မိုင္ေလာက္႐ွိတဲ့ လမ္းတေလ ွ်ာက္ မြတ္ဆလင္ေတြ အမ်ားဆံုးေနထိုင္တဲ့ လက္မေခ် ၊ေဂါေလာ္ဒီ၊ ဒါးပိုင္၊ မွန္စီနဲ႔ သကၠယ္ျပင္စတဲ့ ေက်းရြာေတြ ရွိပါတယ္။ အာဏာပို္င္ေတြရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ ပတ္သတ္ၿပီး သေကၠျ့ပင္ေဒသခံတစ္ဦးျဖစ္တဲ့ ဦးေမာင္ ေလးက လမ္းခ်ဲ႕တာ ေကာင္းေပမယ့္ ေနအိမ္ေတြ ဖ်က္ခံရမွာကိုေတာ့ စိုးရိမ္ေနပါတယ္။

“ လမ္းလုပ္တာက အင္မတန္ ေကာင္းတဲ့ အလုပ္ပါ။ လမ္းကေတာ့အေရးႀကီးပါတယ္။ လမ္း အေရးႀကီးတာထက္ က်ေနာ္တို႔ အခု ဒုကၡေရာက္ေတာ့မယ္ ဒါက ပိုလို႔ အေရးႀကီး ပါတယ္။ အခုကပါသြားရင္ အိမ္ေတြလည္း ဖ်က္ေပးရမယ္ ဆိုေတာ့ စားဝတ္ေနေရး အခက္ အခဲအခု မိသားစု အခက္အခဲျဖစ္ႏိုင္တယ္။ ပစၥည္းဆံုးရွုံးသြားႏိုင္တယ္။ ဒုကၡေရာက္မွာကို က်ေနာ္တို႔က အရမ္းစိုးရိမ္ပါတယ္။”

ဒါးပိုင္မြတ္ဆလင္ေက်းရြာမွာလည္း တာဝန္ရွိ္သူေတြဖက္က လမ္းမွတ္တိုင္ေတြ လာေရာက္စိုက္ေနတာေတြရွိၿပီး အဲဒီအထဲမွာ ေနအိမ္ေတြနဲ႔ ေစ်းေတြလည္း ပါဝင္ေနတယ္လို႔ ဒါးပိုင္ေက်းရြာ ေဒသခံတစ္ဦးက ေျပာပါတယ္။ လမ္းတဖက္တခ်က္ ေပ ၅၀ အထိ လမ္းဧရိယာဆိုၿပီး တိုင္ေတြစိုက္ထားတဲ့အတြက္ အိမ္ေတြ ဆိုင္ေတြ ဖ်က္ေပးရမွာကို စိုးရိမ္ေနၾကတာပါ။

“ အဲဒီစကားေတာ့ မေျပာဘူး သူတို႔ အိမ္ေဘးမွာ တိုက္စိုက္ၿပီးေတာ့ သြားေနတာေပါ့။ တစ္အိမ္ပါတယ္ နွစ္အိမ္ပါတယ္။ ေပ ၄၆ ေပဆိုေတာ့ အိမ္ေတြ ပါသြားတယ္။ အိမ္ေတြကို ေက်ာ္ၿပီးမွ သူတို႔ တိုင္စိုက္တာ ပါသြားတယ္။ သဲေခ်ာင္းေစ်းလည္းပါတယ္။ ဒါးပို္င္ေစ်းလည္းပါသြားတယ္။ ေစ်းပါသြားလို႔ေျပာတာမဟုတ္ဘူး အိမ္ပါသြားလို႔ က်ေနာ္တို႔ စိုးရိမ္ေနတာပါ။”

အခုလို လမ္းဧရိယာသတ္မွတ္တဲ့ တုိင္ေတြ လိုက္စိုက္ထူေနေပမဲ့ ဘယ္ေတာ့ လမ္းကို တိုးခ်ဲ႕ျပင္မွာလဲဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒီလိုလုပ္ေဆာင္ေနတာေတြကို ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ေကာင္စီေျပာခြင့္ရ ဦးလွသိန္းကို ေမးျမန္းဖို႔ ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖ ဆိုခဲ့ျခင္းမရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

##

Unicodeစစ်တွေမှာ လမ်းချဲ့ထွင်မယ့် စီမံကိန်းအပေါ် ဒေသခံမွတ်ဆလင်တွေစိုးရိမ်

ရခိုင်ပြည်မြောက်ပိုင်း စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တွေနေထိုင်တဲ့ ကျေးရွာတွေမှာ လမ်းချဲ့ထွင်မယ်ဆိုပြီး အာဏာပိုင်တွေဖက်က မှတ်တိုင်တွေ လာရောက်စိုက် ထူနေတာတွေကြောင့် နေအိမ်တွေနဲ့ ဈေးဆိုင်တွေ ဖယ်ရှားခံရမှာပို မွတ်ဆလင်ဒေသခံတွေက စိုးရိမ် နေကြပါတယ်။ မြေတိုင်းဦးစီးစာရင်းမှာရှိတဲ့ သတ်မှတ်လမ်းနေရာတွေအတိုင်း မှတ်တိုင်တွေ လိုက်စိုက်တာဖြစ်တယ်လို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို -ကိုရဲမွန် က တင်ပြပေးပါမယ်။

###

ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်ထဲက သက္ကယ်ပြင်ကျေးရွာအပါအဝင် မွတ်ဆလင်ကျေးရွာတလေ ျှာက် လမ်းတိုးချဲ့မယ်ဆိုပြီးတော့ တာဝန်ရှိ သူတွေဖက်က အမှတ်အသားတိုင်တွေ လာရောက် စိုက်ထူနေပါတယ်။ ဒါကြောင့် လမ်းဧရိယာထဲ ပါဝင်နေတဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်တွေ ဖယ်ရှားခံရမှာကို ဒေသခံတွေ စိုးနေရိမ်ကြပါတယ်။ လက်ရှိမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေဖက်က နေအိမ်တွေကို ဖယ်ရှားပေးရမယ်လို့ တရားဝင်ပြောဆိုထားတာ မရှိသေးပါဘူး။

မွတ်ဆလင်ရွာတွေများတဲ့ လမ်းတလေ ျှာက် ခုလိုလုပ်တာနဲ့ပါတ်သက်လို့နဂိုမြေစာရင်းမြေပုံမှာ ဖော်ပြထားတဲ့လမ်းအတိုင်း အမှတ်အသားတွေ လိုက်စိုက်နေတာသာဖြစ်တယ်လို့စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကတော့ ဗီအိုအေကို ပြောပါတယ်။ လမ်းဧရိယာအတွင်းမှာ ကျူးကျော်နေထိုင်သူတွေကို စာရင်းကောက်ယူပြီး ပြည်နယ်အစိုးရကို တင်ပြမှာ ဖြစ်တယ်လို့ခုလိုပြောပါတယ်။

"လမ်းတွေက တိုးချဲ့တာ မဟုတ်ဘူးဗျ၊ စစ်တွေကနေ ပလ္လင်ပြင်အထိ စုစုပေါင်း ၁၀ မိုင်လောက်ရှိမှာပေါ့လေ၊ အဲတာကို ကျနော်တို့က လမ်းမှတ်တိုင်တွေ လိုက်စိုက်တာ၊အရင်အတည်းက ရှိပြီးသား လမ်းအကျယ်တွေက သူ့ မြေစာရင်း မြေပုံမှာ ရှိပြီးသား အဲဒီမြေစာရင်း မြေပုံမှာ ရှိတဲ့ လမ်းအတိုင်းကို မှတ်တိုင်တွေ လိုက်စိုက်တာ။ လမ်းနယ်ထဲမှာ သူတို့က ကျူးနေတဲ့ သဘောတွေ တွေ့ရတာပေါ့။ အဲဒီကျူးစာရင်းတွေကို ကျနော်တို့က စာရင်းကောက်ပြီးတော့ ပြည်နယ် အစိုးရ အဖွဲ့ကိုပဲ တင်ပေးမှာပါ။ ကျန်တဲ့ အပိုင်းတွေကတော့ ပြည်နယ်အစိုးရရဲ့ ညွန်ကြားမှု အတိုင်းပဲပေါ့နော်။ "

စစ်တွေ-ပလ္လင်ပြင် အထိ ၁၀ မိုင်လောက်ရှိတဲ့ လမ်းတလေ ျှာက် မွတ်ဆလင်တွေ အများဆုံးနေထိုင်တဲ့ လက်မချေ ၊ဂေါလော်ဒီ၊ ဒါးပိုင်၊ မှန်စီနဲ့ သက္ကယ်ပြင်စတဲ့ ကျေးရွာတွေ ရှိပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သတ်ပြီး သက္ကေြ့ပင်ဒေသခံတစ်ဦးဖြစ်တဲ့ ဦးမောင် လေးက လမ်းချဲ့တာ ကောင်းပေမယ့် နေအိမ်တွေ ဖျက်ခံရမှာကိုတော့ စိုးရိမ်နေပါတယ်။

“ လမ်းလုပ်တာက အင်မတန် ကောင်းတဲ့ အလုပ်ပါ။ လမ်းကတော့အရေးကြီးပါတယ်။ လမ်း အရေးကြီးတာထက် ကျနော်တို့ အခု ဒုက္ခရောက်တော့မယ် ဒါက ပိုလို့ အရေးကြီး ပါတယ်။ အခုကပါသွားရင် အိမ်တွေလည်း ဖျက်ပေးရမယ် ဆိုတော့ စားဝတ်နေရေး အခက် အခဲအခု မိသားစု အခက်အခဲဖြစ်နိုင်တယ်။ ပစ္စည်းဆုံးရှုံးသွားနိုင်တယ်။ ဒုက္ခရောက်မှာကို ကျနော်တို့က အရမ်းစိုးရိမ်ပါတယ်။”

ဒါးပိုင်မွတ်ဆလင်ကျေးရွာမှာလည်း တာဝန်ရှိသူတွေဖက်က လမ်းမှတ်တိုင်တွေ လာရောက်စိုက်နေတာတွေရှိပြီး အဲဒီအထဲမှာ နေအိမ်တွေနဲ့ ဈေးတွေလည်း ပါဝင်နေတယ်လို့ ဒါးပိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ လမ်းတဖက်တချက် ပေ ၅၀ အထိ လမ်းဧရိယာဆိုပြီး တိုင်တွေစိုက်ထားတဲ့အတွက် အိမ်တွေ ဆိုင်တွေ ဖျက်ပေးရမှာကို စိုးရိမ်နေကြတာပါ။

“ အဲဒီစကားတော့ မပြောဘူး သူတို့ အိမ်ဘေးမှာ တိုက်စိုက်ပြီးတော့ သွားနေတာပေါ့။ တစ်အိမ်ပါတယ် နှစ်အိမ်ပါတယ်။ ပေ ၄၆ ပေဆိုတော့ အိမ်တွေ ပါသွားတယ်။ အိမ်တွေကို ကျော်ပြီးမှ သူတို့ တိုင်စိုက်တာ ပါသွားတယ်။ သဲချောင်းဈေးလည်းပါတယ်။ ဒါးပိုင်ဈေးလည်းပါသွားတယ်။ ဈေးပါသွားလို့ပြောတာမဟုတ်ဘူး အိမ်ပါသွားလို့ ကျနော်တို့ စိုးရိမ်နေတာပါ။”

အခုလို လမ်းဧရိယာသတ်မှတ်တဲ့ တိုင်တွေ လိုက်စိုက်ထူနေပေမဲ့ ဘယ်တော့ လမ်းကို တိုးချဲ့ပြင်မှာလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလိုလုပ်ဆောင်နေတာတွေကို မေးမြန်းဖို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို မေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေ ဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG