သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာအိုနိုင်ငံ အာဆီယံကာကွယ်ရေးဝန်ကြီး အစည်းအဝေး မြန်မာကိုယ်စားလှယ်တက်ရောက်


ယခင်မှတ်တမ်းရုပ်ပုံ | အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွင်း ကာကွယ်ရေးဝန်ကြီးများကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွင်း ကာကွယ်ရေးဝန်ကြီးများကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို မြန်မာကိုယ်စားလှယ် တက်ရောက်နေပါတယ်။ Luang Prabang မြို့မှာ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ကျင်းပနေတဲ့ အစည်းအဝေးကို စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း တက်ရောက်နေတာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေ တက်ခွင့်မပေးဘဲ နိုင်ငံရေးအရ ကိုယ်စားပြုသူ မဟုတ်သူကိုသာ တက်ရောက်ခွင့် ပြုထားတာ ဖြစ်ပါတယ်။ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ စစ်ကောင်စီက အစောပိုင်းမှာ အစည်းအဝေးတွေကို ကိုယ်စားလှယ်လွှတ်ဖို့ ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စေလွှတ်ခဲ့တာပါ။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက တာဝန်ယူခဲ့ပြီးနောက် စစ်ကောင်စီက အစည်းအဝေးကို ကိုယ်စားလှယ် စေလွှတ်တာ ဒါဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

Luang Prabang မြို့မှာပဲ ဇန်နဝါရီလနှောင်းပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက် တက်ရောက်ခဲ့တာပါ။

ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang ကတော့ ဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် တက်ရောက်တာဟာ မြန်မာပြည်သူတွေနဲ့ သက်ဆိုင်သူအားလုံးအတွက် အကျိုးရှိနိုင်ကြောင်း ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနကို ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တယ်ဆိုပြီး အဖွဲ့ဝင်နိုင်ငံတချို့နဲ့ နိုင်ငံတကာကတော့ စစ်ကောင်စီကို ဝေဖန်နေတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ-ဩစတေးလျ အစည်းအဝေးတွေမှာတော့ မြန်မာကိုယ်စားလှယ်တက်ရောက်နေတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG